• Follow Us on

Home အုပ်စုတွင်းပစ်ခတ်မှုကြောင့် တာလီဘန်အဖွဲ့ပူးတွဲတည်ထောင်သူ မူလာအဗ္ဗဒူဂါနီဘရာဒါ ဒဏ်ရာရ

အုပ်စုတွင်းပစ်ခတ်မှုကြောင့် တာလီဘန်အဖွဲ့ပူးတွဲတည်ထောင်သူ မူလာအဗ္ဗဒူဂါနီဘရာဒါ ဒဏ်ရာရ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆ (People Media)

 

တာလီဘန်များနှင့် ဟက်ခါးနီကွန်ရက်အုပ်စုများကြားဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် တာလီဘန်အဖွဲ့ ပူးတွဲတည် ထောင်သူ မူလာအဗ္ဗဒူဂါနီဘရာဒါ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဘရာဒါဒဏ်ရာရရှိခဲ့သည့်သတင်းကြောင့် ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ် ကြီး ဖာ့ဇ်ဟမီးသည် တာလီဘန်နှင့် ဟက်ခါးနီကွန်ရက်အုပ်စုကြား ဆက်ဆံရေးမပြေလည်မှုများ အဆင်ပြေ ချောမွေ့စေရေး ညှိနှိုင်းပေးရန်အတွက် ကဘူးမြို့သို့ရောက်ရှိလာခဲ့သည်။

 

“မစိုးရိမ်ပါနဲ့။ အားလုံးပြေလည်သွားမှာပါ။ ကျွန်တော်အခုမှရောက်တာပါ။ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေးအတွက် ကျွန်တော်တို့အလုပ်လုပ်နေပါတယ်။” ဟု ဖာ့ဇ်ဟမီးကပြောသည်။

 

အစိုးရသစ်အဖွဲ့တွင် ဟီဘာတူလာ အက်ဟန်းဇာဒါ ခေါင်းဆောင်ဖြစ်လာသည်ကို သဘောမကျသော ဟက်ခါးနီ ကွန်ရက်အုပ်စုကဲ့သို့ အုပ်စုဂိုဏ်းကွဲမှုများကြောင့် တာလီဘန်အဖွဲ့အတွင်း ပဋိပက္ခများမြင့်တက်လျက်ရှိသည်။

 

ဘရာဒါနှင့် အေနက်စ်ဟက်ခါးနီတို့ကြားမှ အာဏာအားပြိုင်မှုများကြောင့် အစိုးရသစ်ဖွဲ့စည်းရန် ဆောင်ရွက်နေ သည့် တာလီဘန်တို့၏အစီအစဉ်မှာ ယခုတိုင်နှောင့်နှေးကြန့်ကြာလျက်ရှိသည်။ မူလကစီစဉ်ထားသည်မှာ စက် တင်ဘာ ၃ ရက်နေ့မတိုင်မီအစိုးရသစ်ဖွဲ့စည်းရန်ဖြစ်သည်။

 

တာလီဘန်များ၏ လုပ်ငန်းဆောင်ရွက်မှုအား ပါကစ္စတန်မှလူသိရှင်ကြားဝင်ရောက်စွက်ဖက်မှုမှာ အခြားနိုင်ငံ များက အံ့သြလျက်ရှိကြောင်း၊ တာလီဘန်များကို ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့က အသေးစိတ်လွှမ်းမိုးချုပ် ကိုင်နေကြောင်း အာဖဂန်ဒုတိယသမ္မတဟောင်းအေမူလာဆာလက်ရှ်က  Daily Mail တွင်ရေး သားခဲ့သည်။

 

“တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က အချိန်တိုင်းလိုလို ပါကစ္စတန်သံရုံးကနေ ညွှန်ကြားချက်တွေ လက်ခံရရှိနေပါ တယ်။” ဟု ဆာလက်ရှ်ကပြောသည်။

 

ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲဖာ့ဇ်ဟမီး၏ခရီးစဉ်ကို ပါကစ္စတန်-အာဖဂန်နစ္စတန် လုံခြုံရေး၊ စီး ပွားရေးနှင့် အခြားအကြောင်းအရာများအတွက် ဆွေးနွေးရန်သွားရောက်သောခရီးစဉ်အဖြစ် ပါကစ္စတန်သတင်း စာများကရေးသားကြသည်။

 

Ref: Infighting breaks out within Taliban; co-founder Mullah Baradar hurt in clash with Haqqani

 

#PeopleMedia #တာလီဘန်

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Infighting breaks out within Taliban; co-founder Mullah Baradar hurt in clash with Haqqani

 



Share this post