• Follow Us on

Home အေမရိကန္တပ္ဖြဲ႕၀င္ေတြနဲ႕ မဟာမိတ္ေတြကို ထိခိုက္ေအာင္လုပ္္လွ်င္ ျပက္ျပက္သားသား လက္တံု႕ျပန္မည္ဟု ပြန္ပီယို သတိေပး

အေမရိကန္တပ္ဖြဲ႕၀င္ေတြနဲ႕ မဟာမိတ္ေတြကို ထိခိုက္ေအာင္လုပ္္လွ်င္ ျပက္ျပက္သားသား လက္တံု႕ျပန္မည္ဟု ပြန္ပီယို သတိေပး

Share this post

ေဒသတြင္း မဟာမိတ္ေတြနဲ႕ အေမရိကန္တပ္ဖြဲ႕၀င္ေတြကို ထိခိုက္ေအာင္လုပ္ရန္ ျပက္ျပက္သားသား လက္တံု႕ျပန္သြားမယ္လို႕ အေမရိကန္က အီရန္ကို သတိေပးေျပာၾကားလိုက္ပါတယ္။

အီရန္ကျဖစ္ေစ ၄င္းနဲ႕ ဆက္ႏြယ္မႈရွိသူေတြက ျဖစ္ေစ အေမရိကန္နဲ႕ မဟာမိတ္ေတြသို႕မဟုတ္ အက်ိဳးစီးပြားကို ထိခိုက္ေအာင္လုပ္လာရင္ လက္တံု႕ျပန္မယ့္အေၾကာင္း အေမရိကန္ႏုိင္ငံျခားေရး၀န္ၾကီး မိုက္ ပြန္ပီယိုက ေသာၾကာေန႕ ထုတ္ျပန္ခ်က္ထဲမွာ ေျပာဆိုထားပါတယ္။

အီရတ္က ဘဂၢဒက္ေလဆိပ္အနီး အေမရိကန္တပ္ဖြဲ႕၀င္ေတြရွိေနတဲ့ စစ္စခန္းတစ္ခုကို ေရာ႕ကတ္ေတြနဲ႕ ဒီဇင္ဘာ ၉ ရက္နဲ႕ ၁၁ ရက္ေန႕ေတြမွာ တုိက္ခုိက္မႈဟာလည္း အီရန္ ေထာက္ပံ့ထားတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ လက္ခ်က္ျဖစ္တယ္လို႕ ပြန္ပီယိုက ေျပာၾကားခဲ့ပါတယ္။
ျပီးခဲ့တဲ့ တနလၤာေန႕ ေရာ႕ကတ္နဲ႕ တိုက္ခိုက္မႈဟာအ အီရတ္လံုျခံဳေရးတပ္ဖြဲ႕၀င္ ၅ ဦးဒဏ္ရာရခဲ့ျပီး ၂ ဦး အေရးေပၚ အေျခအေနမွာရွိေနပါတယ္။

Ref; .militarytimes.com

#Peoplemedia

(unicode)
အမေရိကန်တပ်ဖွဲ့၀င်တွေနဲ့ မဟာမိတ်တွေကို ထိခိုက်အောင်လုပ််လျှင် ပြက်ပြက်သားသား လက်တုံ့ပြန်မည်ဟု ပွန်ပီယို သတိပေး
————————————————-

ဒေသတွင်း မဟာမိတ်တွေနဲ့ အမေရိကန်တပ်ဖွဲ့၀င်တွေကို ထိခိုက်အောင်လုပ်ရန် ပြက်ပြက်သားသား လက်တုံ့ပြန်သွားမယ်လို့ အမေရိကန်က အီရန်ကို သတိပေးပြောကြားလိုက်ပါတယ်။

အီရန်ကဖြစ်စေ ၄င်းနဲ့ ဆက်နွယ်မှုရှိသူတွေက ဖြစ်စေ အမေရိကန်နဲ့ မဟာမိတ်တွေသို့မဟုတ် အကျိုးစီးပွားကို ထိခိုက်အောင်လုပ်လာရင် လက်တုံ့ပြန်မယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး မိုက် ပွန်ပီယိုက သောကြာနေ့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

အီရတ်က ဘဂ္ဂဒက်လေဆိပ်အနီး အမေရိကန်တပ်ဖွဲ့၀င်တွေရှိနေတဲ့ စစ်စခန်းတစ်ခုကို ရော့ကတ်တွေနဲ့ ဒီဇင်ဘာ ၉ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ တိုက်ခိုက်မှုဟာလည်း အီရန် ထောက်ပံ့ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပွန်ပီယိုက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ ရော့ကတ်နဲ့ တိုက်ခိုက်မှုဟာအ အီရတ်လုံခြုံရေးတပ်ဖွဲ့၀င် ၅ ဦးဒဏ်ရာရခဲ့ပြီး ၂ ဦး အရေးပေါ် အခြေအနေမှာရှိနေပါတယ်။

Ref; .militarytimes.com

#Peoplemedia


Share this post