• Follow Us on
Latest News

Home အုပ္ခ်ဳပ္ေရးမႉးသားျဖစ္သူကို RCSS/SSA ရွမ္းလက္နက္ကိုင္အဖြဲ႕မွ ေခၚေဆာင္၊ သက္ ဆိုင္ရာကို တိုင္ၾကားလွ်င္ ျပင္းထန္စြာ ေဆာင္႐ြက္မည္ဟု သတိေပး

အုပ္ခ်ဳပ္ေရးမႉးသားျဖစ္သူကို RCSS/SSA ရွမ္းလက္နက္ကိုင္အဖြဲ႕မွ ေခၚေဆာင္၊ သက္ ဆိုင္ရာကို တိုင္ၾကားလွ်င္ ျပင္းထန္စြာ ေဆာင္႐ြက္မည္ဟု သတိေပး

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁၄

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ ပန္ဟတ္ေက်း႐ြာ၊ တန္ခြန္တိုင္အုပ္စုရွိ အုပ္ ခ်ဳပ္ေရးမႉး၏ သားျဖစ္သူကို RCSS/SSA(ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ရွမ္းျပည္တပ္မေတာ္)မွ ေခၚေဆာင္သြားၿပီး သက္ဆိုင္ရာကို တိုင္ၾကားလွ်င္ ျပင္းထန္စြာ ေဆာင္႐ြက္မည္ဟု သတိေပးေျပာဆိုခဲ့ေၾကာင္း ေက်း႐ြာတာဝန္ခံမ်ားကဆိုသည္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး၏ သားျဖစ္သူ စိုင္းေဇာ္လင္း(ခ)စိုင္းဟြမ္ ျဖစ္သူကို RCSS/SSAအဖြဲ႕မွ ေအာက္တိုဘာ ၁၃ ရက္ေန႕ ည (၈း၄၅)မီနစ္ခန႔္၌ ၎၏ ေနအိမ္၌ အၾကမ္းဖက္၍ ေခၚေဆာင္သြားခဲ့သည္။

“တပ္နဲ႕ရဲတပ္ဖြဲ႕ကို တိုင္ၾကားရင္ ျပင္းထန္စြာ ေဆာင္႐ြက္မယ္လို႔ သတိေပးသြားတယ္။ ကိုစိုင္းေဇာ္လင္းကို RCSSအဖြဲ႕က လက္နက္အပါအဝင္ ၅ ေယာက္ခန႔္က လာေခၚသြား တာ။ဘာေၾကာင့္လဲဆိုတာ မသိရဘူး။အိမ္ထဲထိ ေနအိမ္အေဆာက္အဦးေတြကို ဖ်က္ဆီး သြားတယ္။လက္နက္ကိုင္ေနၾကတာ ေဒသခံေတြကို အနိုင္က်င့္ဖို႔ျဖစ္ေနၿပီ”ဟု ေက်း႐ြာ တာဝန္ခံကဆိုသည္။

RCSS/SSA အဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ စိုင္းေဇာ္လင္း(ခ)စိုင္းဟြမ္သည္ အသက္(၂၅)ႏွစ္ခန႔္ရွိၿပီး သမီးတစ္ေယာက္ရွိေသာ ဖခင္ျဖစ္သည္။

“သူ႕သမီးက ၆ လ သားပဲရွိေသးတယ္။အခု ဘယ္မွ ဆက္သြယ္လို႔မရဘူး”ဟု ေက်း႐ြာ တာဝန္ခံကဆိုသည္။

အဆိုပါ ျဖစ္စဥ္အေပၚ People Media မွ RCSS/SSA အဖြဲ႕ထံ ဆက္သြယ္ေမးျမန္းရန္ ႀကိဳးစားလွ်က္ရွိသည္။

[Unicode]
အုပ်ချုပ်ရေးမှူးသားဖြစ်သူကို RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့မှ ခေါ်ဆောင်၊သက်ဆိုင်ရာကို တိုင်ကြားလျှင် ပြင်းထန်စွာ ဆောင်ရွက်မည်ဟု သတိပေး

ရန်ကုန်၊အောက်တိုဘာ-၁၄

ရှမ်းပြည်နယ်၊မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ပန်ဟတ်ကျေးရွာ၊တန်ခွန်တိုင်အုပ်စုရှိ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူကို RCSS/SSA(ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်)မှ ခေါ်ဆောင်သွားပြီး သက်ဆိုင်ရာကို တိုင်ကြားလျှင် ပြင်ထန်စွာ ဆောင်ရွက်မည်ဟု သတိပေးပြောဆိုခဲ့ကြောင်း ကျေးရွာတာဝန်ခံများက ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ စိုင်းဇော်လင်း(ခ)စိုင်းဟွမ် ဖြစ်သူကို RCSS/SSAအဖွဲ့မှ အောက်တိုဘာ ၁၃ ရက်နေ့ ည (၈း၄၅)မီနစ်ခန့်၌ ၎င်း၏ နေအိမ်၌ အကြမ်းဖက်၍ ခေါ်ဆောင်သွားခဲ့သည်။

“တပ်နဲ့ရဲတပ်ဖွဲ့ကို တိုင်ကြားရင် ပြင်းထန်စွာ ဆောင်ရွက်မယ်လို့ သတိပေးသွားတယ်။ကိုစိုင်းဇော်လင်းကို RCSSအဖွဲ့က လက်နက်အပါအဝင် ၅ ယောက်ခန့်က လာခေါ်သွားတာ။ဘာကြောင့်လဲဆိုတာ မသိရဘူး။အိမ်ထဲထိ နေအိမ်အဆောက်အဦးတွေကို ဖျက်ဆီးသွားတယ်။လက်နက်ကိုင်နေကြတာ ဒေသခံတွေကို အနိုင်ကျင့်ဖို့ဖြစ်နေပြီ”ဟု ကျေးရွာတာဝန်ခံကဆိုသည်။

RCSS/SSA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် စိုင်းဇော်လင်း(ခ)စိုင်းဟွမ်သည် အသက်(၂၅)နှစ်ခန့်ရှိပြီး သမီးတစ်ယောက်ရှိသော ဖခင်ဖြစ်သည်။

“သူ့သမီးက ၆ လ သားပဲရှိသေးတယ်။အခု ဘယ်မှ ဆက်သွယ်လို့မရဘူး”ဟု ကျေးရွာတာဝန်ခံကဆိုသည်။

အဆိုပါ ဖြစ်စဉ်အပေါ် People Media မှ RCSS/SSA အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားလျှက်ရှိသည်။

#People Media# #RCSS/SSA#

Photo-ဖမ္းဆီးေခၚေဆာင္ျခင္းခံရသည့္ စုိင္းေဇာ္လင္း


Share this post