• Follow Us on
Home အမေရိကန်က ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်၊ ရဟတ်ယာဉ်နှင့် မစ်ဇိုင်းစနစ်များ ဘင်္ဂလားဒေ့ရှ်ဝယ်ယူရန်ရှိနေ
Share this post
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အမေရိကန်က ဘက်စုံသုံးတိုက်ခိုက်ရေး ဂျက်လေယာဉ်၊အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းစနစ်တွေကို ၀ယ်ယူသွားဖို့ရှိနေတယ်လို့ denfenseworld.net က ဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ အခုလို ၀ယ်ယူဖို့အတွက် အမေရိကန်ဥပဒေအရ လိုအပ်ချက်တွေအတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ အမေရိကန်အစိုးရအရာရှိနှစ်ဦးရဲ့ ပြောကြားချက်ကို Dhaka Tribune က ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က စစ်လက်နက်ဝယ်ယူဖို့အတွက် ၂၀၁၈ ခုနှစ်က အမေရိကန်ကို ကမ်းလှမ်းခဲ့တာလို့သိရပါတယ်။
[Unicode]
အမေရိကန်က ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်၊ရဟတ်ယာဉ်နှင့် မစ်ဇိုင်းစနစ်များ ဘင်္ဂလားဒေ့ရှ်ဝယ်ယူရန်ရှိနေ
————————————————-
ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ အမေရိကန်က ဘက်စုံသုံးတိုက်ခိုက်ရေး ဂျက်လေယာဉ်၊အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းစနစ်တွေကို ဝယ်ယူသွားဖို့ရှိနေတယ်လို့ denfenseworld.net က ဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတို့ဟာ အခုလို ဝယ်ယူဖို့အတွက် အမေရိကန်ဥပဒေအရ လိုအပ်ချက်တွေအတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့ အမေရိကန်အစိုးရအရာရှိနှစ်ဦးရဲ့ ပြောကြားချက်ကို Dhaka Tribune က ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရ်ှအစိုးရအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရ်ှဘက်က စစ်လက်နက်ဝယ်ယူဖို့အတွက် ၂၀၁၈ ခုနှစ်က အမေရိကန်ကို ကမ်းလှမ်းခဲ့တာလို့သိရပါတယ်။
နှစ်ဘက်အစိုးရအရာရှိတွေဟာ အပါချီ တိုက်ခိုက်ရေးရဟတ်ယာဉ်ကလွဲရင် တခြားနည်းပညာစစ်လက်နက် အမျိုးအစားတွေကို ဖော်ပြပြောဆိုခဲ့ခြင်းမရှိပါဘူး။
နှစ်နိုင်ငံကြား သဘောတူညီချက်မှာ စစ်လက်နက်တွေကို ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှု၊အသုံးပြုရန်လေ့ကျင့်ပေးမှုနဲ့ အပိုပစ္စည်းထောက်ပံ့မှုတွေလည်းပါဝင်တယ်လို့သိရပါတယ်။
ဝယ်ယူမယ့် စစ်လက်နက် ကုန်ကျစရိတ်တန်ဖိုးကိုတော့ ဘင်္ဂလားဒေ့ရ်ှအစိုးရဘက်က ထုတ်ဖော်ပြောဆိုမှုမရှိပါဘူး။ အစိုးရအရာရှိတွေရဲ့ ပြောကြားချက်အရ နှစ်နိုင်ငံကြား စစ်လက်နက်ဝယ်ယူမှုသဘောတူညီချက်ရရှိဖို့ အချိန်တစ်နှစ်လောက်ကြာမြင့်နိုင်ပြီး တရားဝင်လက်မှတ်ရေးထိုးဖို့အတွက် လေးနှစ်လောက်ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
့Ref; https://www.defenseworld.net
Share this post