• Follow Us on

Home အမေရိကန်က (၁၀ ကီလိုတန်ထက်လျော့နည်းသော) နျူကလီးယားဗုံး ထုတ်လုပ်

အမေရိကန်က (၁၀ ကီလိုတန်ထက်လျော့နည်းသော) နျူကလီးယားဗုံး ထုတ်လုပ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈ (People Media)

 

အမေရိကန် စွမ်းအင်နှင့် အမျိုးသားနျူကလီးယားလုံခြုံရေးစီမံခန့်ခွဲမှုဝန်ကြီးဌာန Department of Energy’s National Nuclear Security Administration (NNSA) က အမေရိကန်နိုင်ငံ၏ နောက်ဆုံးပေါ်နျူကလီးယား လက်နက်ထုတ်လုပ်မှုအကြောင်းကို ကြေညာလိုက်သည်။

 

B61-12 Life Extension Program First Production Unit သည် lower-yield (၁၀ ကီလိုတန်ထက်လျော့ နည်းသော) နျူကလီးယားဗုံးကို တီထွင်လိုက်ခြင်းဖြစ်ပြီး ယင်းနျူကလီးယားဗုံးအား လေကြောင်းမှသမရိုးကျ နည်းဖြင့်ဖြစ်စေ ပဲ့ထိန်းလမ်းညွှန်နည်းဖြင့်ဖြစ်စေ ပစ်ချနိုင်ကြောင်းသိရသည်။

 

အမေရိကန် စွမ်းအင်နှင့် အမျိုးသားနျူကလီးယားလုံခြုံရေးစီမံခန့်ခွဲမှုဝန်ကြီးဌာန၏ အုပ်ချုပ်သူ ဂျေးလ်ဟျူဘီက ကိုးနှစ်ကြာသက်တမ်းရှိပြီဖြစ်သောပရိုဂရမ်သည် ဘေးကင်းလုံခြုံရေး၊ လုံခြုံရေးနှင့် အားထားလောက်သည့် အ ရည်အသွေးများကို မြင့်မားတိုးတက်အောင်ပြုလုပ်ရင်း အခြားသောစစ်ရေးဆိုင်ရာ သွင်ပြင်လက္ခဏာများကို ပြောင်းလဲခြင်းမပြုဘဲ တိကျမှုနှင့် အရွယ်အစားလျှော့ချမှုတို့ကို ပို၍အဆင့်မြင့်အောင်ဆောင်ရွက်ခဲ့ကြောင်း မှတ် ချက်ပြုပြောကြားခဲ့သည်။

 

“B61-12 ဆိုင်တဲ့ဒီလုပ်ငန်းဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒီ နျူကလီးယားထိပ်ဖူးကို လေကြောင်းကနေသယ်ဆောင်ရာမှာ လက်ရှိလေယာဉ်တွေရော အနာဂတ်မှာထွက် ပေါ်လာမယ့်လေယာဉ်တွေနဲ့ရော သယ်ဆောင်နိုင်ဖို့အတွက် တိကျသေချာအောင်ဆောင်ရွက်သွားမှာပါ။” ဟု ၎င်းကပြောသည်။ ယင်းနျူကလီးယားဗုံးသက်တမ်း နောက်ထပ်အနှစ် ၂၀ အထိ သက်တမ်းတိုးထားသည်။

 

ယင်းနျူကလီးယားဗုံးများကို တပ်ဖြန့်ချထားပြီးသည်နှင့် တပြိုင်နက် B61-12 ပရိုဂရမ်သည် မူကွဲအမှတ် ၁၁ ကို သာချန်ထားရစ်ပြီး မူကွဲအမှတ် ၃၊ ၄နှင့် ၇ တို့ကို အစားထိုးသွားမည်ဖြစ်ကြောင်းသိရသည်။

 

၁၀ ကီလိုတန်ထက်လျော့နည်းသော နျူကလီးယားဗုံးတိုက်ခိုက်မှုများ၊ မြေတွင်းထိုးဖောက်တိုက်ခိုက်မှုများ၊ မြေ ပြင်ပေါ်တွင် ဖောက်ခွဲသည့်နည်းဖြင့်တိုက်ခိုက်မှုများနှင့် ဘန်ကာတွင်းဖောက်ခွဲတိုက်ခိုက်မှုများအတွက် အဆိုပါ နျူကလီးယားဗုံးများကို တပ်ဖြန့်ချထားရန် B61-12 ပရိုဂရမ်က အမေရိကန်လေတပ်ကို ခွင့်ပြုခဲ့သည်။

 

၁၀ ကီလိုတန်ထက်လျော့နည်းသော နျူကလီးယားဗုံးတိုက်ခိုက်မှုစွမ်းရည်သည် ကန့်သတ်ချက်ပိုမိုများပြား သော သို့မဟုတ် နည်းဗျူဟာနျူကလီးယားတိုက်ခိုက်မှုများကို ဟန့်တားကာကွယ်ရန် အမေရိကန်စစ်ခေါင်း ဆောင်များကို ထောက်ပံ့ပေးသွားည်ဖြစ်သည်။

 

အဆိုပါဗုံးမျိုးကို ၁၉၆၈ ခုနှစ်တွင် အမေရိကန်လေတပ်နှင့် နေတိုးစစ်အခြေစိုက်စခန်းများတွင် တပ်ဖြန့်ချထားခဲ့ စဉ်ကတည်းက ယင်းဗုံး၏ ဘေးကင်းလုံခြုံရေး၊ လုံခြုံရေးနှင့် အားကိုးအားထားလောက်သည့်စွမ်းရည်တို့ကို မြှင့် တင်ရန်အတွက် အမျိုးမျိုးအဆင့်မြှင့်တင်ပြုပြင်ခဲ့ကြသည်။

 

ယင်းဗုံး၏နောက်ဆုံးပေါ်ပုံစံတွင် ဗုံး၏သက်တမ်းကိုတိုးချဲ့ရန်အတွက် ယင်းဗုံးတွင်ပါရှိသော နျူကလီးယားအ စိတ်အပိုင်းများရော နျူကလီးယားမဟုတ်သည့်အစိတ်အပိုင်းများကိုပါ ပြန်လည်ပြုပြင်ထားသည်။ အဆိုပါနျူက လီးယားဗုံးများကို ၂၀၂၂ ခုနှစ်မေလမှစတင်၍ ၂၀၂၆ ခုနှစ်အထိ အများအပြားထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Ref: US ‘Low-Yield’ Nuclear Bomb Enters Production

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: US ‘Low-Yield’ Nuclear Bomb Enters Production

 

#PeopleMedia


Share this post