• Follow Us on

Home အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် သြစတေးလျကာကွယ်ရေးဝန်ကြီး အင်ဒို-ပစိဖိတ်ဒေသတွင်း အခြေအနေ များတွေ့ဆုံ ဆွေးနွေး

အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် သြစတေးလျကာကွယ်ရေးဝန်ကြီး အင်ဒို-ပစိဖိတ်ဒေသတွင်း အခြေအနေ များတွေ့ဆုံ ဆွေးနွေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၇ (People Media)

 

အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်ဂျေသြစတင်သည် သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက သြစ တေးလျကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်နှင့် တွေ့ဆုံပြီး အင်ဒို-ပစိဖိတ်ဒေသတွင်း အခြေအနေများဆွေးနွေး ခဲ့ကြောင်း  ပင်တဂွန်စစ်ဌာနချုပ်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်ဂျွန်ကာဘိုင်က ပြောသည်။

 

“အင်ဒို-ပစိဖိတ်ဒေသမှာ ကျွန်တော်တို့ကာကွယ်ရေးအစီအစဉ်တွေ တိုးမြှင့်ဖို့၊ ကျွန်တော်တို့အတူမျှဝေခံစားကြ တဲ့တန်ဖိုးတွေ၊ ကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက် ကျွန်တော်တို့ရဲ့မဟာမိတ်ဖြစ်တဲ့ သြစတေးလျနိုင်ငံနဲ့ အ တူရပ်တည်ရတာကို ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ အမေရိကန်-သြစတေးလျ ဆက်ဆံရေးဆိုတာ ကျွန်တော် တို့ဂုဏ်ယူစွာပြောဆိုနေတဲ့ မကျိုးပျက်နိုင်တဲ့မဟာမိတ်ဆက်ဆံရေးပဲဖြစ်ပါတယ်။” ဟု ကာဘိုင်ကပြောသည်။

 

အမေရိကန်နှင့် သြစတေးလျသည် တပ်အင်အား စီစဉ်ခင်းကျင်းမှုနှင့် တိုက်ပွဲဝင်အသင့်အနေအထားပြင်ဆင် ခြင်း၊ မဟာဗျူဟာမြောက်လက်နက်များ၊ ဒေသတွင်းဆက်ဆံရေးများနှင့် စစ်ဆင်ရေးကိစ္စရပ်များကဲ့သို့ အ ကြောင်းအရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကာဘိုင်ကပြောသည်။

 

“အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ လွတ်လပ်စွာသွားလာနိုင်ဖို့နဲ့ လမ်းကြောင်းတွေဖွင့်ထားနိုင်ဖို့အတွက် ခြိမ်းခြောက် မှုတွေကို ဟန့်တားနိုင်ဖို့ ဆောင်ရွက်ရာမှာ ကျွန်တော်တို့ရဲ့စွမ်းရည်တွေကို မြှင့်တင်နိုင်ဖို့ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။” ဟု ကာဘိုင်ကပြောသည်။

 

ဗြိတိန်အစိုးရနှင့် သဘောတူညီခဲ့သော ၁၉၉၇ ခုနှစ် စာချုပ်အရ ဟောင်ကောင်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် သဘောတူညီချက်ကို တရုတ်ဘက်ကချိုးဖောက်ခဲ့သည့်အဖြစ်မျိုးလို တောင်တရုတ်ပင်လယ်တွင်းရှိ ကျွန်းများ အားလုံးကို တရားမဝင်တောင်းဆိုခြင်းမျိုးပေါ်ပေါက်လာပြီးနောက် ဒေသတွင်းနိုင်ငံများ၏ ကောင်းကျိုးချမ်းသာ ကြွယ်ဝမှုကို ကြားဖြတ်ဝင်ရောက်နှောက်ယှက်ကာ တရုတ်၏ခြိမ်းခြောက်မှုများထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယင်းဒေသမှာ အမေရိကန်နှင့် သြစတေးလျမိတ်ဖက်နိုင်ငံများ အထူးအာရုံစိုက်ရမည့်ဒေသဖြစ်ကြောင်း ကာ ဘိုင်ကပြောသည်။

 

“ကျွန်တော်ထင်ပါတယ် တရုတ်နိုင်ငံအပြင်ဘက်က အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ ကျွန်တော်တို့အားလုံး ရင်ဆိုင် နေရတဲ့ ရန်လိုတဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့အားလုံး ပြောရရင် အမေရိကန်တစ်နိုင်ငံတည်းမဟုတ်ပါဘူး နိုင် ငံတကာအသိုင်းအဝိုင်းအားလုံးပေါ့နဲ့ဆိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တရုတ်ရဲ့ပြုမူဆောင်ရွက်ချက်တွေကို အာရုံစိုက်တဲ့နေရာမှာ တိကျသေချာအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။” ဟု ကာဘိုင်ကပြောသည်။

 

အင်ဒို-ပစိဖိတ်ဒေသတွင်းလုံခြုံရေးအခြေအနေမှာ တစ်စတစ်စ ဆိုးရွားလာကြောင်း၊ အမေရိကန်၊ သြစတေးလျ၊ ဗြိတိန်၊ နယူးဇီလန်၊ ကနေဒါတို့ပါဝင်သော မိတ်ဖက်နိုင်ငံများပူးပေါင်းဆောင်ရွက်မှသာလျှင် လုံခြုံရေးအတွက် စိတ်ချရမည်ဖြစ်ကြောင်း သြစတေးလျကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်က ပြောသည်။

 

“ဒေသတွင်းတစ်ခုလုံးမှာ တရုတ်နိုင်ငံကလုပ်နေတဲ့ ရန်လိုမှုတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှု တွေကို မျှဝေရမှာဖြစ်ပါတယ်။ တရုတ်ရဲ့ ရန်လိုမှုက စစ်ရေးအရတင်မကပါဘူး သံတမန်အရရော စီးပွားရေးအ ရပါ ရန်လိုမှုတွေလုပ်နေတာပါ။ အဲဒီတရုတ်ရဲ့ရန်လိုမှုကို ကျွန်တော်တို့ ရာနှုန်းပြည့်အာရုံစိုက်အကဲခတ်နေရ တော့မှာပါ။ ကျွန်တော်တို့နဲ့ သြစတေးလျ ဆက်ဆံရေးဟာ အဲဒီလို လုံခြုံရေးကိစ္စတွေ အာရုံစိုက်ဆောင်ရွက်နိုင် ဖို့အရေး ဆက်လက်ထိန်းသိမ်းသွားဖို့ ကျွန်တော်တို့ရဲ့စွမ်းရည်တွေထဲက အစိတ်အပိုင်းတစ်ရပ်ပါပဲ။” ဟု ကာ ဘိုင်ကပြောသည်။

 

Ref: Long-Term U.S., Australian Relationship Will Ensure Free, Open Indo-Pacific Region

 

#PeopleMedia

 

(unicode)


………………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Long-Term U.S., Australian Relationship Will Ensure Free, Open Indo-Pacific Region

 

#PeopleMedia


Share this post