• Follow Us on

Home အေမရိကန္စစ္သေဘၤာမ်ားကို ဖ်က္ဆီးမည္ဟု အီရန္ ၿခိမ္းေျခာက္

အေမရိကန္စစ္သေဘၤာမ်ားကို ဖ်က္ဆီးမည္ဟု အီရန္ ၿခိမ္းေျခာက္

Share this post

၂၀၂၀၊ ဧၿပီ ၂၄

ပါရွားပင္လယ္ေကြ႕ရွိ အီရန္ေရယာဥ္မ်ား၏လုံျခဳံေရးကို ၿခိမ္းေျခာက္ပါက အေမရိကန္စစ္ သေဘၤာမ်ားအား တိုက္ခိုက္ရန္ တပ္မ်ားကို အမိန႔္ေပးခဲ့ေၾကာင္း အီရန္နိုင္ငံ အစၥလာမၼစ္ေတာ္လွန္ ေရးအေစာင့္တပ္ဖြဲ႕၏ အႀကီးအကဲက ေျပာၾကားခဲ့သည္။

ၾကာသပေတးေန႔က အီရန္အစိုးရပိုင္ မီဒီယာမ်ားႏွင့္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ အီရန္နိုင္ငံ ၏ ဗိုလ္ခ်ဳပ္ႀကီးျဖစ္သူ ဟူစိန္ဆလမ္မီက အဆိုပါမွတ္ခ်က္စကား ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အီရန္နိုင္ငံ၏ စစ္တပ္ႏွင့္ သေဘၤာမ်ားအား ၿခိမ္းေျခာက္ေနသည့္ အေမရိကန္နိုင္ငံ၏ မည္သည့္အၾကမ္း ဖက္ အင္အားစုမ်ားကိုမဆို ဖ်က္ဆီးပစ္ရန္ မိမိ၏ ေရတပ္အဖြဲ႕အား ညႊန္ၾကားခဲ့ေၾကာင္း ၎က ေျပာ ၾကားခဲ့သည္။

အေမရိကန္ေရတပ္အေနျဖင့္ အေမရိကန္သေဘၤာမ်ားအားေႏွာင့္ယွက္ဖ်က္စီးသည့္ မည္သည့္ အီရန္ တပ္ဖြဲ႕ကိုမဆို တိုက္ခိုက္မည္ျဖစ္ေၾကာင္း ဗုဒၶဟူးေန႔ တြစ္တာေပၚတြင္ ေျပာဆိုခဲ့သည္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္၏ သတိေပးခ်က္ကို ဆလမ္မီက တုန္႔ျပန္ခဲ့ျခင္းျဖစ္သည္။

ေဒၚနယ္ထရမ့္၏ တြစ္တာေရးသားမွုေၾကာင့္ အီရန္နိုင္ငံျခားေရးဝန္ႀကီးဌာနက ဆႏၵျပရန္စီစဥ္ခဲ့သည့္ ဆြစ္ဇာလန္ သံအမတ္ႀကီးအား ဆင့္ေခၚခဲ့သည္။

ၿပီးခဲ့သည့္အပတ္က အီရန္ေတာ္လွန္ေရးအေစာင့္တပ္မွ ေရယာဥ္၁၁စီးသည္ အေမရိကန္ေရတပ္ႏွင့္ ပင္ လယ္ေကြ႕ရွိ ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ားႏွင့္ လြန္စြာနီးကပ္စြာ ေရာက္ရွိခဲ့ေၾကာင္း တင္းမာမွုမ်ား ျမင့္တက္ လာခဲ့ေၾကာင္း အေမရိကန္တပ္ဖြဲ႕က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

ကိုးကား။ ။အင္န္အိတ္ခ်္ေက

Ref; Iran threatens to destroy US ships in Persian Gu

#PeopleMedia

(unicode)
အမေရိကန်စစ်သင်္ဘောများကို ဖျက်ဆီးမည်ဟု အီရန် ခြိမ်းခြောက်
………………………………………………………………..

၂၀၂၀၊ ဧပြီ ၂၄

ပါရှားပင်လယ်ကွေ့ရှိ အီရန်ရေယာဉ်များ၏လုံခြုံရေးကို ခြိမ်းခြောက်ပါက အမေရိကန်စစ် သင်္ဘောများအား တိုက်ခိုက်ရန် တပ်များကို အမိန့်ပေးခဲ့ကြောင်း အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန် ရေးအစောင့်တပ်ဖွဲ့၏ အကြီးအကဲက ပြောကြားခဲ့သည်။

ကြာသပတေးနေ့က အီရန်အစိုးရပိုင် မီဒီယာများနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အီရန်နိုင်ငံ ၏ ဗိုလ်ချုပ်ကြီးဖြစ်သူ ဟူစိန်ဆလမ်မီက အဆိုပါမှတ်ချက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံ၏ စစ်တပ်နှင့် သင်္ဘောများအား ခြိမ်းခြောက်နေသည့် အမေရိကန်နိုင်ငံ၏ မည်သည့်အကြမ်း ဖက် အင်အားစုများကိုမဆို ဖျက်ဆီးပစ်ရန် မိမိ၏ ရေတပ်အဖွဲ့အား ညွှန်ကြားခဲ့ကြောင်း ၎င်းက ပြော ကြားခဲ့သည်။

အမေရိကန်ရေတပ်အနေဖြင့် အမေရိကန်သင်္ဘောများအားနှောင့်ယှက်ဖျက်စီးသည့် မည်သည့် အီရန် တပ်ဖွဲ့ကိုမဆို တိုက်ခိုက်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ တွစ်တာပေါ်တွင် ပြောဆိုခဲ့သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ သတိပေးချက်ကို ဆလမ်မီက တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ တွစ်တာရေးသားမှုကြောင့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြရန်စီစဉ်ခဲ့သည့် ဆွစ်ဇာလန် သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့သည်။

ပြီးခဲ့သည့်အပတ်က အီရန်တော်လှန်ရေးအစောင့်တပ်မှ ရေယာဉ်၁၁စီးသည် အမေရိကန်ရေတပ်နှင့် ပင် လယ်ကွေ့ရှိ ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် လွန်စွာနီးကပ်စွာ ရောက်ရှိခဲ့ကြောင်း တင်းမာမှုများ မြင့်တက် လာခဲ့ကြောင်း အမေရိကန်တပ်ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုးကား။ ။အင်န်အိတ်ခ်ျကေ

Ref; Iran threatens to destroy US ships in Persian Gu

#PeopleMedia


Share this post