• Follow Us on

Home အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တပ်နယ်အနီးရှိ အုပ်ကြီးသည် သေနတ်ဖြင့်လုပ်ကြံခံခဲ့ရသော်လည်း ကျည်မထွက်သဖြင့် ဓားဖြင့်အထိုးခံခဲ့ရပြီး တာဝန်မှ နှုတ်ထွက်စာတင်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တပ်နယ်အနီးရှိ အုပ်ကြီးသည် သေနတ်ဖြင့်လုပ်ကြံခံခဲ့ရသော်လည်း ကျည်မထွက်သဖြင့် ဓားဖြင့်အထိုးခံခဲ့ရပြီး တာဝန်မှ နှုတ်ထွက်စာတင်

Share this post

မုံရွာ၊ စက်တင်ဘာ ၂၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အခြေစိုက်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တပ်နယ်နှင့် အနီး ဆုံးရပ်ကွက်ဖြစ်သည့် အလုံစစ်ပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် စက်တင်ဘာ ၂၀ ရက်နေ့တွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့သော်လည်း ကျည်မထွက်သဖြင့် ဓားဖြင့်အထိုးခံခဲ့ရပြီးနောက် စက်တင်ဘာ ၂၁ ရက်နေ့တွင် နုတ် ထွက်စာတင်ခဲ့သည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက်နေ့၌ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးသည် နေအိမ်ခြံဝန်းရှေ့ရှိ ကန်စွန်းရွက်အခင်း၌ ကန်စွန်းရွက်များကို ခူးယူနေစဉ် လူစိမ်းနှစ်ယောက်မှ ဆိုင်ကယ်နှင့်ရောက်ရှိလာပြီး ဆိုင်ကယ်နောက်မှ ထိုင်လိုက်လာသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်မထွက်၍ အုပ်ကြီးကို ဓါးဖြင့်ထိုးခဲ့သည်။

 

အုပ်ချုပ်ရေးမှူးဖြစ်သူသည် ရရှိသည့်ဓားဒဏ်ရာဖြင့် ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်နေ့တွင် အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် နုတ်ထွက်စာ တင်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါနုတ်ထွက်စာတွင် “စစ်ပင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ကျွန်တော်ဦးမြင့်စိုးသည် အုပ်ချုပ်ရေးမှူး တာဝန်ကို ဆက်လက်ထမ်းဆောင်လိုခြင်းမရှိပါသဖြင့် ကျွန်တော့်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ် ထွက်ခွင့်ပြုပါရန်နှင့် နုတ်ထွက်ကြောင်း တင်ပြအပ်ပါသည်”ဟု ဖော်ပြပါရှိသည်။

 

အလားတူ ယင်းအခင်းဖြစ်ပွားရာနေရာသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တပ်နယ်နှင့် အနီးကပ် ဆုံး ရပ်ကွက်တစ်ခုလည်းဖြစ်သည်။

 

“စစ်ကိုင်းတိုင်းမှာ လုံခြုံရေးအရ မထိန်းနိုင်သေးဘူး။ အုပ်ချုပ်ရေးမြို့ပေါ်မှာ တရားဥပဒေစိုးမိုးရေးက ဘာလဲလို့ မေးရမလိုဖြစ်နေပြီ” လို့ မုံရွာမြို့ ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နမခတာဝန်ရှ်သူများ၏ လုံခြုံရေးဆောင်ရွက်ထားမှုကို မြို့ခံများက မေးခွန်းထုတ်လျက်ရှိသည်။

 

#PeopleMedia #နမခ #မုံရွာမြို့

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 



Share this post