• Follow Us on

Home အမေရိကန်က အာဖဂန်ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးသွားမည် ဖြစ်သော်လည်း တာလီဘန်အစိုးရအား အကူအညီပေးမည်မဟုတ်

အမေရိကန်က အာဖဂန်ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးသွားမည် ဖြစ်သော်လည်း တာလီဘန်အစိုးရအား အကူအညီပေးမည်မဟုတ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄ (People Media)

 

အမေရိကန်အထက်လွှတ်တော်အနေဖြင့် အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုလုပ် ငန်းများအတွက် ရန်ပုံငွေထောက်ပံ့ရန် စဉ်းစားနေသော်လည်း တာလီဘန်ဦးဆောင်သောအစိုးရကို တိုက်ရိုက် ထောက်ပံ့သွားနိုင်ဖွယ်မရှိကြောင်း အမေရိကန်အရာရှိများကပြောသည်။

 

အာဖဂန်နစ္စတန်နိုင်ငံအတွက် အကူအညီပေးနိုင်ရေးအတွက် ထိပ်သီးညီလာခံတစ်ခုကျင်းပရန် ကုသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူးတားရက်စ်သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဂျီနီဗာမြို့သို့သွား ရောက်မည်ဖြစ်သည်။

 

အမေရိကန်တပ်များ ၂၀၀၁ ခုနှစ်တွင် အာဖဂန်နစ္စတန်သို့ စတင်ကျူးကျော်ဝင်ရောက်ကတည်းက အာဖဂန်နစ္စ တန်နိုင်ငံတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အတွက် သုံးစွဲရန် အမေရိကန်အစိုးရက ခန့်မှန်း ဒေါ်လာ ၁၃၀ ဘီလျံလျာထားခဲ့ကြောင်း သိရသည်။

 

အမေရိကန်လွှတ်တော်အမတ်များအနေဖြင့် အာဖဂန်နစ္စတန်ရှိ ပြည်တွင်းဒုက္ခသည်များကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးရန် စီစဉ်နေသော်လည်း အာဖဂန်အစိုးရကို ပေးသွားမည်မဟုတ်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းနှင့်နီးစပ်သူများကပြောသည်။

 

တာလီဘတ်များအောင်ပွဲမရခင်အချိန်ကတည်းက အာဖဂန်နစ္စတန်နိုင်ငံမှာ နိုင်ငံတကာအကူအညီများအပေါ်မှီ ခိုနေရပြီး နိုင်ငံ၏ GDP ၄၀% မှာ ပြည်ပနိုင်ငံအထောက်အပံ့များပေါ် မှီခိုနေရကြောင်းသိရသည်။

 

အာဖဂန်လူမျိုး ၁၈ သန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးဒုက္ခများနှင့်ကြုံတွေ့နေရကြောင်း၊ အ ခြား ၁၈ သန်းမှာလည်း ယင်းဒုက္ခသည်များနှင့်အတူ အမြန်ဆုံးရောနှောသွားနိုင်ကြောင်း  ကုသမဂ္ဂအဖွဲ့ကသတိ ပေးလိုက်သည်။ အာဖဂန်ဒုက္ခသည် ၅၀၀,၀၀၀ ဝန်းကျင်မှာ တာလီဘန်များကိုကြောက်ရွံ့သဖြင့် တိုင်းပြည်မှ ထွက်ပြေးသွားကြသည်။

 

တာလီဘန်များမှာ ယခုအချိန်အထိ အစိုးရမဖွဲ့စည်းနိုင်သေးသော်လည်း မကြာမီအစိုးရဖွဲ့စည်းကြောင်း ကြေညာ သွားနိုင်သည်ဟု သိရသည်။

 

လက်ရှိအချိန်တွင် တာလီဘန်များနှင့် ပန်ရှီယာတောင်ကြားမှ ခုခံတော်လှန်နေသူများကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများမှာ ပိုမိုကြောက်ရွံ့လာကာ နေရပ်စွန့်ခွာထွက်ပြေးလျက်ရှိသည်။

 

Ref: US seen funding Afghan humanitarian aid, but not the Taliban

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US seen funding Afghan humanitarian aid, but not the Taliban

 

#PeopleMedia


Share this post