• Follow Us on
Latest News

Home အနောက်အုပ်စု အလိုကျရေးထားတဲ့ Fortify အဖွဲ့အစည်းရဲ့ လွဲမှားနေတဲ့အစီအရင်ခံစာ

အနောက်အုပ်စု အလိုကျရေးထားတဲ့ Fortify အဖွဲ့အစည်းရဲ့ လွဲမှားနေတဲ့အစီအရင်ခံစာ

Share this post

“အနောက်နိုင်ငံတွေမှာလည်း ဒီအတိုင်းပါပဲ။ အဲဒီတုန်းက မြန်မာနိုင်ငံက ဖြစ်စဉ်တွေလိုမျိုး အမေရိကန်မှာ ဖြစ်ခဲ့ တဲ့ လူမည်းပဋိပက္ခတို့၊ ထရမ့် အာဏာလွှဲပြောင်းခြင်း ပဋိပက္ခတို့မှာ အမေရိကန်လည်း ထိုနည်းတူစွာ တစ်ပုံစံ တည်း ဆောင်ရွက်ခဲ့တာ ကို တွေ့ရှိရပါတယ်။ တကယ်လို့သာ တပ်က သူတို့အစီအရင်ခံစာထဲမှာ ပြောတဲ့ပုံစံ အတိုင်း နှိမ်နင်းခဲ့မယ်ဆိုရင် အများကြီးသေကျေပျက်စီးပြီး အကုန်မျိုးကန်းသွားမှာပါ။”

…………………………………….

 

၂၀၂၂ မတ်လ ၂၄ ရက်တုန်းက Fortify Right and the shell Center for International Human Rights(“Shell Center”) ဆိုပြီး အနောက်အုပ်စုသြဇာခံ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ရဲ့ ၂၀၂၁ ဖေဖော်ဝါရီ အာ ဏာသိမ်းမှုအပြီး ခြောက်လအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သော အမှုများ ဆိုပြီး အစီရင်ခံစာတစ်ခု ထွက်လာပါတယ်။ အဲဒီအစီရင်ခံစာကို အနောက်အုပ်စုကျောထောက်နောက်ခံပြုထား တဲ့ Mizzima၊ ခေတ်သစ်၊ ဧရာဝတီနဲ့ RFA တို့လို သတင်းမီဒီယာတွေမှာ မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြတာကို တွေ့ရ တယ်။ အဲဒီအစီရင်ခံစာထဲမှာ အဓိကအနေနဲ့ …

 

(၁) နိုင်ငံတကာရာဇဝတ်မှုများအတွက် စစ်ဆေးသင့်တယ်ဆိုတဲ့ အကြီးတန်း စစ်ဘက်နဲ့ ရဲဘက်အရာရှိ ၆၁ ဦး ကိုဖော်ပြခြင်း

(၂) နိုင်ငံအနှံ့ စစ်စခန်းတည်နေရာ ၁၀၄၀ ကို ဖော်ထုတ်တင်ပြခြင်း

(၃) ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ဖြိုခွင်းစဉ် စစ်တပ်၏အဆင့်ဆင့်အမိန့်ပေး ညွှန်ကြားချက်များနှင့် သက် ဆိုင်သော သတင်းအချက်အလက်အသစ်တွေကို ဖော်ပြခြင်း

(၄) အာဏာသိမ်းအပြီး ပထမ ၆ လအတွင်း စစ်တပ်က ပြည်သူများအပေါ် နေရာအနှံ့စနစ်တကျတိုက်ခိုက်မှု များကို ဥပဒေအရ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း

ဆိုတဲ့ အချက်လေးချက်ကို အသာပေးဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီအစီရင်ခံစာဟာ ပြီးခဲ့တဲ့နှစ် ဖေဖော် ဝါရီလကတည်းက မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို ပြည်တွင်းမှာ မျက်မြင်ကိုယ်တွေ့ တွေ့မြင်နေရတဲ့ နိုင်ငံရေး သမားတွေ၊ လေ့လာသူတွေအတွက်ကတော့ မြေပြင်သတင်းအချက်အလက်တွေနဲ့ အတော်ကြီး ကွဲလွဲနေတာ ကို မြင်နေရပါတယ်။

ပထမဆုံးပြောချင်တာက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲပါတယ်ဆိုတဲ့ လွဲနေတဲ့အချက်ကို ပြောချင်ပါတယ်။ နစကဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေ အပေါ် ရက်ရက်စက်စက်နှိမ်နင်းနေပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတာကို နိုင်ငံသားတစ်ယောက် အနေနဲ့ ငြိင်းဆိုပါတယ်။ အဲ့ဒီတုန်းကဆိုရင် ကာယဗလမောင်တွေ၊ Dancer တွေ၊ လိင်တူချစ်သူတွေ အပါအဝင် Cosplay ပွဲလို Entertainment ဆန်ဆန် ဆန္ဒပြခဲ့ကြတာပါ။ အချိန်ကာလအားဖြင့် ဖေဖော်ဝါရီလလယ်ကနေ မတ်လကုန်ပိုင်းအထိ တစ်လလောက်နီးနီးလုပ်ခဲ့တာပါ။ အဲဒီတုန်းက စစ်တပ်က ရက်ရက်စက်စက်သာ နှိမ်နင်း မယ်ဆိုရင် သံချပ်ကာ ကားတွေနားမှာ ဓာတ်ပုံလာရိုက်တာမျိုးတောင် မရှိနိုင်ပါဘူး။ နစကအစိုးရဟာ ဒီမိုကရေ စီ နည်းလမ်းကျကျ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို တားဆီးတာ၊ ဖြိုခွဲတာ မရှိခဲ့ကြောင်းကို တွေ့မြင်ခဲ့ရပါတယ်။ မတ် လနှောင်းပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုရာကနေ တဖြည်းဖြည်းနဲ့ မင်းမဲ့စရိုက်ဆန်ဆန်တွေ လုပ်လာတာကို တွေ့ရတယ်။

 

CDM မလုပ်တဲ့ ဝန်ထမ်းတွေကို အကြမ်းပတမ်း ခြိမ်းခြောက်တာ၊ ရုံးလာတဲ့ဖယ်ရီကားတွေကို အတင်းပိတ်ဆို့ တာ၊ လူစုလူဝေးနဲ့ ခြိမ်းခြောက်တာ၊ လမ်းတွေကို ပိတ်ဆို့မီးရှို့တာတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေကို မီးပုလင်း၊ ဂျင် ကလိလုပ်သေနတ် စတာတွေနဲ့ ရန်ပြုတိုက်ခိုက်တာတွေကို မတ်လနှောင်းပိုင်းမှာ စလုပ်လာကြပါတယ်။ ဒီလို ဖြစ်လာတဲ့ အချိန်ကျမှ လုံခြုံရေးတပ်ဖွဲ့တွေက ဆူပူအကြမ်းဖက်သူတွေကို ဥပဒေအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် လုပ်ခဲ့တာကို သက်သေအထောက်အထားတွေနဲ့ မြင်နိုင်ပါတယ်။ ပထမဆုံး ညှိနှိုင်းတာ၊ လူစုခွဲဖို့ ကြေညာတာ တွေလုပ်ဆောင်ခြင်း၊ ဒုတိယအဆင့်ဆူပူအကြမ်းဖက်မှုကို ဖြိုခွဲဖို့ EU က လာသင်ပေးထားတဲ့ အဓိကရုဏ်းနှိမ် နင်းရေးရဲတွေ၊ ကိရိယာတွေ အသုံးပြုကာ ဖြိုခွဲခြင်း၊ နောက်ဆုံးအဆင့် Aid to civil ဆိုတဲ့ စစ်ဘက်မှ ဝင် ရောက် ကူညီခြင်းဥပဒေအရ ရာဘာကျည်၊ မျက်ရည်ယိုဗုံးနဲ့ ကန့်သတ်လက်နက်အချို့ကို သုံးပြီး စစ်ဘက်က ကူညီခြင်းဆိုတဲ့ ဥပဒေကြောင်းအရ နည်းလမ်းတွေကို သုံးခဲ့တာကို တွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာ လည်း ဒီအတိုင်းပါပဲ။ အဲဒီတုန်းက မြန်မာနိုင်ငံက ဖြစ်စဉ်တွေလိုမျိုး အမေရိကန်မှာဖြစ်ခဲ့တဲ့ လူမည်းပဋိပက္ခတို့၊ ထရမ့် အာဏာလွှဲပြောင်းခြင်း ပဋိပက္ခတို့မှာ အမေရိကန်လည်း ထိုနည်းတူစွာ တစ်ပုံစံတည်း ဆောင်ရွက်ခဲ့တာ ကို တွေ့ရှိရပါတယ်။ တကယ်လို့သာ တပ်က သူတို့အစီအရင်ခံစာထဲမှာ ပြောတဲ့ပုံစံအတိုင်း နှိမ်နင်းခဲ့မယ်ဆိုရင် အများကြီးသေကျေပျက်စီးပြီး အကုန်မျိုးကန်းသွားမှာပါ။

 

နစကဥက္ကဋ္ဌကြီးနဲ့ တာဝန်ရှိသူတွေက ဥပဒေအရ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပါလို့ ပြောကြား ခဲ့လို့ လူမှုကွန်ရက်ပေါ်မှာ ဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပါလို့ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဆူပူအကြမ်းဖက်မှုတွေ အရမ်းပြင်းထန်နေတဲ့အချိန်မှာ နစကဥက္ကဋ္ဌကြီးရဲ့ အ နည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်ဖြင့်သာ ဆူပူအကြမ်းဖက်သူများကို ဖြိုခွဲရန်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် တပ်ဘက်ကို ယိမ်းတဲ့ ပြည်သူတွေက ဝေဖန်ပြောဆိုတာတွေ လုပ်ခဲ့တဲ့အထိ ညင်ညင်သာသာ ကိုင်တွယ်နေ တာကို တွေ့ရတယ်။ တစ်နိုင်ငံလုံးကို စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာလို့ရတဲ့ အခြေအနေမှာတောင် တစ်နိုင်ငံလုံးကို မလုပ်ဘဲ ပဋိပက္ခတွေ အရမ်းပြင်းထန်နေတဲ့ မြို့နယ်အချို့ကိုပဲ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ တယ်။ မှတ်မိသလောက် ပြောရမယ်ဆို ရန်ကုန်တိုင်းထဲမှာ လှိုင်သာယာ၊ မြောက်ဥက္ကလာပတို့လို အရမ်းဆိုးတဲ့ မြို့နယ်လေးခု၊ မန္တလေးမှာ စိန်ပန်းမြို့နယ် စသဖြင့် ကန့်သတ်နယ်မြေတွေနဲ့ စစ်အုပ်ချုပ်ရေးကြေညာတာမျိုးပဲ ရှိတယ်။

ဒါက မြန်မာနိုင်ငံထဲမှာ အဲဒီအချိန်က မြင်တွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံသားတိုင်း ဘက်မလိုက်ဘဲကြည့်ရင် မြင်တွေ့ခဲ့ရမယ့် အဖြစ်အပျက်တွေပါ။ အစီရင်ခံစာထဲက အချက်အလက်တွေဟာ တကယ်ဖြစ်ပျက်နေတာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အတော်လေးကွဲလွဲနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဘက်က ဥပဒေအတိုင်း စနစ်တကိ လုပ်ဆောင်တာကို ရာဇဝတ်မှုလို့ စွပ်စွဲပြီး ဆူပူအကြမ်းဖက်သူတွေဘက်က စက်ရုံတွေ မီးရှို့တာ၊ ပစ္စည်းတွေ ဖျက်ဆီးတာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ အမြင်မတူသူတွေအပေါ် Bullying လုပ်တာတွေကို ဖျောက်ဖျက်ရေးသားထားတဲ့ အစီရင်ခံစာကြီး ဖြစ်နေတယ်လို့ပဲ မြင်မိတော့တယ်။

အခုထွက်လာတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ သက်သေတွေဟာဆိုရင် ကိုယ့်အဖွဲ့အစည်းကို သစ္စာ ဖောက်ပြီး ထွက်ပြေးလာသူတွေ၊ နိုင်ငံရေးဒုက္ခသည်အမည်ခံပြီး တတိယနိုင်ငံဆီ ရောက်နေတဲ့ ပြည်ပြေး စစ် ပြေးတွေဆီက ပြောတဲ့စကားတွေကို အဓိကအသားပေးပြီး ရေးသားထားတကို တွေ့ရပါတယ်။ ပြောရမယ်ဆို ရင် အရင် ဘင်္ဂါလီအရေးအခင်းတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာလိုမျိုး ပုံစံတူဖြစ်နေတာကို တွေ့ရှိရမှာပါ။ ဒီ အစီရင်ခံစာဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို မျှတပြီး ဘက်လိုက်မှုကင်းတဲ့ အမြင်မျိုးနဲ့ ရေးသားထားတဲ့ အစီ ရင်ခံစာ မဟုတ်တာကို တွေ့ရပါတယ်။ အဲဒီကာလအတွင်း နယ်ပယ်စုံကလူတွေကို ဘက်ပေါင်းစုံက မေးမြန်း တာမရှိဘဲ တစ်ဖက်သတ်အမြင်နဲ့ ရေးသားထားတဲ့ အစီရင်ခံစာဟာ အဆင့်အတန်းမညီတဲ့ အစီရင်ခံတစ်ခုလို့ပဲ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။

 

အာကာ

 

(unicode)


 


…………………………………….

 


 







 


 




 



Share this post