• Follow Us on

Home အမေရိကန်တပ်မတော် A-10 တိုက်လေယာဉ်များကို ဆက်လက်အားထားနေရဆဲ

အမေရိကန်တပ်မတော် A-10 တိုက်လေယာဉ်များကို ဆက်လက်အားထားနေရဆဲ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၅ (People Media)

 

အမေရိကန်လေတပ်သည် ကိုယ်ပျောက်တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များကို ပိုမိုနှစ်သက်ပြီး A-10 တိုက်လေယာဉ်များကို အနားပေးလိုသော်လည်း ကွန်ဂရက်လွှတ်တော်၏ ဖိအားပေးမှုများနှင့် အီရတ်နှင့် အာ ဖဂန်စစ်ပွဲတို့မှ ဆက်စပ်အဖြစ်အပျက်များကြောင့် အာဖရိကတောဝက်ဟု အမည်ပေးထားသော A-10 တိုက် လေယာဉ်များကို ဆက်လက်အားကိုးနေရသည်။

 

အမေရိကန်စစ်သင်္ဘောများကို စိန်ခေါ်ရန်အတွက် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရင်းမြစ်များစွာထုတ်သုံးရန် လိုအပ် မည်မဟုတ်ပေ။ တရုတ်နိုင်ငံသည် ကြီးမားသောရေတပ်ကိုတည်ဆောက်နေပြီး သင်္ဘောများကို ပစ်ခတ်နိုင်ရန် တာဝေးပစ်ဒုံးကျည်များထုတ်လုပ်လျက်ရှိသည်။ အီရန်နိုင်ငံမှာ အင်အားကောင်းလွန်းသောရေတပ်ကိုမတည် ဆောက်ဘဲ ဒုံးကျည်တင်ရေယာဉ်ငယ် အများအပြားကိုတည်ဆောက်ထားသည်။

 

အင်းစက်ပိုးများများအစုအဝေးတစ်ခုကဲ့သို့ ရေယာဉ်ငယ်အစုအဝေးတစ်ခုမှာလည်း ရေတပ်အင်အားကြီးတစ်ခု လိုခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ပို၍ဈေးကြီးသောစစ်သင်္ဘောမှာ ယင်းရေယာဉ်ငယ်အားလုံးကို တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ဒုံးကျည်တစ်လုံးတည်းကလည်း ရန်သူ့ပစ်မှတ်ကို ပစ်ခတ်ဖြိုခွင်းနိုင်စွမ်းရှိသည်။

 

သို့ဖြစ်၍ အမေရိကန်တပ်မတော်က ဖြစ်ပေါ်လာနိုင်စွမ်းရှိသော ခြိမ်းခြောက်မှုကို A-10 တိုက်လေယာဉ်များနှင့် ကာကွယ်တိုက်ခိုက်ရန် လက်တွေ့ပြင်ဆင်နေခြင်းဖြစ်သည်။

 

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် A-10 တိုက်လေယာဉ်များသည် ကနေဒါ CF-18 Hornet တိုက်လေ ယာဉ်များနှင့်အတူ ဖလော်ရီဒါ Choctawatchee ပင်လယ်ကွေ့ရှိ သင်္ဘောပစ်မှတ်များကို သဏ္ဍန်လုပ် တိုက် ခိုက်ခဲ့သည်။ ရေပြင်မှရေယာဉ်ငယ်များကို အမေရိကန်လေတပ်ကငှားရမ်းထားသည့် ဒေသခံရေယာဉ်မှူးများက ထိန်းကျောင်းမောင်းနှင့်ခြင်းဖြစ်ပြီး လေယာဉ်များက အမှန်တကယ်ပစ်ခတ်ခြင်းမရှိပေ။

 

ယင်းလေ့ကျင့်မှုမှာ သဏ္ဍန်လုပ်ပစ်ခတ်ခြင်းသာဖြစ်သည်။ အရပ်သားရေယာဉ်မှူးများမှာ “တကယ့်စစ်မြေပြင် သဏ္ဍန်ပြုလုပ်ထားသော ရေယာဉ်စု အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုလေ့ကျင့်ခန်း” ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ ရကြောင်း၊ ယင်းလေ့ကျင့်ခန်းတွင် စက်သေနတ်အတုများဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်လေတပ် က ထုတ်လွှင့်ကြေညာခဲ့သည်။

 

လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ၃၀ မမ ဆုံလည်စက်အမြောက်တပ်ဆင်ထားပြီး ဗုံးအမျိုးမျိုးနှင့် ဒုံးကျည်အ မျိုးမျိုးသယ်ဆောင်နိုင်စွမ်းရှိသော ၁၉၈၀ ပြည့်နှစ်ထုတ် A-10 တိုက်လေယာဉ်များက မောင်းသူမဲ့ရေယာဉ်ငယ် များကို ကျည်တုများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

Ref: The U.S. Military Still Relies on the Trusty A-10 Warthog

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: The U.S. Military Still Relies on the Trusty A-10 Warthog

 

#PeopleMedia


Share this post