• Follow Us on

Home အေမရိကန္စစ္တပ္မွေလယာဥ္တစ္စင္းပ်က္က်၊ ထိခိုက္ေသဆံုးမႈမ႐ွိ

အေမရိကန္စစ္တပ္မွေလယာဥ္တစ္စင္းပ်က္က်၊ ထိခိုက္ေသဆံုးမႈမ႐ွိ

Share this post

နယူးေယာက္၊ စက္တင္ဘာ ၁

တနလၤာေန႔တြင္ အေမရိကန္ေရတပ္မွ E-2C Hawkeye ေလယာဥ္တစ္စင္း ဗာဂ်ီးနီယားျပည္နယ္တြင္ပ်က္က်ခဲ့ေၾကာင္း အေမရိကန္ေရတပ္မွထုတ္ျပန္သည္။

ထိုေလယာဥ္သည္ ေလ့က်င့္ပ်ံသန္းေနစဥ္ တနလၤာေန႔တြင္ ၀ယ္ေလာ့ကၽြန္းနားတြင္ပ်က္က်ခဲ့သည္ဟု အတၱလႏၲိတ္ေရတပ္ေျပာခြင့္ရသူဒုတိယဗိုလ္မွဴးႀကီး ဂ်ီနီဖာ ခရက္ဂ်္က ထုတ္ျပန္ခ်က္တြင္ေျပာသည္။

ေလယာဥ္မွဴးႏွင့္အမႈထမ္း ၂ ေယာက္ စုစုေပါင္း ၃ ေယာက္စလံုး ေလယာဥ္ေပၚမွေဘးကင္းကင္းႏွင့္ဆင္းသက္ႏိုင္ခဲ့ၿပီး အႀကီးစားဒဏ္ရာရခဲ့မႈမ႐ွိေၾကာင္းလည္း ခရက္ဂ်္ကေျပာသည္။

ပင္မေကဘင္တံခါးမွသူတို႔ထြက္လာႏိုင္ခဲ့ၿပီး ေလယာဥ္ထြက္ခြာစဥ္လိုအပ္သည့္ေလထီးမ်ားလည္း ၀တ္ဆင္ထားေၾကာင္းေျပာသည္။

ေျမျပင္ေပၚမွအမႈထမ္းမ်ား ဒဏ္ရာရခဲ့ေၾကာင္း ကနဦးအစီရင္ခံစာမ်ားတြင္ေဖာ္ျပျခင္းမ႐ွိဘဲ ေလယာဥ္ပ်က္က်မႈေၾကာင့္ အေဆာက္အအံုမ်ားလည္း ပ်က္စီးျခင္းမ႐ွိေၾကာင္း ခရက္ဂ်္ကေျပာသည္။

Ref : Navy E-2 Hawkeye crashes in Virginia

#PeopleMedia

(unicode)
အမေရိကန်စစ်တပ်မှလေယာဉ်တစ်စင်းပျက်ကျ၊ ထိခိုက်သေဆုံးမှုမရှိ
……………………………………………

နယူးယောက်၊ စက်တင်ဘာ ၁

တနင်္လာနေ့တွင် အမေရိကန်ရေတပ်မှ E-2C Hawkeye လေယာဉ်တစ်စင်း ဗာဂျီးနီယားပြည်နယ်တွင်ပျက်ကျခဲ့ကြောင်း အမေရိကန်ရေတပ်မှထုတ်ပြန်သည်။

ထိုလေယာဉ်သည် လေ့ကျင့်ပျံသန်းနေစဉ် တနင်္လာနေ့တွင် ဝယ်လော့ကျွန်းနားတွင်ပျက်ကျခဲ့သည်ဟု အတ္တလန္တိတ်ရေတပ်ပြောခွင့်ရသူဒုတိယဗိုလ်မှူးကြီး ဂျီနီဖာ ခရက်ဂ်ျက ထုတ်ပြန်ချက်တွင်ပြောသည်။

လေယာဉ်မှူးနှင့်အမှုထမ်း ၂ ယောက် စုစုပေါင်း ၃ ယောက်စလုံး လေယာဉ်ပေါ်မှဘေးကင်းကင်းနှင့်ဆင်းသက်နိုင်ခဲ့ပြီး အကြီးစားဒဏ်ရာရခဲ့မှုမရှိကြောင်းလည်း ခရက်ဂ်ျကပြောသည်။

ပင်မကေဘင်တံခါးမှသူတို့ထွက်လာနိုင်ခဲ့ပြီး လေယာဉ်ထွက်ခွာစဉ်လိုအပ်သည့်လေထီးများလည်း ဝတ်ဆင်ထားကြောင်းပြောသည်။

မြေပြင်ပေါ်မှအမှုထမ်းများ ဒဏ်ရာရခဲ့ကြောင်း ကနဦးအစီရင်ခံစာများတွင်ဖော်ပြခြင်းမရှိဘဲ လေယာဉ်ပျက်ကျမှုကြောင့် အဆောက်အအုံများလည်း ပျက်စီးခြင်းမရှိကြောင်း ခရက်ဂ်ျကပြောသည်။

Ref : Navy E-2 Hawkeye crashes in Virginia

#PeopleMedia


Share this post