• Follow Us on

Home အမေရိကန်က ရင်းနှီးမြုပ်နှံမှုများပိတ်ဆို့မည့် သတင်းထွက်ပေါ်ခဲ့ပြီးနောက် တရုတ်စတော့ဈေးကွက်များထိုးကျ

အမေရိကန်က ရင်းနှီးမြုပ်နှံမှုများပိတ်ဆို့မည့် သတင်းထွက်ပေါ်ခဲ့ပြီးနောက် တရုတ်စတော့ဈေးကွက်များထိုးကျ

Share this post

တရုတ်နိုင်ငံမှာ အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ပိတ်ဆို့ဖို့ အိမ်ဖြူတော်ကစဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက်မှာ တရုတ်စတော့ဈေးကွက်တွေထိုးကျခဲ့ပါတယ်။

ဒါဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ခြား ကုန်သွယ်ရေးအခြေအနေတင်းမာမှုကို အမြင့်ဆုံးရောက်ရှိစေတဲ့ အနေအထားတစ်ခုလည်းဖြစ်ပါတယ်။

နီးစပ်ရာအသိုင်းအ၀ိုင်းကရရှိတဲ့ သတင်းအရင်းအမြစ်တွေအရ CNBC သတင်းဌာနက စက်တင်ဘာ ၂၇ ရက်နေ့မှာ အခုလို ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အိမ်ဖြူတော်က အမေရိကန်အစိုးရရဲ့ တရုတ်နိုင်ငံမှာ ပင်စင်ရန်ပုံငွေရင်းနှီးမြုပ်နှံမှုကိုပါ ကန့်သတ်ဖို့ စဉ်းစားနေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

အခုသတင်းကို အခိုင်အမာအတည်မပြုနိုင်သေးပေမယ့် တရုတ်စတော့ဈေးကွက်ကို သိသိသာသာရိုက်ခတ်မှုရှိစေခဲ့ပါတယ်။

Ref; Yahoo


Share this post