• Follow Us on

Home အမေရိကန်စစ်စခန်းကို တိုက်ခိုက်ခြင်းဟာ မိမိနိုင်ငံကို ကာကွယ်ခြင်းဖြစ်ဟု အီရန်ဆို


Share this post






(Unicode)
အမေရိကန်စစ်စခန်းကို တိုက်ခိုက်ခြင်းဟာ မိမိနိုင်ငံကို ကာကွယ်ခြင်းဖြစ်ဟု အီရန်ဆို
…………………………………………………………

အီရတ်နိုင်ငံအနောက်ပိုင်း၊ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ပြီးနောက် အီရန်နိုင်ငံခြားရေး ဝန်ကြီး ဂျာဗတ်ဇာရစ်က ၄င်းတို့နိုင်ငံအနေနဲ့ မိမိနိုင်ငံကာကွယ်ရေးအတွက် အခုလိုဆောင်ရွက်ခြင်းဖြစ်တယ် လို့ပြောပါတယ်။

အခုလိုတိုက်ခိုက်မှုဟာ ကုလသမဂ္ဂရဲ့ ဥပဒေပုဒ်မ ၅၁ အရ ဆောင်ရွက်ခြင်းသာဖြစ်ပြီး စစ်ရေးကို လိုလားတဲ့ အတွက် မဟုတ်ဘူးလို့လည်း ဇာရစ်ကပြောပါတယ်။

အခုတိုက်ခိုက်ခဲ့တဲ့ အခြေစိုက်စခန်းတွေဟာ မိမိတို့နိုင်ငံသားတွေနဲ့ စီနီယာအစိုးရအရာရှိတွေကို တိုက်ခိုက်မှုပြု လုပ်ခဲ့တယ်လို့ အီရန်က ပြောပါတယ်။

Ref; washingtonexaminer

#PeopleMedia #International


Share this post