• Follow Us on

Home အုပ်စုဖွဲ့လောင်းကစားလုပ်သည့်မြန်မာနိုင်ငံသားများကို ထိုင်းရဲဖမ်းဆီး

အုပ်စုဖွဲ့လောင်းကစားလုပ်သည့်မြန်မာနိုင်ငံသားများကို ထိုင်းရဲဖမ်းဆီး

Share this post

ဆာမွတ်ပရာခန်း၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူစုလူဝေးပြုလုပ်ခွင့်ပိတ်ပင်ထားသည့် ဒေသန္တရအမိန့်ကို ချိုးဖောက်သည်ဟု ဆိုကာ မြန်မာနိုင်ငံသား ၁၂ ယောက်ကိုဖမ်းဆီးခဲ့ကြောင်း ဆာမွန်ပရာခန်းခရိုင်ရှိ ဘန်ဖီရဲစခန်းက တနင်္ဂနွေနေ့ ညတွင်ပြောသည်။
ည ၁၁ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ဘန်ဖီရဲစခန်းတို့၏ပူးပေါင်းလှည့်ကင်းက တိုက်ခန်းတွဲတခုမှ တိုက်တ တိုက်ကို သတင်းအရရှာဖွေခဲ့သည်။
အဆောက်အဦတဖက်တွင် လောင်းကစားလုပ်နေသည့် အမျိုးသား ၉ ယောက်နှင့် အမျိုးသမီး ၃ ယောက်ကို ထိန်းသိမ်းခဲ့ပြီး လောင်းကစားပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပူးပေါင်းအဖွဲ့ကပြောသည်။
ဖမ်းဆီးမှုသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်ရန် အရေးပေါ်အမိန့်အရ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည့် လူစုလူဝေးလုပ်ဆောင်မှုပိတ်ပင်ခြင်းဆန့်ကျင်မှုဆိုင်ရာစည်းရုံးလှုံ့ဆော်မှု၏ တစိတ်တပိုင်းဖြစ်ကြောင်း ပူးပေါင်းအဖွဲ့ကို ဦးဆောင်ခဲ့သည့် ရဲမှူးကြီး ဗီရော့ တက်ဆိုကပြောသည်။
ထိုရွှေ့ပြောင်းလုပ်သား ၁၂ ယောက်ကို ဘန်ဖီရဲစခန်းသို့လွှဲပြောင်းပေးထားသည်။
Ref : Migrants arrested while gambling
#PeopleMedia
(unicode)
…………………………….
Ref : Migrants arrested while gambling

Share this post