• Follow Us on

Home အမေရိကန်စစ်တပ်ကြောင့် အရပ်သားများ သေဆုံးခဲ့ရခြင်းအတွက် တရားမျှတမှုကို တရုတ်နိုင်ငံက တောင်းဆို ကြောင်း တရုတ်နိုင်ငံပြောဆို

အမေရိကန်စစ်တပ်ကြောင့် အရပ်သားများ သေဆုံးခဲ့ရခြင်းအတွက် တရားမျှတမှုကို တရုတ်နိုင်ငံက တောင်းဆို ကြောင်း တရုတ်နိုင်ငံပြောဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅ (People Media)

 

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ခေါင်းစဉ်အောက်တွင် အာဖဂန်နစ္စတန်၊ အီရတ်၊ ဆီးရီးယားနှင့် အခြားနိုင်ငံ များအား အမေရိကန်နိုင်ငံက ရိုင်းစိုင်းသော စစ်ရေးဝင်ရောက်စွက်ဖက်မှုများကို ပြစ်တင်ရှုတ်ချကြောင်းနှင့် ကမ္ဘာတစ်ဝှမ်း အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရသည့် အမေရိကန်စစ်တပ်က ကျုးလွန်ခဲ့သော စစ်ရာဇ ဝတ်မှုများအား စုံစမ်းစစ်ဆေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

 

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက  ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ အရပ်သား ၁၀ ဦး သေဆုံးခဲ့ရသော အမေရိကန်တပ်ဖွဲ့ဝင်များကျူးလွန်ခဲ့ သည့် ဒရုန်းတိုက်ခိုက်မှုတစ်ခုတွင် မည်သူမျှ အရေးယူ အပြစ်ပေးအယူရေးယူခြင်းမခံရသည့်အပေါ် မှတ်ချက် ပေးရန် မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

“အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေကြောင့် အရပ်သားတွေ သေဆုံးခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှု တွေဟာ လက်ခံနိုင်စရာမရှိပါဘူး။ အကြောင်းအမျိုးမျိုးပြပြီး အမေရိကန်က လူသတ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးနေတာဟာ ပိုလို့တောင် သည်းမခံနိုင်စရာဖြစ်ပါတယ် “ ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။

 

အမေရိကန်နိုင်ငံသည် ဒီမိုကရေစီထိပ်သီးဆွေးနွေးပွဲ၌ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများနှင့်ပတ်သက်၍ ပြောကြားနေစဉ်အတွင်းမှာပင် အမေရိကန်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့အာဖဂန် ပြည်သူများအတွက် နှစ်သိမ့်ပေးခြင်းမရှိကြောင်း ပြောဆိုသည်။

 

ထိုမိသားစုဝင်များအနေဖြင့် ၎င်းတို့၏  မကျေနပ်ချက်ကို တိုင်တန်းရန်နေရာမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး ယင်းသည် အမေရိကန်နိုင်ငံက ပြုမူကျင့်သုံးသော ဒီမိုကရေစီနှင့် လူအခွင့်အရေးများသည် ကမ္ဘာကြီးကို ရက်စက်ကြမ်းကြုတ်မှုများသာ ဆောင်ကြဉ်းပေးခဲ့သည့်အဖြစ်မှန်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

 

“တရားမျှတမှုဟာ နှောင့်နှေးနိုင်ပေမယ့် ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး” ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။

 

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသော မူမမှန်သည့် အကြောင်းပြချက်အောက်တွင် ကမ္ဘာတစ်ဝှမ်း၌ မဆင်မ ခြင်လုပ်ဆောင်ခဲ့သည့်ခေတ်မှာ အဆုံးသတ်ရန် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းနှင့် အခြားနိုင်ငံများ၌ အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ရသည့် အမေရိကန်စစ်တပ်၏ ရာဇဝတ်မှုသည်  အရေးယူမခံရဘဲ ပြီးသွားလိမ့်မည် မဟုတ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia #တရုတ်_အမေရိကန်

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 


 


 

(Xinhua)

 



Share this post