• Follow Us on

Home အေမရိကန္စစ္သားေတြကိုသတ္ဖို႔ ႐ု႐ွားက စစ္ေသြးႂကြေတြကို ေငြေပးခဲ့တယ္ဆိုတဲ့ ေထာက္လွမ္းေရးအစီရင္ ခံစာကို CIA က ထရမ့္ဆီ ႏႈတ္နဲ႔ အစီရင္မခံခဲ့လို႔ အေမရိကန္အမ်ိဳးသားလံုၿခံဳေရးအႀကံေပးပုဂၢိဳလ္ေျပာ

အေမရိကန္စစ္သားေတြကိုသတ္ဖို႔ ႐ု႐ွားက စစ္ေသြးႂကြေတြကို ေငြေပးခဲ့တယ္ဆိုတဲ့ ေထာက္လွမ္းေရးအစီရင္ ခံစာကို CIA က ထရမ့္ဆီ ႏႈတ္နဲ႔ အစီရင္မခံခဲ့လို႔ အေမရိကန္အမ်ိဳးသားလံုၿခံဳေရးအႀကံေပးပုဂၢိဳလ္ေျပာ

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၂

အေမရိကန္စစ္သားေတြကို သတ္ျဖတ္ဖို႔ ႐ု႐ွားက စစ္ေသြးႂကြေတြကို ေငြေပးတယ္ဆိုတဲ့အစီရင္ခံခ်က္ကို အေမ ရိကန္သမၼတ ေဒၚနယ္ထရမ့္ဆီ ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ(စီအိုင္ေအ)က ႏႈတ္နဲ႔ အစီရင္မခံခဲ့ဘူးလို႔ အေမရိကန္အမ်ိဳးသားလံုၿခံဳေရးအႀကံေပးပုဂၢိဳလ္ေရာဘတ္အိုဘ႐ိုင္ယန္ကေျပာပါတယ္။

ေထာက္လွမ္းေရးသတင္းကို အတည္မျပဳႏိုင္ေသးဘူးလို႔ စီအိုင္ေအအရာ႐ွိေတြက ဆံုးျဖတ္ခဲ့တာပါ။

ဒါေပမဲ့ ထရမ့္ကို စာနဲ႔အစီရင္ခံခဲ့သလားဆိုတာကိုေတာ့ အိုဘ႐ိုင္ယန္ကမေျပာပါဘူး။

အာဖဂန္နစၥတန္စစ္ပြဲအဆံုးသတ္ႏိုင္ေအာင္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ရဖို႔ အေမရိကန္ကႀကိဳးစားေနခ်ိန္ မွာ ဒီေထာက္လွမ္းေရးသတင္းရခဲ့တာပါ။

၂၀၁၉ ခုႏွစ္တုန္းက အေမရိကန္စစ္မႈထမ္းေတြကို ပစ္မွတ္ထားတယ္ဆိုၿပီး စြပ္စြဲထားတဲ့အစီအစဥ္ေပၚလာခ်ိန္ ဟာ ႐ု႐ွားသမၼတ ဗလာဒီမ်ာပူတင္နဲ႔လည္း ထရမ့္က ဆက္ဆံေရးေကာင္းဖို႔ႀကိဳးစားေနခ်ိန္လည္းျဖစ္ပါတယ္။

အေမရိကန္တပ္ဖြဲ႕ေတြကိုသတ္ဖို႔ ႐ု႐ွားစစ္ေထာက္လွမ္းေရးတပ္စုတစ္စုက တာလီဘန္ေတြနဲ႔ဆက္စပ္ေနတဲ့ စစ္ေသြးႂကြေတြကို ေငြေပးၿပီးကမ္းလွမ္းခဲ့တယ္လို႔ New York Times၊ Washington Post နဲ႔ Wall Street Journal တို႔က အမည္မေဖာ္လိုတဲ့အေမရိကန္အရာ႐ွိေတြကိုကိုးကားၿပီး သတင္းေဖာ္ျပပါတယ္။

အဲဒီသတင္းေဖာ္ျပခ်က္ေတြကို ႐ု႐ွားဘက္ကျငင္းဆိုထားၿပီး တာလီဘန္ေတြကလည္း ႐ု႐ွားေအးဂ်င့္ေတြနဲ႔ ဘယ္လိုအေပးအယူမ်ိဳးမွမလုပ္ထားဘူးလို႔ ေျပာပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းက အာဖဂန္နစၥတန္မွာ အေမရိ ကန္တပ္ဖြဲ႕၀င္အေယာက္ ၂၀ ေသဆံုးခဲ့ေပမဲ့ ဘယ္ေသဆံုးမႈေတြက သံသယျဖစ္စရာေကာင္းသလဲဆိုတာ ေတာ့ မ႐ွင္းလင္းေသးဘူးလို႔ New York Times သတင္းစာကေဖာ္ျပပါတယ္။

ထရမ့္ကို ဒီအေၾကာင္းအစီရင္ခံခဲ့တာမ႐ွိဘဲ New York Times ဆီသတင္းေပါက္ၾကားခဲ့တာရဲ႕ေနာက္ကြယ္မွာ စည္းမဲ့ကမ္းမဲ့မ႐ိုးေျဖာင့္တဲ့ေထာက္လွမ္းေရးအရာ႐ွိေတြ႐ွိေနတယ္လို႔ အဂၤါေန႔မွာ အိမ္ျဖဴေတာ္ေျပာခြင့္ရအမ်ိဳး သမီးေကလီ မက္အီေနနီကေျပာပါတယ္။

Ref : CIA did not verbally brief Trump on Russia report, says official

#PeopleMedia #International

(unicode)
အမေရိကန်စစ်သားတွေကိုသတ်ဖို့ ရုရှားက စစ်သွေးကြွတွေကို ငွေပေးခဲ့တယ်ဆိုတဲ့ ထောက်လှမ်းရေးအစီရင် ခံစာကို CIA က ထရမ့်ဆီ နှုတ်နဲ့ အစီရင်မခံခဲ့လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ပြော
……………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၂

အမေရိကန်စစ်သားတွေကို သတ်ဖြတ်ဖို့ ရုရှားက စစ်သွေးကြွတွေကို ငွေပေးတယ်ဆိုတဲ့အစီရင်ခံချက်ကို အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီ ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ)က နှုတ်နဲ့ အစီရင်မခံခဲ့ဘူးလို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ရောဘတ်အိုဘရိုင်ယန်ကပြောပါတယ်။

ထောက်လှမ်းရေးသတင်းကို အတည်မပြုနိုင်သေးဘူးလို့ စီအိုင်အေအရာရှိတွေက ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ ထရမ့်ကို စာနဲ့အစီရင်ခံခဲ့သလားဆိုတာကိုတော့ အိုဘရိုင်ယန်ကမပြောပါဘူး။

အာဖဂန်နစ္စတန်စစ်ပွဲအဆုံးသတ်နိုင်အောင် ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ အမေရိကန်ကကြိုးစားနေချိန် မှာ ဒီထောက်လှမ်းရေးသတင်းရခဲ့တာပါ။

၂၀၁၉ ခုနှစ်တုန်းက အမေရိကန်စစ်မှုထမ်းတွေကို ပစ်မှတ်ထားတယ်ဆိုပြီး စွပ်စွဲထားတဲ့အစီအစဉ်ပေါ်လာချိန် ဟာ ရုရှားသမ္မတ ဗလာဒီမျာပူတင်နဲ့လည်း ထရမ့်က ဆက်ဆံရေးကောင်းဖို့ကြိုးစားနေချိန်လည်းဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေကိုသတ်ဖို့ ရုရှားစစ်ထောက်လှမ်းရေးတပ်စုတစ်စုက တာလီဘန်တွေနဲ့ဆက်စပ်နေတဲ့ စစ်သွေးကြွတွေကို ငွေပေးပြီးကမ်းလှမ်းခဲ့တယ်လို့ New York Times၊ Washington Post နဲ့ Wall Street Journal တို့က အမည်မဖော်လိုတဲ့အမေရိကန်အရာရှိတွေကိုကိုးကားပြီး သတင်းဖော်ပြပါတယ်။

အဲဒီသတင်းဖော်ပြချက်တွေကို ရုရှားဘက်ကငြင်းဆိုထားပြီး တာလီဘန်တွေကလည်း ရုရှားအေးဂျင့်တွေနဲ့ ဘယ်လိုအပေးအယူမျိုးမှမလုပ်ထားဘူးလို့ ပြောပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက အာဖဂန်နစ္စတန်မှာ အမေရိ ကန်တပ်ဖွဲ့ဝင်အယောက် ၂၀ သေဆုံးခဲ့ပေမဲ့ ဘယ်သေဆုံးမှုတွေက သံသယဖြစ်စရာကောင်းသလဲဆိုတာ တော့ မရှင်းလင်းသေးဘူးလို့ New York Times သတင်းစာကဖော်ပြပါတယ်။

ထရမ့်ကို ဒီအကြောင်းအစီရင်ခံခဲ့တာမရှိဘဲ New York Times ဆီသတင်းပေါက်ကြားခဲ့တာရဲ့နောက်ကွယ်မှာ စည်းမဲ့ကမ်းမဲ့မရိုးဖြောင့်တဲ့ထောက်လှမ်းရေးအရာရှိတွေရှိနေတယ်လို့ အင်္ဂါနေ့မှာ အိမ်ဖြူတော်ပြောခွင့်ရအမျိုး သမီးကေလီ မက်အီနေနီကပြောပါတယ်။

Ref : CIA did not verbally brief Trump on Russia report, says official

#PeopleMedia #International


Share this post