• Follow Us on
Latest News

Home အမေရိကန်တပ်ဖွဲ့ဝင်များ၏ ဆွေမျိုးသားချင်းများ အာဖဂန်နစ္စတန်တွင် ကျန်ရှိနေဆဲဖြစ်

အမေရိကန်တပ်ဖွဲ့ဝင်များ၏ ဆွေမျိုးသားချင်းများ အာဖဂန်နစ္စတန်တွင် ကျန်ရှိနေဆဲဖြစ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၄ (People media)

 

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များထွက်ခွာသွားပြီးနောက် အမေရိကန်နိုင်ငံသားများ အာဖဂန်နစ္စတန်တွင် ကျန်ခဲ့ရာ အမေရိကန်ကြည်းတပ်နှင့် မရိန်းတပ်တို့မှ တပ်ဖွဲ့ဝင်အနည်းဆုံး ၄၈ ဦးသည် အာဖဂန်နစ္စတန်တွင် ကျန်ရှိနေသော ဆွေမျိုးသားချင်း ၅၀၉ ဦးကို ဘေးကင်းလုံခြုံရာသို့ရွှေ့ပြောင်းပေးရန် ကြိုးစားနေသည်မှာ တစ် လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း မရိန်းတပ်ဖွဲ့မှ အငြိမ်းစားအရာရှိတစ်ဦးက ပြောသည်။

 

အဆိုပါအငြိမ်းစားအရာရှိမှာ အာဖဂန်နစ္စတန်ရှိ အမေရိကန်နှင့် အာဖဂန်လူမျိုးများကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ ပြောင်းပေးရာတွင် သီးသန့်စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် လက်တွဲလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။

 

ယခင်ကအာဖဂန်စကားပြန်များဖြစ်သည့် တပ်ဖွဲ့ဝင်အများအပြားမှာ သြဂုတ်လအတွင်းဆောင်ရွက်ခဲ့သည့် ဘေး ကင်းလုံခြုံရာသို့ ပြောင်းရွှေ့ရေးအစီအစဉ်မတိုင်မီ အမေရိကန်သို့ပြောင်းရွှေ့လာသူများဖြစ်ပြီး ၎င်းတို့ကူညီခဲ့ သောအမေရိကန်တပ်မတော်သို့ ဝင်ရောက်ခဲ့သူများဖြစ်သည်။ ၎င်းတို့မှာ ပြင်ပအဖွဲ့အစည်းများနှင့် ကွန်ဂရက် လွှတ်တော်အရာရှိများ၏ အကူအညီများကို ရရှိနေကြသည်။

 

“အမေရိကန်စစ်သည်တစ်ယောက်ရဲ့အမေက သူဒုက္ခရောက်နေကြောင်း နေ့တိုင်းပြောနေတယ်။ အဲဒါကို ဘယ် သူကမှ အသိအမှတ်မပြုကြဘူး။ ကျွန်တော်တို့ အမြဲတမ်းနားလည်ထားတဲ့အချက်က ကိုယ့်တပ်ဖွဲ့ကိုယ် ဂရုစိုက် ဖို့ပဲဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မိသားစုတွေကိုလည်း စောင့်ရှောက်မယ်ဆိုတာ ကျွန်တော်တို့ယုံ ကြည်အောင်လုပ်သင့်တယ်ဗျ။” ဟု အမည်မဖော်လိုသည့် အဆိုပါအငြိမ်းစားအရာရှိကပြောသည်။

 

အာဖဂန်နစ္စတန်နိုင်ငံပြင်ပသို့ ထွက်ခွာချင်သည့် အာဖဂန်မဟာမိတ်များထွက်ခွာခွင့်ရအောင် မိမိတို့အနေဖြင့် ဆုံးဖြတ်ထားသည့်အတိုင်း ဆောင်ရွက်နိုင်သမျှအစွမ်းကုန်ဆောင်ရွက်သွားရန် ကာကွယ်ရေးဝန်ကြီး အယ်လ် လွိုက်သြစတင်ကပြောကြားထားကြောင်း ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘိုင်ကအောက်တာဘိုလ ၁၂ ရက် နေ့ကပြောသည်။

 

အမေရိကန်တပ်များဆုတ်ခွာပြီးသည့်နောက်ပိုင်းတွင် ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းရေးအစီအစဉ်ဆောင် ရွက်ရသည်မှာ ပိုမိုခက်ခဲလာသော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ခက်ခက်ခဲခဲ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းရေးအစီအစဉ်ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့အစည်း များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ကာဘိုင်ကပြောသည်။

 

“အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်ဘက်ဆိုင်ရာအစိတ်အပိုင်းတွေကတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ ဘေးကင်း လုံခြုံစွာကယ်ထုတ်ရေးအစီအစဉ်ကတော့ မပြီးသေးပါဘူး” ဟု ၎င်းကပြောသည်။

 

အာဖဂန်နစ္စတန်ကို တာလီဘန်များပြန်လည်သိမ်းပိုက်ပြီးနောက် အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံသား များနှင့် အာဖဂန်လူမျိုးများအား နောက်ဆုံးသတ်မှတ်ရက် သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီ တက်သုတ်ရိုက်ကယ် ထုတ်ခဲ့သည်။

 

အာဖဂန်နစ္စတန်မှ လူဦးရေ ၁၂၄,၀၀၀ ကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သော်လည်း အမေရိကန် နိုင်ငံသား နှစ်ရာခန့်နှင့် အမေရိကန်တပ်ဖွဲ့ဝင်များကို ကူညီခဲ့သည့် အာဖဂန်နိုင်ငံသားထောင်ပေါင်းများစွာ နိုင်ငံ တွင်းကျန်ရှိနေဆဲဖြစ်ကြောင်းသိရသည်။

 

Ref: US Troops Have Hundreds of Relatives Still Stuck in Afghanistan, and Congress Is Trying to Help

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: US Troops Have Hundreds of Relatives Still Stuck in Afghanistan, and Congress Is Trying to Help

 

#PeopleMedia


Share this post