• Follow Us on

Home အမေရိကန်ကာကွယ်ရေးဝန်ကြီး သြစတင် Covid-19 ရောဂါ ကူးစက်ခံရ

အမေရိကန်ကာကွယ်ရေးဝန်ကြီး သြစတင် Covid-19 ရောဂါ ကူးစက်ခံရ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃ (People Media)

 

အမေရိကန်ပြည်ထောင်စုတစ်ဝန်း ကူးစက်နှုန်းမြင့်မားသည့် အိုမီခရန်မူကွဲ ပျံ့နှံ့နေသည့်အချိန်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင် Covid-19 ရောဂါကူးစက်ခံထားရကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ဇန်နဝါရီလ ၂ ရက်နေ့က ပြောကြားလိုက်သည်။

 

ကာကွယ်ရေးဝန်ကြီးသြစတင်၏ ရောဂါလက္ခဏာမှာ မပြင်းထန်ကြောင်း၊ သြစတင်သည် လာမည့်ငါးရက်အ တွင်း နေအိမ်တွင် ကွာရန်တီးဝင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

 

၎င်းအနေဖြင့် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးဖြစ်သည့်အတွက် ကိုယ်ခံစွမ်းအားမြင့်တက်လျက်ရှိသဖြင့် ရောဂါကူးစက်ခံရသော်လည်း ပြင်းထန်စွာခံစားရခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီးကပြောသည်။

 

“ကာကွယ်ဆေးထိုးထားတာက အလုပ်ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံတဲ့လုပ်ငန်းဟာ ကျွန်တော်တို့တပ်ဖွဲ့ဝင် တွေအတွက် တပ်မတော်ဆေးဘက်ဆိုင်ရာလိုအပ်ချက်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ လူတိုင်းထပ်မံထိုးနှံဖို့အတွက် ကျွန်တော်ဆက်လက်တိုက်တွန်းပါတယ်။” ဟု သြစတင်က ပြောသည်။

 

သြစတင်က ၎င်းအနေဖြင့် ကိုဗစ်ရောဂါလက္ခဏာများ စတင်မခံစားရသေးမီ တစ်ပတ်ကျော်ကျော်အချိန်ဖြစ် သော ဒီဇင်ဘာလ ၂၁ ရက်နေ့က သမ္မတဂျိုးဘိုင်ဒန်နှင့် နောက်ဆုံးတွေ့ဆုံခဲ့ပြီး ယင်းနေ့မနက်ပိုင်းက ကိုဗစ် ရှိမရှိစစ်ဆေးခဲ့ရာ ရောဂါမရှိသည့်အဖြေ ရရှိခဲ့ကြောင်း ပြောသည်။

 

ကာကွယ်ရေးဝန်ကြီးသြစတင်သည် လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ပြီး အရေးကြီး အစည်းအဝေးများနှင့် ဆွေးနွေးပွဲများကို ဖြစ်နိုင်သည့်အတိုင်းအတာအထိ အွန်လိုင်းမှတစ်ဆင့်တက်ရောက်သွား မည်ဖြစ်ကြောင်း ၎င်း၏ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အိုမီခရွန်မူကွဲ ရောဂါပိုး စံချိန်တင်လောက်အောင် ကူစက်မှုမြန်ဆန်နေစဉ်အတွင်း Covid-19 ရောဂါပိုးကူးစက်ခံ ရသည့် အမေရိကန်ထိပ်တန်းခေါင်းဆောင်များတွင် သြစတင်သည်နောက်ဆုံးကူးစက်ခံရသည့် လူသိများသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။

 

မကြာသေးမီက လူသိများသော ကွန်ဂရက်လွှတ်တော်အမတ်လေးငါးဦးမှာ ၎င်းတို့တွင် ကိုဗစ်ရောဂါပိုး ကူးစက် ခံထားဂရကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ သမ္မတဂျိုးဘိုင်ဒန်၏ သတင်းစာရှင်းလင်းပွဲအတွင်းရေးမှူးဖြစ်သူ ဂျန်ဆာကီသည် အောက်တိုဘာလအတွင်းက Covid-19 ရောဂါပိုးကူးစက်ခဲ့သည်။

 

Ref: US Defense Secretary Austin contracts Covid-19

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 


 


 



 


 

Ref: US Defense Secretary Austin contracts Covid-19

 

#PeopleMedia


Share this post