• Follow Us on

Home အေကာက္ခြန္မဲ့ တင္သြင္းလာသည့္ က်ပ္သိန္းႏွစ္ေထာင္ေက်ာ္တန္ဖိုးရွိ တ႐ုတ္ႏိုင္ငံထုတ္ ဟန္းစက္မ်ား ဖမ္းဆီး

အေကာက္ခြန္မဲ့ တင္သြင္းလာသည့္ က်ပ္သိန္းႏွစ္ေထာင္ေက်ာ္တန္ဖိုးရွိ တ႐ုတ္ႏိုင္ငံထုတ္ ဟန္းစက္မ်ား ဖမ္းဆီး

Share this post

မူဆယ္၊ ဩဂုတ္ ၇

မူဆယ္-လားရႈိး-မႏၲေလးျပည္ေထာင္စုလမ္းအပိုင္း၌ က်ပ္သိန္းႏွစ္ေထာင္ေက်ာ္တန္ဖိုးရွိ အေကာက္ခြန္မဲ့ တင္သြင္းလာသည့္ တ႐ုတ္ႏိုင္ငံလုပ္ဖုန္းမ်ားအေကာက္ခြန္မဲ့သယ္ေဆာင္လာစဥ္ တားဆီးႏိုင္ခဲ့သည္ဟု အေကာက္ခြန္ဦးစီးဌာနကသိရပါသည္။

ယေန႔ နံနက္ ၂ နာရီခန္႔တြင္ မူဆယ္-လားရႈိး-မႏၲေလးျပည္ေထာင္စုလမ္းအပိုင္းျပင္ဦးလြင္ X-Ray စစ္ေဆး ေရးစခန္းအေက်ာ္ျပည္ေထာင္စု လမ္းေပၚမွာအေကာက္ခြန္ဦးစီးဌာနက တားဆီးႏိုင္ျခင္းျဖစ္သည္ဟု ေကာက္ခြန္ဦးစီးဌာနေျပာဆိုခြင့္ရွိသူအရာရွိကေျပာသည္။

မႏၲေလးၿမိဳ႕ရွိအေကာက္ခြန္ဦးစီးဌာနတရားမဝင္ကုန္သြယ္မႈတားဆီးေရးစုံစမ္းေဖာ္ထုတ္ေရးအဖြဲ႕မွအ ေကာက္ခြန္ဝန္ထမ္းမ်ားကႀကိဳတင္သတင္းအရ မူဆယ္-လားရႈိးဘက္မွ မႏၲေလးဘက္သို႔ ေမာင္းလာသည့္ ၁၂ဘီးအျပာေရာင္ i/ 6162 ကိုတားဆီးစစ္ေဆးရာက အေကာက္ခြန္မဲ့ တင္သြင္းလာတဲ့တ႐ုတ္ႏိုင္ငံ လုပ္RedMi Note 9 အပါအဝင္စမတ္ဖုန္းအမ်ိဳး အစား ၁၀ မ်ိဳးေက်ာ္ ကိုတင္‌ေဆာင္လာ တာကို စစ္ေဆး ေတြ႕ရွိသည္။

မႏၲေလးၿမိဳ႕အေကာက္ခြန္ဦးစီးဌာနသို႔ေခၚေဆာင္သြားကာဆက္လက္စစ္ေဆးရာတန္ဖိုး(၂၃၀,၄၆၆,၀၀၀)က်ပ္သိန္း၂၃၀၀ေက်ာ္တန္ဖိုး ကို ေတြ႕ရေၾကာင္း အဆိုပါပစၥည္းမ်ားကို တရားဝင္အခြန္ေပးေဆာင္ ထားသည့္ အေထာက္ အထားတစုံတစ္ရာကို မေတြ႕ရသည့္အတြက္ တရားမဝင္ကုန္သြယ္မႈျပဳလုပ္ျဖင္းျဖစ္ ေၾကာင္း အဆိုအေကာက္ခြန္ အရာရွိက ဆက္လက္ေျပာဆိုသည္။

၎ပစၥည္းမ်ား၏တန္ဖိုးသည္ သိန္း ၂၃၀၀ ေက်ာ္တန္ဖိုးရွိအေကာက္ခြန္မဲ့တင္သြင္း လာသည့္စမတ္ဖုန္းမ်ားကို တင္သြင္းလာသူမ်ားအား အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ဆက္လက္ေဆာင္ရြက္ကာႏိုင္ငံ ေတာ္၏အခြန္ေငြရရွိႏိုင္ေရးဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္သည္ဟုသိရပါသည္။

#PeopleMedia

(unicode)
အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကျပ်သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ဟန်းစက်များ ဖမ်းဆီး
………………………………………………………

မူဆယ်၊ ဩဂုတ် ရ

မူဆယ်-လားရှိုး-မန္တလေးပြည်ထောင်စုလမ်းအပိုင်း၌ ကျပ်သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ တင်သွင်းလာသည့် တရုတ်နိုင်ငံလုပ်ဖုန်းများအကောက်ခွန်မဲ့သယ်ဆောင်လာစဉ် တားဆီးနိုင်ခဲ့သည်ဟု အကောက်ခွန်ဦးစီးဌာနကသိရပါသည်။

ယနေ့ နံနက် ၂ နာရီခန့်တွင် မူဆယ်-လားရှိုး-မန္တလေးပြည်ထောင်စုလမ်းအပိုင်းပြင်ဦးလွင် X-Ray စစ်ဆေး ရေးစခန်းအကျော်ပြည်ထောင်စု လမ်းပေါ်မှာအကောက်ခွန်ဦးစီးဌာနက တားဆီးနိုင်ခြင်းဖြစ်သည်ဟု ကောက်ခွန်ဦးစီးဌာနပြောဆိုခွင့်ရှိသူအရာရှိကပြောသည်။

မန္တလေးမြို့ရှိအကောက်ခွန်ဦးစီးဌာနတရားမဝင်ကုန်သွယ်မှုတားဆီးရေးစုံစမ်းဖော်ထုတ်ရေးအဖွဲ့မှအ ကောက်ခွန်ဝန်ထမ်းများကကြိုတင်သတင်းအရ မူဆယ်-လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းလာသည့် ၁၂ဘီးအပြာရောင် i/ 6162 ကိုတားဆီးစစ်ဆေးရာက အကောက်ခွန်မဲ့ တင်သွင်းလာတဲ့တရုတ်နိုင်ငံ လုပ်RedMi Note 9 အပါအဝင်စမတ်ဖုန်းအမျိုး အစား ၁၀ မျိုးကျော် ကိုတင်ဆောင်လာ တာကို စစ်ဆေး တွေ့ရှိသည်။

မန္တလေးမြို့အကောက်ခွန်ဦးစီးဌာနသို့ခေါ်ဆောင်သွားကာဆက်လက်စစ်ဆေးရာတန်ဖိုး(၂၃၀,၄၆၆,၀၀၀)ကျပ်သိန်း၂၃၀၀ကျော်တန်ဖိုး ကို တွေ့ရကြောင်း အဆိုပါပစ္စည်းများကို တရားဝင်အခွန်ပေးဆောင် ထားသည့် အထောက် အထားတစုံတစ်ရာကို မတွေ့ရသည့်အတွက် တရားမဝင်ကုန်သွယ်မှုပြုလုပ်ဖြင်းဖြစ် ကြောင်း အဆိုအကောက်ခွန် အရာရှိက ဆက်လက်ပြောဆိုသည်။

၎င်းပစ္စည်းများ၏တန်ဖိုးသည် သိန်း ၂၃၀၀ ကျော်တန်ဖိုးရှိအကောက်ခွန်မဲ့တင်သွင်း လာသည့်စမတ်ဖုန်းများကို တင်သွင်းလာသူများအား အကောက်ခွန်လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ကာနိုင်ငံ တော်၏အခွန်ငွေရရှိနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုသိရပါသည်။

#PeopleMedia


Share this post