• Follow Us on

Home အေမရိကန္ကို အသံထက္ ၂၇ ဆျမန္ေသာ ႏ်ဴမစ္ဇုိင္း ရုရွားျပသ

အေမရိကန္ကို အသံထက္ ၂၇ ဆျမန္ေသာ ႏ်ဴမစ္ဇုိင္း ရုရွားျပသ

Share this post

ႏ်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရး သေဘာတူညီခ်က္အရ အေမရိကန္စံုစမ္းစစ္ေဆးသူေတြကို အသံထက္ ျမန္တဲ့ ႏ်ဴကလီးယားမစ္ဇိုင္းစနစ္ကို ျပသခဲ့ၿပီးျဖစ္တယ္လို႔ ရုရွားက ေျပာပါတယ္။

အသံထက္ျမန္တဲ့ အခုႏ်ဴကလီးယားမစ္ဇိုင္းေတြကို ေနရာမခ်ထားခင္ ရုရွားက အေမရိကန္စံုစမ္းစစ္ေဆးသူ ေတြကို ျပသခဲ့တာျဖစ္ပါတယ္။

ရုရွားသမၼတ ပူတင္ဟာ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းက နည္းပညာျမင့္ မစ္ဇိုင္းေတြကို ျဖန္႔က်က္ခ်ထားဖို႔ အသင့္ျဖစ္ေန ၿပီျဖစ္ေၾကာင္း ေျပာၾကားထားခဲ့ၿပီးျဖစ္ပါတယ္။

အဆိုပါလက္နက္ကို ရုရွားကို ေရာက္ရွိေနတဲ့ အေမရိကန္စံုစမ္းစစ္ေဆးေရးအဖြဲ႕က ႏို၀င္ဘာ ၂၄ရက္ေန႔ကေန ၂၆ ရက္ေန႔အတြင္း စစ္ေဆးၾကည့္ရႈခဲ့တာျဖစ္ပါတယ္။

ရုရွားနဲ႔ နည္းပညာျမင့္ ႏ်ဴကလီးယားမစ္ဇိုင္းဟာ အသံထက္ ၂၇ ဆပိုျမန္ၿပီး ကမၻာရဲ႕ ဘယ္ေနရာကိုမဆို မိနစ္ ပိုင္းအတြင္း ေရာက္ရွိႏုိင္တယ္လို႔ သိရပါတယ္။

Ref; dailymail

#PeopleMedia #International

(Unicode)
အမေရိကန်ကို အသံထက် ၂၇ ဆမြန်သော နျူမစ်ဇိုင်း ရုရှားပြသ
…………………………………………………………

နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီချက်အရ အမေရိကန်စုံစမ်းစစ်ဆေးသူတွေကို အသံထက် မြန်တဲ့ နျူကလီးယားမစ်ဇိုင်းစနစ်ကို ပြသခဲ့ပြီးဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။

အသံထက်မြန်တဲ့ အခုနျူကလီးယားမစ်ဇိုင်းတွေကို နေရာမချထားခင် ရုရှားက အမေရိကန်စုံစမ်းစစ်ဆေးသူ တွေကို ပြသခဲ့တာဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက နည်းပညာမြင့် မစ်ဇိုင်းတွေကို ဖြန့်ကျက်ချထားဖို့ အသင့်ဖြစ်နေ ပြီဖြစ်ကြောင်း ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါလက်နက်ကို ရုရှားကို ရောက်ရှိနေတဲ့ အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့က နိုဝင်ဘာ ၂၄ရက်နေ့ကနေ ၂၆ ရက်နေ့အတွင်း စစ်ဆေးကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ နည်းပညာမြင့် နျူကလီးယားမစ်ဇိုင်းဟာ အသံထက် ၂၇ ဆပိုမြန်ပြီး ကမ္ဘာရဲ့ ဘယ်နေရာကိုမဆို မိနစ် ပိုင်းအတွင်း ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

Ref; dailymail

#PeopleMedia #International


Share this post