• Follow Us on

Home အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေသည့် ရေစကြိုမြို့နယ်၌ တစ်ပတ်အတွင်း ရဲကင်းစခန်း ၂ စခန်း တိုက်ခိုက်ခံ ရပြီး မီးရှို့ခံခဲ့ရ

အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေသည့် ရေစကြိုမြို့နယ်၌ တစ်ပတ်အတွင်း ရဲကင်းစခန်း ၂ စခန်း တိုက်ခိုက်ခံ ရပြီး မီးရှို့ခံခဲ့ရ

Share this post

မကွေး၊ နိုဝင်ဘာ ၁၉ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ ရပ်ကျေး အုပ်ချုပ်ရေးယန္တရား ပျက်ပြားခဲ့ပြီးနောက် တစ်ပတ်အတွင်း ရဲကင်းစခန်း ၂ စခန်းကို ဒေသခံ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီရှို့ ဖျက်ဆီးခဲ့ပါတယ်။

 

ရေစကြိုမြို့နယ်သည် န-မ-ခ အခြေစိုက်ရာ မုံရွာမြို့နယ် ကပ်လျက်ရှိသလို မြို့အဝင်ဝ၌ ခမရ ၂၅၆/၂၅၇/၂၅၈ အခြေစိုက်ရာ မြို့နယ်တစ်ခုဖြစ်ပါတယ်။

 

ထို့အတူ ပြီးခဲ့သည့်ကာလက ရေစကြိုမြို့နယ်၌ တပ်မတော်ထောက်ခံသည့် သားအမိနှစ်ဦး ဓါးဖြင့် ခုတ်သတ်ခံ ရပြီးနောက် သမီးဖြစ်သူသည် နေရာ၌ ပွဲချင်းပြီ်း သေဆုံးခဲ့သလို မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်မတော်သတင်းပေးဟု ယူဆခံရသူများ လျှပ်စစ်ဝန်ထမ်းများသည် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော်လည်း ဒေသခံလုံခြုံရေးအဖွဲ့များသည် ကျူးလွန်သူကို ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံအချို့ ၏ ပြောဆိုချက်အရ သိရပါတယ်။

 

အလားတူ ရေစကြိုမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှ နုတ်ထွက်ခြင်း မရှိလျှင် ၎င်းတို့၏ အသက်နှင့် မိသားစုဝင်များ၏ ဘဝများကို တာဝန်မယူနိုင်ကြောင်း ဒေသခံ PDF အဖွဲ့များ၏ ထုတ်ပြန်ချက် ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှ နုတ်ထွက်ခဲ့ကြရပါတယ်။

 

“ရေစကြိုမှာက မြို့ပေါ်ရော ရပ်ကွက်ရော အုပ်ကြီးတွေ မရှိတော့ဘူး။ အုပ်ချုပ်ရေးယန္တရား ပျက်သွားပြီ။ ရှင်းရှင်းပြောရရင် အခု ကျောင်းတွေ ပြန်ဖွင့်နေပြီ။ ဆရာ/ဆရာမတွေ အဖြူအစိမ်းဝတ်ပြီး စာမသင်ရဲဘူး။ အဲ့ဒါလက်တွေ့ပါ” လို့ ရေစကြိုမြို့ခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ရေစကြိုနှင့် အနီးဆုံးရှိသည့် ပခန်းငယ် ရဲကင်းစခန်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က ဒေသခံ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းရှိ လက်နက်များကို ယူဆောင်ခဲ့သလို စခန်းကို လည်း မီးရှို့ခဲ့ပါတယ်။

 

ထို့နောက် နိုဝင်ဘာ ၁၈ ရက်နေ့၌ ရေစကြိုမြို့၊ ပခန်းငယ် ရဲကင်းစခန်းကို ဒေသခံ PDF ပူးပေါင်းအဖွဲ့က ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲကင်းစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

 

“ရေစကြိုမြို့ဆိုတာ ချင်းတွင်းမြစ်ကို အားပြုရတဲ့ဒေသပါ။ အခု ရဲကင်းစခန်းတွေ နှစ်ကြိမ်တိတိ အတိုက်ခံရပြီး မီးရှို့ခံရတယ်။ PDF တွေ လာတိုက်တဲ့လမ်းကြောင်းက ချင်းတွင်းမြစ်ကို ထွက်ပေါက်ထားပြီး လာတိုက်တာ။ အဲ့တော့ နောက်ထပ် ချင်းတွင်းမြစ်နားမှာရှိတဲ့ ရဲကင်းစခန်းတွေ ထပ်မံတိုက်ခိုက်လာနိုင်တယ်လို့” ဒေသခံ တစ်ဦးက ပြောပါတယ်။

 

#PeopleMedia #ရေစကြိုမြို့ #ရပ်ကျေးမရှိသောမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 


 



Share this post