• Follow Us on
Latest News

Home အေပ်ာ္စီးသေဘၤာေပၚမွ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဂ်ပန္လူမ်ိဳးႏွစ္ဦး ေသဆုံး

အေပ်ာ္စီးသေဘၤာေပၚမွ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဂ်ပန္လူမ်ိဳးႏွစ္ဦး ေသဆုံး

Share this post

ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၂၀

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသည့္ ဂ်ပန္အေပ်ာ္စီးသေဘၤာ “Diamond Princess” ေပၚမွ ခရီး သည္ႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ ၄င္းတို႔ႏွစ္ဦးမွာ သေဘၤာေပၚရွိ ခရီးသည္မ်ားအနက္ ပထမဆုံး ေသဆုံး သူမ်ားျဖစ္ၾကသည္။

အဆိုပါ အေပ်ာ္စီးသေဘၤာေပၚရွိ ခရီးသည္ ၃၇၀၀ ခန္႔အနက္ ေဖေဖာ္ဝါရီလ ၁၉ ရက္အထိ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၆၂၁ ဦးအထိ ရွိလာခဲ့ၿပီျဖစ္သည္။

ဂ်ပန္လူမ်ိဳးမ်ားျဖစ္သည့္ အသက္ ၈၇ႏွစ္အ ရြယ္ အမ်ိဳးသားတစ္ဦးႏွင့္ အသက္ ၈၄ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးတို႔ ယေန႔ ေသဆုံးခဲ့ေၾကာင္း ဂ်ပန္ အစိုးရ တာဝန္ရွိသူမ်ားက ေျပာၾကားသည္။

ေသဆုံးသူႏွစ္ဦးမွာ က်န္းမာေရးဆိုင္ရာျပႆနာမ်ား ျဖစ္ေပၚခဲ့ၿပီး ၿပီးခဲ့သည့္သီတင္းပတ္က သေဘၤာေပၚ မွ ေဆး႐ုံသို႔တင္ပို႔ခဲ့သည္။ ယခုအခါ ဂ်ပန္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါေၾကာင့္ ေသဆုံးသူအေရအတြက္ မွာ သုံးဦးရွိလာၿပီျဖစ္သည္။

ႏွစ္ပတ္ၾကာ ေစာင့္ၾကည့္ေရးကာလအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါလကၡဏာမျပသူမ်ားသည္ ယမန္ေန႔က အေပ်ာ္စီးသေဘၤာေပၚမွ စတင္၍ ဆင္းခဲ့ၾကၿပီး သေဘၤာေပၚမွဆင္းခဲ့သူ ၄၄၃ ဦးအနက္ အမ်ားစုမွာ ဂ်ပန္ႏိုင္ငံသားမ်ား ျဖစ္ၾကသည္။

လက္ရွိအခ်ိန္တြင္ အေပ်ာ္စီးသေဘၤာေပၚ၌ လူေပါင္း ၂၀၀၀ နီးပါး ရွိေနေသးသည္။

သေဘၤာေပၚမွဆင္းသည့္ လုပ္ငန္းစဉ္မွာ မနက္ျဖန္တြင္ ၿပီးစီးမည္ဟု ေမွ်ာ္မွန္းရသည္။ ဂ်ပန္ က်န္းမာ ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက ရက္ေပါင္းမ်ားစြာၾကာ ၄င္းတို႔၏ က်န္းမာေရးအေျခအေနမ်ားကို ေစာင့္ ၾကည့္ရန္ သေဘၤာေပၚက်န္ခဲ့သူမ်ားကို ဖုန္းျဖင့္ဆက္သြယ္မည္ျဖစ္သည္။

#MyitphyarIrra #InternationlNews #MPI

ကိုးကား – အင္န္အိတ္ခ်္ေက

Ref; Two coronavirus-infected passengers die

(unicode)
အပျော်စီးသင်္ဘောပေါ်မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဂျပန်လူမျိုးနှစ်ဦး သေဆုံး
…………………………………………………………………………………

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ဂျပန်အပျော်စီးသင်္ဘော “Diamond Princess” ပေါ်မှ ခရီး သည်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ၄င်းတို့နှစ်ဦးမှာ သင်္ဘောပေါ်ရှိ ခရီးသည်များအနက် ပထမဆုံး သေဆုံး သူများဖြစ်ကြသည်။

အဆိုပါ အပျော်စီးသင်္ဘောပေါ်ရှိ ခရီးသည် ၃၇၀၀ ခန့်အနက် ဖေဖော်ဝါရီလ ၁၉ ရက်အထိ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၆၂၁ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

ဂျပန်လူမျိုးများဖြစ်သည့် အသက် ၈၇နှစ်အ ရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၈၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ယနေ့ သေဆုံးခဲ့ကြောင်း ဂျပန် အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

သေဆုံးသူနှစ်ဦးမှာ ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်က သင်္ဘောပေါ် မှ ဆေးရုံသို့တင်ပို့ခဲ့သည်။ ယခုအခါ ဂျပန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သေဆုံးသူအရေအတွက် မှာ သုံးဦးရှိလာပြီဖြစ်သည်။

နှစ်ပတ်ကြာ စောင့်ကြည့်ရေးကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါလက္ခဏာမပြသူများသည် ယမန်နေ့က အပျော်စီးသင်္ဘောပေါ်မှ စတင်၍ ဆင်းခဲ့ကြပြီး သင်္ဘောပေါ်မှဆင်းခဲ့သူ ၄၄၃ ဦးအနက် အများစုမှာ ဂျပန်နိုင်ငံသားများ ဖြစ်ကြသည်။

လက်ရှိအချိန်တွင် အပျော်စီးသင်္ဘောပေါ်၌ လူပေါင်း ၂၀၀၀ နီးပါး ရှိနေသေးသည်။

သင်္ဘောပေါ်မှဆင်းသည့် လုပ်ငန်းစဉ်မှာ မနက်ဖြန်တွင် ပြီးစီးမည်ဟု မျှော်မှန်းရသည်။ ဂျပန် ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရက်ပေါင်းများစွာကြာ ၄င်းတို့၏ ကျန်းမာရေးအခြေအနေများကို စောင့် ကြည့်ရန် သင်္ဘောပေါ်ကျန်ခဲ့သူများကို ဖုန်းဖြင့်ဆက်သွယ်မည်ဖြစ်သည်။

#MyitphyarIrra #InternationlNews #MPI

ကိုးကား – အင်န်အိတ်ချ်ကေ

Ref; Two coronavirus-infected passengers die


Share this post