• Follow Us on

Home အမေရိကန်တပ်မတော်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးရန် ပင်တဂွန်ခွင့်ပြု

အမေရိကန်တပ်မတော်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးရန် ပင်တဂွန်ခွင့်ပြု

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀ (People Media)

 

အမေရိကန်တပ်မတော်သားအားလုံးအတွက် Covid-19 ကာကွယ်ဆေးထိုးရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကို ဗစ်မူကွဲရောဂါကူးစက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်နေစဉ်အတွင်း ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာ နေ့က ပြောကြားလိုက်သည်။

 

လက်ရှိကာကွယ်ဆေးများကို အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့က အ ပြည့်အဝ အသိအမှတ်ပြုထားခြင်းမရှိသည့်တိုင်အောင် သီတင်းပတ်ငါးပတ်အတွင်း ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်သွားနိုင်ရန် သမ္မတဂျိုးဘိုင်ဒန်ထံ တင်ပြသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက် သြစတင်ကပြောသည်။

 

သို့သော် ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ်မစတင်မီ Pfizer ကာကွယ်ဆေး ထောက်ခံချက်ရပါက ခွင့်ပြုမိန့်မှာ ယခုထက်စောလျင်စွာရောက်လာနိုင်ကြောင်းသိရသည်။ Pfizer ကာကွယ်ဆေးသည် စက်တင်ဘာလဆန်းပိုင်း လောက်တွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့ (FDA) ၏ ထောက်ခံချက်ကို အပြည့်အဝရရှိနိုင် သည်ဟုထင်ကြောင်း တပ်မတော်အရာရှိများကပြောသည်။

 

Covid-19 ကာကွယ်ဆေးများမှာ အရေးပေါ်ထောက်ခံချက်များသာရှိသည့်အတွက် အခြားကာကွယ်ဆေးများ ထိုးနှံနေစဉ်အတွင်း အမေရိကန်စစ်တပ်အနေဖြင့် အမေရိကန်တပ်မတော်သားများကို ကာကွယ်ဆေးထိုးရန် ဖိ အားပေးခြင်းမရှိခဲ့ပေ။

 

စက်တင်ဘာလလယ်လောက်တွင် Pfizer ကာကွယ်ဆေး(သို့မဟုတ်)အခြားကာကွယ်ဆေးတစ်မျိုးမျိုး အစားအ သောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့ (FDA) ၏ ထောက်ခံချက်မရရှိခဲ့ပါက ၎င်းအနေဖြင့် သမ္မတဂျိုးဘိုင်ဒန်၏ ထောက်ခံချက်ရရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြစတင်ကပြောသည်။ ကာကွယ်ဆေး သည် အသက်များကို ကယ်တင်နိုင်ကြောင်း သမ္မတဂျိုးဘိုင်ဒန်ကပြောသည်။

 

ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ကာကွယ်ဆေးထောင်ပေါင်းများစွာကို အစုလိုက်အပြုံလိုက် သိုလှောင်ထားရှိရန် မျှော်လင့်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကီယာဘိုင်ကပြောသည်။ လက်ရှိအချိန် တွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန်စစ်သည် ၁.၄ သန်းအနက် ၇၃% မှာ ကာကွယ်ဆေးအနည်းဆုံး  တစ်ကြိမ်ထိုးပြီးသော်လည်း တာဝန်ထမ်းဆောင်ဆဲ ၁.၁ သန်းမှာ ကာကွယ်ဆေးထိုးဖို့လိုသေးကြောင်းသိရ သည်။

 

Ref: Pentagon to Mandate COVID Shots for Military

#PeopleMedia #အမေရိကန်တပ်မတော်

(unicode)


………………………………………………………………








Ref: Pentagon to Mandate COVID Shots for Military


 

 

 


Share this post