• Follow Us on

Home အေမရိကန္တပ္ဖြဲ႕၀င္ေတြကို ေမာင္းထုတ္လွ်င္ စီးပြားေရးပိတ္ဆို႔အေရး ယူမည္ဟု အီရတ္ကို ထရမ့္ ၿခိမ္းေျခာက္

အေမရိကန္တပ္ဖြဲ႕၀င္ေတြကို ေမာင္းထုတ္လွ်င္ စီးပြားေရးပိတ္ဆို႔အေရး ယူမည္ဟု အီရတ္ကို ထရမ့္ ၿခိမ္းေျခာက္

Share this post

ႏုိင္ငံတကာ၊ ဇန္န၀ါရီ ၆

ေလတပ္အေျခစိုက္စခန္းတစ္ခုတည္ေဆာက္တဲ့ ကုန္က်စရိတ္ကို မေပးႏုိင္ခင္ အေမရိကန္တပ္ဖြဲ႕၀င္ေတြကို ေမာင္းထုတ္ရင္ အီရတ္ကို ႀကီးမားတဲ့ စီးပြားေရးပိတ္ဆို႔မႈေတြ ျပဳလုပ္သြားမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ၿခိမ္းေျခာက္လိုက္ပါတယ္။

“ကၽြန္ေတာ္ အဲဒီမွာ ေလတပ္အေျခစိုက္စခန္းတည္ေဆာက္တာ အေတာ္ေလးကုန္က်ခဲ့ပါတယ္။ တည္ ေဆာက္ေရးအတြက္ အေမရိကန္ေဒၚလာ ဘီလီယံနဲ႔ ခ်ီၿပီး ကုန္က်ခဲ့တာပါ။ ကၽြန္ေတာ္ သမၼတသက္တမ္း မတုိင္ခင္ကတည္းက ကာလရွည္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ဒီကုန္က်စရိတ္ကို ျပန္မေပးရင္ ကၽြန္ေတာ္ တို႔ အီရတ္က ထြက္ခြာမွာ မဟုတ္ပါဘူး” လို႔ တနဂၤေႏြေန႔က သတင္းေထာက္ေတြကို ထရမ့္က ေျပာၾကားခဲ့ ပါတယ္။

အီရတ္ယာယီ၀န္ႀကီးခ်ဳပ္ဦးေဆာင္မႈနဲ႔ အီရတ္လႊတ္ေတာ္အမတ္ေတြဟာ ႏိုင္ငံျခားတပ္ဖြဲ႕၀င္ေတြကို ႏုိင္ငံက ေမာင္းထုတ္ဖို႔နဲ႕ အေမရိကန္ဦးေဆာင္တဲ့မဟာမိတ္ေတြဆီက စစ္ေရးအကူအညီေတာင္းခံမႈေတြကို ဖ်က္သိမ္း ေရး ဥပေဒမူၾကမ္းတစ္ခုကို လႊတ္ေတာ္မွာ အဆိုတင္သြင္းခဲ့တာေၾကာင့္ ထရမ့္က အခုလို ၿခိမ္းေျခာက္ေျပာ ၾကားလိုက္တာျဖစ္ပါတယ္။

Ref;Reuters

#PeopleMedia #International

(Unicode)
အမေရိကန်တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်လျှင် စီးပွားရေးပိတ်ဆို့အရေး ယူမည်ဟု အီရတ်ကို ထရမ့် ခြိမ်းခြောက်
…………………………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၆

လေတပ်အခြေစိုက်စခန်းတစ်ခုတည်ဆောက်တဲ့ ကုန်ကျစရိတ်ကို မပေးနိုင်ခင် အမေရိကန်တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်ရင် အီရတ်ကို ကြီးမားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

“ကျွန်တော် အဲဒီမှာ လေတပ်အခြေစိုက်စခန်းတည်ဆောက်တာ အတော်လေးကုန်ကျခဲ့ပါတယ်။ တည် ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ကုန်ကျခဲ့တာပါ။ ကျွန်တော် သမ္မတသက်တမ်း မတိုင်ခင်ကတည်းက ကာလရှည်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်ကို ပြန်မပေးရင် ကျွန်တော် တို့ အီရတ်က ထွက်ခွာမှာ မဟုတ်ပါဘူး” လို့ တနင်္ဂနွေနေ့က သတင်းထောက်တွေကို ထရမ့်က ပြောကြားခဲ့ ပါတယ်။

အီရတ်ယာယီဝန်ကြီးချုပ်ဦးဆောင်မှုနဲ့ အီရတ်လွှတ်တော်အမတ်တွေဟာ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေကို နိုင်ငံက မောင်းထုတ်ဖို့နဲ့ အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တွေဆီက စစ်ရေးအကူအညီတောင်းခံမှုတွေကို ဖျက်သိမ်း ရေး ဥပဒေမူကြမ်းတစ်ခုကို လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာကြောင့် ထရမ့်က အခုလို ခြိမ်းခြောက်ပြော ကြားလိုက်တာဖြစ်ပါတယ်။

Ref;Reuters

#PeopleMedia #International


Share this post