• Follow Us on

Home အပေါ်ကနေ ခိုင်းမှ၊ အပေါ်ကနေ လုပ်ပေးမှ လုပ်မယ်ဆိုတဲ့စိတ်မျိုး မဖြစ်စေချင်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြော ကြား

အပေါ်ကနေ ခိုင်းမှ၊ အပေါ်ကနေ လုပ်ပေးမှ လုပ်မယ်ဆိုတဲ့စိတ်မျိုး မဖြစ်စေချင်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြော ကြား

Share this post

မန္တလေး၊ မတ် ၃၁

 

အားလုံးက အပေါ်ကနေ ခိုင်းမှ၊ အပေါ်ကနေ လုပ်ပေးမှ လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်၊ ဒီလိုလည်း မဖြစ်စေချင် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

 

မတ်လ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၂/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုး ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “စိုက်ပျိုးရေးနဲ့ပတ်သက်ရင်လည်း ဒီအတိုင်းပဲ။ ဟုတ်လား။ ကျွန်တော်တို့ က အထွက်နှုန်းနဲ့ ပတ်သက်ရင် တစ်အချက် မြေကို အကျိုးရှိရှိလုပ်ဖို့ရှိတယ်။ နှစ်အချက်ကတော့ အထွက် ကောင်းအောင်လုပ်ဖို့ရှိတယ်။ မျိုးမကောင်းဘူးဆိုရင် မျိုးကောင်းအောင် ကျွန်တော်တို့ လုပ်ရမယ်။ ဒါစိုက်ပျိုး ရေးသုတေသနက လုပ်နေတယ်။ ဒါပေမယ့် စိုက်ပျိုးရေးသုတေသနက သုတေသနရလာဒ်ကိုပဲ သူတို့က မျိုး လုပ်လိုက်တာ။ ကျွန်တော်တို့ စီးပွားဖြစ်ပေါ့။ တစ်နိုင်ငံလုံးပျှမ်းမျှ စပါးဧက ခုနကပြောတဲ့ ၁၅ သန်းရှိတယ်။ မိုးစပါး စိုက်တာ။ ဒီမှာ စပါးမျိုးပေါင်းများစွာရှိတယ်။ အဲဒီထဲကနေ ရွေးထုတ်ပြီးတော့မှ မျိုးကောင်း ဥပမာအား ဖြင့် ပြည်နယ်နဲ့ တိုင်းတစ်ခုမှာ နှစ်မျိုးပဲထား၊ ဉပမာအားဖြင့် ၂၈ မျိုး၊ နေပြည်တော်ပါရင် ၃၀၊ မျိုးပေါင်း ၃၀။ အဲ့ဒီမျိုးပေါင်း ၃၀ ကို တကယ့်ကို အားလုံးလွှမ်းခြုံနိုင်အောင် ထုတ်ပေးနိုင်ဖို့ စီမံရမှာပေါ့။ သုတေသနပြုရုံနဲ့ မရဘူး။ တွေ့ရှိချက်တစ်ခုနဲ့မရဘူး။ ဒါနောက်က ဘယ်လိုအကောင်အထည်ဖော်မလဲ။ ဒီလိုသွားရမှာပေါ့။ နိုင်ငံတော်ကလုပ်မလား။ နိုင်ငံတော်ကလုပ်မယ်ဆိုရင် နိုင်ငံတော်ကဘယ်လိုစီမံမလဲ။ ကျွန်တော်တို့မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ သုတေသနတွေ့ရှိချက်တွေနဲ့ သရုပ်ပြတာတို့နဲ့ ပြီးသွားပြီး နောက်ကကျယ်ကျယ် ပြန့်ပြန့်လိုက်နိုင်ဖို့ကျတော့ အားလုံးမပါလာဘူးဖြစ်နေတယ်။ အားလုံးက အပေါ်ကနေခိုင်းမှ၊ အပေါ်ကနေ လုပ်ပေးမှ လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ဒီလိုလည်း မဖြစ်စေချင်ဘူး။ ဒီလိုတွေရှိပြီဆို ငါတို့ဒေသအတွက် ဘယ်လိုလုပ်မလဲ။ ဒီလိုတော့ သွားစေချင်တယ်။

 

ဒါက စပါး ဒီလိုပဲနေကြာ။ နေကြာမှာဆိုရင် ဒေသအထွက်ကောင်းမျိုး ရှိတယ်။ စပ်မျိုးရှိတယ်။ နှစ်မျိုးရှိတယ်။ အခုကျွန်တော်ကြည့်တယ်။ စပ်မျိုးကတော့ တစ်ဧကကို တင်း ၅၀ လောက် ထွက်တယ်။ ဒေသမျိုးကတော့ ၂၅၊ ၂၆ လောက် ပတ်ဝန်းကျင် ထွက်တယ်။ ဒေသအထွက်ကောင်းမျိုးတွေပေါ့။ ဒါဖြင့် ကျွန်တော်တို့က စပ်မျိုးရ အောင် ပြောင်းရမယ်။ ဘယ်လိုပြောင်းမလဲ ဒီဟာကို။ အစည်းအဝေး လုပ်နေလို့မပြီးဘူးလေ။ အကောင်အ ထည်ဖော်ဖို့လိုတယ်။ မျိုးတွေ၊ မျိုးဘယ်လိုရအောင်လုပ်မလဲ။ ဘယ်လိုနည်းနဲ့ရှာမလဲ။ နိုင်ငံတော်က ဆောင် ရွက်ရမယ်။ ဟုတ်ပြီ နိုင်ငံတော်ကဆို ဘယ်လိုလုပ်မလဲ။ ဒီဟာကို။ ပုဂ္ဂလိက ကလုပ်။ ပုဂ္ဂလိကဆို ဘယ်လို ပေးမလဲ။ အရေးကြီးတာတော့ လက်တွေ့ပြနိုင်ဖို့ လိုတယ်” လို့ ပြောသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 

(unicode)

အပေါျကနေ ခိုငျးမှ၊ အပေါျကနေ လုပျပေးမှ လုပျမယျဆိုတဲ့စိတျမြိုး မဖွဈစခေငြျကွောငျး န-စ-ကဥက်ကဋ်ဌ ပွော ကွား

………………………………………..

 

မန်တလေး၊ မတျ ၃၁

 


 


 


 


 



Share this post