• Follow Us on

Home အုပ်ချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်များ၌ ခရိုင်ပေါင်း ၄၂ ခရိုင် တိုးချဲ့ဖွဲ့စည်းရန် ပြည်ထဲရေးဝန်ကြီးဌာန စီစဉ်နေ

အုပ်ချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်များ၌ ခရိုင်ပေါင်း ၄၂ ခရိုင် တိုးချဲ့ဖွဲ့စည်းရန် ပြည်ထဲရေးဝန်ကြီးဌာန စီစဉ်နေ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၀ (People Media)

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ခရိုင်ပေါင်း ၄၂ ခရိုင် တိုးချဲ့ဖွဲ့စည်းရန် ပြည်ထဲရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံအသစ်တိုးချဲ့သည့် ခရိုင်များသည် တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ ဗိုလ်တ ထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ တွံ့တေးခရိုင်၊ ကျောက်တံတားခရိုင်၊ မရမ်းကုန်းခရိုင်၊ ကမာရွက်ခရိုင်၊ ကလော ခရိုင်၊ နမ့်စန်းခရိုင်၊ မိုင်းရှူးခရိုင်၊ တန့်ယန်းခရိုင်၊ မိုင်းလားခရိုင်၊ မိုင်းတုံခရိုင်၊ မိုင်းယောင်ခရိုင်၊ ညောင်လေးပင် ခရိုင်၊ နတ်တလင်းခရိုင်၊ ချောက်ခရိုင်၊ အောင်လံခရိုင်၊ ရေးခရိုင်၊ ကျိုက်ထိုခရိုင်၊ အမ်းခရိုင်၊ တောင်ကုတ်ခရိုင်၊ တနိုင်းခရိုင်၊ ဒီးမော့ဆိုးခရိုင်၊ မယ်စဲ့ခရိုင်၊ အမရပူရခရိုင်၊ အောင်မြေသာစံမြို့နယ်ခရိုင်၊ သပိတ်ကျင်းခရိုင်၊ တံ တားဦးခရိုင်၊ သံတောင်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ တီးတိန်ခရိုင်၊ ပလက်ဝခရိုင်၊ ရေဦးခရိုင်၊ ဘုတ်ပြင်း ခရိုင်၊ ကျုံပျော်ခရိုင်၊ မြန်အောင်ခရိုင်၊ ပျဉ်းမနားခရိုင်၊ ဇေယျာသီရိခရိုင်တို့ဖြစ်သည်။

 

“ခရိုင်တွေ တိုးချဲ့ ဖွဲ့စည်းလိုက်တော့ တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ပါ တယ်” လို့ ရဲအရာရှိ(ငြိမ်း)တစ်ဦးက ပြောသည်။

 

အလားတူ ထိုကဲ့သို့ ခရိုင်များ တိုးချဲ့ဖွဲ့စည်းရန် ပြင်ဆင်မှုသည့် လာမည့်ရွေးကောက်ပွဲ၌ PR စနစ် ကျင့်သုံးရန် မဲဆန္ဒနယ်မြေ ခွဲဝေမှုများနှင့်လည်း ဆက်စပ်မှုရှိနေကြောင်း နိုင်ငံရေးပါတီအချို့က ပြောသည်။

 

“ဒီလိုခရိုင်တွေ ဖွဲ့စည်းတာက ရွေးကောက်ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေးချက်အရ ထွက်တာပါ။ PR စနစ်အရ မဲဆန္ဒနယ်ကို ခွဲတဲ့အခါမှာ မြို့နယ်ပေါ်ကို အခြေမတည်ပဲနဲ့ ခရိုင်အပေါ်မူတည်သွားမှာဖြစ်ပါတယ်” ဟု လို့ နိုင်ငံရေးပါတီဝင် ခေါင်းဆောင်ပိုင်းတစ်ဦးက ပြောသည်။

 

အလားတူ လာမည့်ရွေးကောက်ပွဲ၌ PR စနစ် ကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင်က တရားဝင် ပြောဆိုထား ပြီးဖြစ်သလို န-စ-က၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၌ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံ တော်တာဝန် ပြန်လည်လွဲအပ်ပေးမယ်လို့ ဖော်ပြထားသည်။

 

#PeopleMedia #UEC

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 

#PeopleMedia #UEC


Share this post