• Follow Us on

Home အေမရိကန္ဂ်က္တိုက္ေလယာဥ္က အီရန္ခရီးသည္တင္ေလယာဥ္ကို လိုက္လံၿခိမ္းေျခာက္ေၾကာင္း အီရန္မီဒီယာေဖာ္ျပ

အေမရိကန္ဂ်က္တိုက္ေလယာဥ္က အီရန္ခရီးသည္တင္ေလယာဥ္ကို လိုက္လံၿခိမ္းေျခာက္ေၾကာင္း အီရန္မီဒီယာေဖာ္ျပ

Share this post

တီဟီရန္၊ ဇူလိုင္ ၂၅

ဆီးရီးယားေလေၾကာင္းပိုင္းနက္အတြင္း အီရန္ခရီးသည္တင္ေလယာဥ္တစ္စင္းႏွင့္ အႏၲရာယ္႐ွိသည္အထိ အေမရိကန္ဂ်က္တိုက္ေလယာဥ္ အနည္းဆံုးတစ္စင္းခ်ည္းကပ္လာေၾကာင္း အီရန္အစိုးရပိုင္မီဒီယာကေဖာ္ျပၿပီး စြပ္စြဲခ်က္ကို အေမရိကန္က ျငင္းဆိုသည္။

မာဟန္ေလေၾကာင္းလိုင္းပိုင္ေလယာဥ္ အျမင့္အျမန္ေျပာင္းလဲၿပီး ခရီးသည္အမ်ားအျပားဒဏ္ရာရခဲ့ေၾကာင္း အီရန္ႏိုင္ငံပိုင္ IRIB သတင္းေအဂ်င္စီကေဖာ္ျပသည္။

IRIB မွတင္ဆက္သည့္႐ုပ္သံတြင္ ေလယာဥ္တစ္စင္းျပတင္းေပါက္မွေနာက္ထပ္ေလယာဥ္တစ္စင္းကို အနီးကပ္ျမင္ရပံုႏွင့္ ႏွာေခါင္းေတြေသြးထြက္ေနသည့္ခရီးသည္တစ္ေယာက္ကို ျမင္ေတြ႕ရသည္။

သို႔ေသာ္ F-15 ဂ်က္တိုက္ေလယာဥ္သည္ လံုျခံဳေဘးကင္းသည့္အကြာအေ၀းတြင္႐ွိေနေၾကာင္း ေနာက္ပိုင္းတြင္ အေမရိကန္စစ္တပ္က ျငင္းဆိုသည္။

မာဟန္ေလေၾကာင္းလိုင္းပိုင္ေလယာဥ္သည္ အီရန္ၿမိဳ႕ေတာ္တီဟီရန္မွ လက္ဘႏြန္ၿမိဳ႕ေတာ္ေဘ႐ြတ္သို႔ထြက္လာခဲ့ျခင္းျဖစ္ၿပီး ေဘ႐ြတ္တြင္ ေဘးကင္းလံုျခံဳစြာဆင္းသက္ႏိုင္သည္။

Ref : US fighter jet challenges Iran passenger plane – Iran media

#PeopleMedia

(Unicode)
အမေရိကန်ဂျက်တိုက်လေယာဉ်က အီရန်ခရီးသည်တင်လေယာဉ်ကို လိုက်လံခြိမ်းခြောက်ကြောင်း အီရန်မီဒီယာဖော်ပြ
…………………………………….

တီဟီရန်၊ ဇူလိုင် ၂၅

ဆီးရီးယားလေကြောင်းပိုင်းနက်အတွင်း အီရန်ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် အန္တရာယ်ရှိသည်အထိ အမေရိကန်ဂျက်တိုက်လေယာဉ် အနည်းဆုံးတစ်စင်းချည်းကပ်လာကြောင်း အီရန်အစိုးရပိုင်မီဒီယာကဖော်ပြပြီး စွပ်စွဲချက်ကို အမေရိကန်က ငြင်းဆိုသည်။

မာဟန်လေကြောင်းလိုင်းပိုင်လေယာဉ် အမြင့်အမြန်ပြောင်းလဲပြီး ခရီးသည်အများအပြားဒဏ်ရာရခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRIB သတင်းအေဂျင်စီကဖော်ပြသည်။

IRIB မှတင်ဆက်သည့်ရုပ်သံတွင် လေယာဉ်တစ်စင်းပြတင်းပေါက်မှနောက်ထပ်လေယာဉ်တစ်စင်းကို အနီးကပ်မြင်ရပုံနှင့် နှာခေါင်းတွေသွေးထွက်နေသည့်ခရီးသည်တစ်ယောက်ကို မြင်တွေ့ရသည်။

သို့သော် F-15 ဂျက်တိုက်လေယာဉ်သည် လုံခြုံဘေးကင်းသည့်အကွာအဝေးတွင်ရှိနေကြောင်း နောက်ပိုင်းတွင် အမေရိကန်စစ်တပ်က ငြင်းဆိုသည်။

မာဟန်လေကြောင်းလိုင်းပိုင်လေယာဉ်သည် အီရန်မြို့တော်တီဟီရန်မှ လက်ဘနွန်မြို့တော်ဘေရွတ်သို့ထွက်လာခဲ့ခြင်းဖြစ်ပြီး ဘေရွတ်တွင် ဘေးကင်းလုံခြုံစွာဆင်းသက်နိုင်သည်။

Ref : US fighter jet challenges Iran passenger plane – Iran media

#PeopleMedia


Share this post