• Follow Us on

Home အေမရိကတိုက္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအျမင့္ဆံုးမေရာက္ေသးလို႔ W.H.O သတိေပး

အေမရိကတိုက္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအျမင့္ဆံုးမေရာက္ေသးလို႔ W.H.O သတိေပး

Share this post

ဂ်ီနီဗာ၊ ဇြန္ ၂၅

ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါကူးစက္မႈေတြဟာ အေမရိကတိုက္ေတြမွာ အျမင့္ဆံုးကူးစက္မႈမေရာက္ေသးဘူးလို႔ ကမာၻ႔ က်န္းမာေရးအဖြဲ႔ W.H.O က ဗုဒၶဟူးေန႔မွာ သတိေပးလိုက္ပါတယ္။

လာမယ့္တစ္ပတ္အတြင္း ကူးစက္ခံရသူ ၁၀ သန္းျပည့္လာႏိုင္ခ်ိန္မွာ သတိေပးတာပါ။

ကူးစက္မႈအမ်ားဆံုးအခ်ိန္ေတြရဲ႕ကာလနဲ႔ကူးစက္ခံရတဲ့ပမာဏတို႔ကို အစိုးရေတြရဲ႕လုပ္ရပ္ေတြနဲ႔ပဲဆံုးျဖတ္ႏိုင္ၿပီး မ႐ွိရင္ေတာ့ အလံုပိတ္ကန္႔သတ္မႈေတြျပန္လုပ္ရမွာ ေ႐ွာင္မရဘူးလို႔လည္း W.H.O ကေျပာပါတယ္။

လက္႐ွိကူးစက္ခံရတဲ့ႏႈန္းအတိုင္းဆိုရင္ စိုးရိမ္ရတဲ့လူေတြကိုကူညီေပးၿပီး ေအာက္ဆီဂ်င္သန္႔စင္ေပးတဲ့ ကိရိယာေတြ႐ွားပါးလာ လိမ့္မယ္လို႔လည္း ကုလသမဂၢက်န္းမာေရးေအဂ်င္စီကေျပာပါတယ္။

ကူးစက္ခံရသူရဲ႕ ၂၀ ရာခိုင္ႏႈန္းေက်ာ္ျဖစ္တဲ့ ၂.၄ သန္းေက်ာ္ကူးစက္ခံထားရတဲ့ အေမရိကန္ျပည္ေထာင္စုက ကူးစက္မႈအမ်ား ဆံုး ျဖစ္ေနၿပီး ၁.၁ သန္းေက်ာ္ကူးစက္ခံထားရတဲ့ဘရာဇီးက ဒုတိယေနရာမွာ႐ွိေနပါတယ္။

ကမာၻတ၀န္းမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူအနည္းဆံုး ၄၇၇၅၀၀ ေလာက္ေသဆံုးခဲ့ၿပီး လူ ၉.၅ သန္းနီးပါးကူးစက္ခံထား ရပါတယ္။

တစ္ခ်ိန္တည္းမွာပဲ မႏွစ္က လူ ၂.၅ သန္းလာေရာက္ခဲ့တဲ့ႏွစ္စဥ္ဟာ့ဂ်္ဘာသာေရးခရီးစဥ္ကို အခုႏွစ္အတြက္လာႏိုင္တဲ့ လူပမာဏေလွ်ာ့ခ်ၿပီး လူ ၁၀၀၀ ေလာက္ပဲလာခြင့္ျပဳဖို႔ ေဆာ္ဒီအာေရဗ်က ဆံုးျဖတ္ခဲ့တာကိုလည္း W.H.O ကေထာက္ခံခဲ့ပါ တယ္။

Ref : Coronavirus yet to peak in Americas: WHO

#PeopleMedia

(unicode)
အမေရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအမြင့်ဆုံးမရောက်သေးလို့ W.H.O သတိပေး
………………………………………………………

ဂျီနီဗာ၊ ဇွန် ၂၅

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကူးစက်မှုတွေဟာ အမေရိကတိုက်တွေမှာ အမြင့်ဆုံးကူးစက်မှုမရောက်သေးဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ W.H.O က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။

လာမယ့်တစ်ပတ်အတွင်း ကူးစက်ခံရသူ ၁၀ သန်းပြည့်လာနိုင်ချိန်မှာ သတိပေးတာပါ။

ကူးစက်မှုအများဆုံးအချိန်တွေရဲ့ကာလနဲ့ကူးစက်ခံရတဲ့ပမာဏတို့ကို အစိုးရတွေရဲ့လုပ်ရပ်တွေနဲ့ပဲဆုံးဖြတ်နိုင်ပြီး မရှိရင်တော့ အလုံပိတ်ကန့်သတ်မှုတွေပြန်လုပ်ရမှာ ရှောင်မရဘူးလို့လည်း W.H.O ကပြောပါတယ်။

လက်ရှိကူးစက်ခံရတဲ့နှုန်းအတိုင်းဆိုရင် စိုးရိမ်ရတဲ့လူတွေကိုကူညီပေးပြီး အောက်ဆီဂျင်သန့်စင်ပေးတဲ့ ကိရိယာတွေရှားပါးလာ လိမ့်မယ်လို့လည်း ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီကပြောပါတယ်။

ကူးစက်ခံရသူရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ၂.၄ သန်းကျော်ကူးစက်ခံထားရတဲ့ အမေရိကန်ပြည်ထောင်စုက ကူးစက်မှုအများ ဆုံး ဖြစ်နေပြီး ၁.၁ သန်းကျော်ကူးစက်ခံထားရတဲ့ဘရာဇီးက ဒုတိယနေရာမှာရှိနေပါတယ်။

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအနည်းဆုံး ၄၇၇၅၀၀ လောက်သေဆုံးခဲ့ပြီး လူ ၉.၅ သန်းနီးပါးကူးစက်ခံထား ရပါတယ်။

တစ်ချိန်တည်းမှာပဲ မနှစ်က လူ ၂.၅ သန်းလာရောက်ခဲ့တဲ့နှစ်စဉ်ဟာ့ဂ်ျဘာသာရေးခရီးစဉ်ကို အခုနှစ်အတွက်လာနိုင်တဲ့ လူပမာဏလျှော့ချပြီး လူ ၁၀၀၀ လောက်ပဲလာခွင့်ပြုဖို့ ဆော်ဒီအာရေဗျက ဆုံးဖြတ်ခဲ့တာကိုလည်း W.H.O ကထောက်ခံခဲ့ပါ တယ်။

Ref : Coronavirus yet to peak in Americas: WHO

#PeopleMedia


Share this post