• Follow Us on

Home အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့သည် ဘုန်းလက်ရုံးကြီးမားခဲ့ပြီး နိုင်ငံတော် တည်ဆောက်ရာ တွင် အင်အားကြီးမား၍ စွမ်းရည်ထက်မြက်သော တပ်မတော်များကို အခြေပြုလျက် တည်ထောင်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့သည် ဘုန်းလက်ရုံးကြီးမားခဲ့ပြီး နိုင်ငံတော် တည်ဆောက်ရာ တွင် အင်အားကြီးမား၍ စွမ်းရည်ထက်မြက်သော တပ်မတော်များကို အခြေပြုလျက် တည်ထောင်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၀

 

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားမင်းကြီးသုံးပါးသည် ဘုန်းလက်ရုံးကြီးမားခဲ့ပြီး နိုင်ငံတော်အား တည်ဆောက်ရာတွင် အင်အားကြီးမား၍ စွမ်းရည်ထက်မြက်သော တပ်မတော်များကို အခြေပြုလျက် တည် ထောင်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မတ်လ ၉ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရှိ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြော ကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သည် သင်တန်းသားများကို အဆင့်မြင့်ရာထူးတာဝန်များထမ်းဆောင်ရာတွင် အထောက်အကူဖြစ် စေရန်နှင့် အသိပညာများရရှိစေရန် ရည်ရွယ်သင်ကြားပေးလျက်ရှိကြောင်း၊ အရာရှိကြီးများအနေဖြင့် အထက်မှ ပေးအပ်လာသည့်အမိန့်နှင့် တာဝန်ကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရသည် ရှိသကဲ့သို့ မိမိကိုယ်တိုင်ဦးဆောင်မှုဖြင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် လုပ်ဆောင်ရသည်များလည်း ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စသည့် အမြင် ၄ မြင် ဖြင့် ပြည့်စုံစွာ ထည့်သွင်းစဉ်းစားတွက်ချက် ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံတော်အတွက် လိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများတွင် တပ်မတော်သား အရာရှိကြီးများသာမက ဝန်ကြီးဌာနမှ အရာရှိကြီးများလည်း ပါဝင်ကြောင်း၊ ကာကွယ်ရေးတာဝန်တစ်ခုတည်း သာမက အုပ်ချုပ်ရေးပိုင်း တာဝန်များကို လည်း ထမ်းဆောင်ရသည်ဖြစ်သည့်အတွက် အမြင် ၄ မြင်နှင့် ပတ်သက်၍ မှန်မှန်ကန်ကန် သိရှိရန်လိုအပ်မည် ဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်ဆောင်ရန်မဟုတ်ဘဲ နိုင်ငံ့အရေးတာဝန်များကို မှန်မှန်ကန်ကန်သိရှိ ထမ်းဆောင်နိုင် ရန် ဆွေးနွေးလေ့ကျင့်ပို့ချနေခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

ထို့နောက် “မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းနှင့် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ပြောကြားရာတွင် အမြင် ၄ မြင်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ ပြောကြားရမည်ဆိုပါက မိမိနိုင်ငံ၏ နိုင်ငံရေး သမိုင်းကြောင်းကိုမှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့် သမိုင်း ကြောင်းရှိသည့် နိုင်ငံဖြစ်ကြောင်း၊ ပုဂံခေတ်မတိုင်မီ ဘီစီ ၉၂၅ မှ အေဒီ ၉၄ ထိထင်ရှားခဲ့သည့် ပျူမြို့ပြနိုင်ငံများ ကို ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းကြောင်း မြင့်မားခဲ့မှုကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိ အနေဖြင့် မကြာသေးမီက ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့ပြီး ပျူခေတ်သမိုင်းကြောင်း အထောက်အထားများကို လေ့လာခဲ့ရကြောင်း၊ ပျူခေတ်ယဉ်ကျေးမှုများသည် သမိုင်းကြောင်း မြင့်မားသဖြင့် ပျူစာပေယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိနိုင်ငံ၏ သမိုင်းကြောင်းယဉ်ကျေးမှု ကို သိရှိထိန်းသိမ်းမှသာလျင် သမိုင်းကြောင်းအစဉ်အလာမြင့်မားခဲ့မှုကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တက္ကသိုလ်၌ ယခင်ကပင် ပျူစာပေလေ့လာသင်ကြားမှုကို ဖြစ်မြောက်အောင် ဆောင်ရွက် ပေးခဲ့ ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

“ထိုခေတ်အခါက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းကြီးသုံးပါးသည် ဘုန်းလက်ရုံးကြီးမားခဲ့ပြီး နိုင်ငံတော်အား တည်ဆောက်ရာတွင် အင်အားကြီးမား၍ စွမ်းရည်ထက်မြက်သော တပ်မတော်များကို အခြေပြု လျက် တည်ထောင်နိုင်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆက် လက်ပြောဆိုသည်။

 

#PeopleMedia

 

(unicode)


………………………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post