• Follow Us on

Home အေမရိကန္ကို႐ိုနာဗိုင္းရပ္စ္ေထာက္ပံ့ေရးဥပေဒမွ ျဖဳန္းတီးေနသည္မ်ားကိုျပင္ဆင္ရန္ ကြန္ဂရက္လႊတ္ေတာ္ကို ထရမ့္တိုက္တြန္း

အေမရိကန္ကို႐ိုနာဗိုင္းရပ္စ္ေထာက္ပံ့ေရးဥပေဒမွ ျဖဳန္းတီးေနသည္မ်ားကိုျပင္ဆင္ရန္ ကြန္ဂရက္လႊတ္ေတာ္ကို ထရမ့္တိုက္တြန္း

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အေမရိကန္ႏိုင္ငံသားမ်ားအတြက္ စီးပြားေရးႏႈိးဆြသည့္ေပးေခ်မႈမ်ားကို ၃ ဆထက္ပိုသည့္ ေဒၚလာသန္းေပါင္း ၉၀၀၀၀၀ တန္ဖိုး႐ွိကို႐ိုနာဗိုင္းရပ္စ္ေထာက္ပံ့ေရးဥပေဒၾကမ္းကို ျပင္ဆင္ရန္ ကြန္ဂရက္လႊတ္ေတာ္ကို အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က တိုက္တြန္းသည္။
 
အေထာက္အပံ့မ်ားသည္ အေမရိကန္ႏိုင္ငံကို ဂုဏ္သိကၡာခ်ေနျခင္းျဖစ္ၿပီး ျဖဳန္းတီးေနသည့္အခ်က္မ်ား ျပည့္ႏွက္ေနသည္ဟု တြစ္တာတြင္ မစၥတာ ထရမ့္က ဗီဒီယိုသတင္းစကားပါးသည္။
 
ကိုဗစ္ေထာက္ပံ့ေရးဥပေဒဟုေခၚေသာ္လည္း ကိုဗစ္ႏွင့္ပတ္သက္၍လုပ္ထားသည္မ်ားမပါ၀င္ေၾကာင္းလည္း ေျပာသည္။ ထိုေထာက္ပံ့မႈဥပေဒၾကမ္းတြင္ အေမရိကန္ႏိုင္ငံသားအမ်ားစုအတြက္ တေယာက္လွ်င္ ေဒၚလာ ၆၀၀၀ ေပးရန္ပါ၀င္ေသာ္လည္း တေယာက္လွ်င္ ေဒၚလာ ၂၀၀၀ ေပးသင့္ေၾကာင္း မစၥတာ ထရမ့္ကေျပာသည္။
 
တနလၤာေန႔အထိ ထိုဥပေဒၾကမ္းကိုအတည္ျပဳရန္ သမၼတထရမ့္က အရိပ္လကၡဏာမ်ားျပေနေသာ္လည္း အဂၤါေန႔ညတြင္မွ ကန္႔ကြက္ေၾကာင္းေျပာျခင္းျဖစ္သည္။
 
ထိုဥပေဒၾကမ္းသည္ လာမည့္ ၉ လအတြက္ အေမရိကန္အစိုးရေအဂ်င္စီမ်ားအတြက္ အသံုးစရိတ္ထုတ္ေပး သည့္ ေဒၚလာသန္း ၁၄၀၀၀၀၀ တန္ဖိုး႐ွိရသံုးဥပေဒၾကမ္းႏွင့္တြဲဖက္ထားသည့္အတြက္ အကယ္၍ သမၼတက ဥပေဒၾကမ္းမ်ားကို အတည္မျပဳပါက ဒီဇင္ဘာ ၂၉ ရက္တြင္ အေမရိကန္အစိုးရေအဂ်င္စီမ်ားလုပ္ငန္း လည္ပတ္မႈရပ္ဆိုင္းမည္ျဖစ္သည္။
 
Ref : Trump urges Congress to amend ‘wasteful’ coronavirus aid bill
 
#PeopleMedia
 
(unicode)
အမေရိကန်ကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့ရေးဥပဒေမှ ဖြုန်းတီးနေသည်များကိုပြင်ဆင်ရန် ကွန်ဂရက်လွှတ်တော်ကို ထရမ့်တိုက်တွန်း
……………………………………………………….
 
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အမေရိကန်နိုင်ငံသားများအတွက် စီးပွားရေးနှိုးဆွသည့်ပေးချေမှုများကို ၃ ဆထက်ပိုသည့် ဒေါ်လာသန်းပေါင်း ၉၀၀၀၀၀ တန်ဖိုးရှိကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့ရေးဥပဒေကြမ်းကို ပြင်ဆင်ရန် ကွန်ဂရက်လွှတ်တော်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က တိုက်တွန်းသည်။
 
အထောက်အပံ့များသည် အမေရိကန်နိုင်ငံကို ဂုဏ်သိက္ခာချနေခြင်းဖြစ်ပြီး ဖြုန်းတီးနေသည့်အချက်များ ပြည့်နှက်နေသည်ဟု တွစ်တာတွင် မစ္စတာ ထရမ့်က ဗီဒီယိုသတင်းစကားပါးသည်။
 
ကိုဗစ်ထောက်ပံ့ရေးဥပဒေဟုခေါ်သော်လည်း ကိုဗစ်နှင့်ပတ်သက်၍လုပ်ထားသည်များမပါဝင်ကြောင်းလည်း ပြောသည်။ ထိုထောက်ပံ့မှုဥပဒေကြမ်းတွင် အမေရိကန်နိုင်ငံသားအများစုအတွက် တယောက်လျှင် ဒေါ်လာ ၆၀၀၀ ပေးရန်ပါဝင်သော်လည်း တယောက်လျှင် ဒေါ်လာ ၂၀၀၀ ပေးသင့်ကြောင်း မစ္စတာ ထရမ့်ကပြောသည်။
 
တနင်္လာနေ့အထိ ထိုဥပဒေကြမ်းကိုအတည်ပြုရန် သမ္မတထရမ့်က အရိပ်လက္ခဏာများပြနေသော်လည်း အင်္ဂါနေ့ညတွင်မှ ကန့်ကွက်ကြောင်းပြောခြင်းဖြစ်သည်။
 
ထိုဥပဒေကြမ်းသည် လာမည့် ၉ လအတွက် အမေရိကန်အစိုးရအေဂျင်စီများအတွက် အသုံးစရိတ်ထုတ်ပေး သည့် ဒေါ်လာသန်း ၁၄၀၀၀၀၀ တန်ဖိုးရှိရသုံးဥပဒေကြမ်းနှင့်တွဲဖက်ထားသည့်အတွက် အကယ်၍ သမ္မတက ဥပဒေကြမ်းများကို အတည်မပြုပါက ဒီဇင်ဘာ ၂၉ ရက်တွင် အမေရိကန်အစိုးရအေဂျင်စီများလုပ်ငန်း လည်ပတ်မှုရပ်ဆိုင်းမည်ဖြစ်သည်။
 
Ref : Trump urges Congress to amend ‘wasteful’ coronavirus aid bill
 
#PeopleMedia

Share this post