• Follow Us on

Home အမေရိကန်တပ်များ အာဖဂန်မှ ဆုတ်ခွာလာမှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း ဝေဖန်

အမေရိကန်တပ်များ အာဖဂန်မှ ဆုတ်ခွာလာမှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း ဝေဖန်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၇ (People Media)

 

အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း အက်ရှ်တွန်ဘီကာတာသည် ဟားဗတ်ကနေဒီ နိုင်ငံရေးအင်စတီကျု တွင် အောက်တိုဘာလ ၆ ရက်နေ့က ကျင်းပသောဆွေးနွေးပွဲ၌ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များပြန် လည်ဆုတ်ခွာခဲ့ခြင်းကို ဝေဖန်ပြောဆိုလိုက်သည်။

 

အမေရိကန်၏အရှည်ကြာဆုံးစစ်ပွဲကို အဆုံးသတ်လိုက်သော အာဖဂန်နစ္စတန်ရှိ အမေရိကန်နောက်ဆုံးတပ်ဖွဲ့ ဝင်များကို သမ္မတဂျိုးဘိုင်ဒန်က ပြန်လည်ခေါ်ယူခဲ့ပြီး တစ်လကျော်ကျော်လေးအတွင်းတွင် အမေရိကန်စီးပွား ရေးပညာရှင်နှင့် တက္ကသိုလ်မဟာဌာနမှူးဖြစ်သူ HKS Dean Douglas W. Elmendorf ကြီးကြပ်ထိန်းသိမ်း သော အဆိုပါဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

 

ဘိုင်ဒန်သည် အမေရိကန်တပ်ဖွဲ့များကို အလျင်စလိုဆုတ်ခွာခိုင်းခဲ့ကြောင်း၊ အိုဘားမားအစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်တွင် ထားရှိရေးနှင့် ပတ်သက်၍ ၎င်း၏တာဝန်ကိုပြန်လည်သတိရမိကြောင်း ကာကွယ်ရေးဝန်ကြီးဟောင်း အက်ရှ်တွန်ဘီကာတာက ဗုဒ္ဓဟူးနေ့က ပြောသည်။

 

“ကျွန်တော် ကာကွယ်ရေးဝန်ကြီးကနုတ်ထွက်လာခဲ့တုန်းက ဒီစစ်ပွဲ (အာဖဂန်စစ်ပွဲ) မှာ ကာကွယ်ရေးဝန်ကြီး ဟာ ဘယ်လောက်ခေတ်မစားလိုက်သလဲဆိုတာ ကျွန်တော်သိလိုက်ရတယ်။ မှန်ကန်တဲ့နည်းလမ်းအတိုင်း သွားပြီး မှန်ကန်တဲ့နည်းလမ်းအတိုင်းလုပ်ဖို့ဆိုတာ အဲဒီစစ်ပွဲမှာပါဝင်ဖို့ဆိုတာကို ယုံကြည်ရာမှာ ကျွန်တော့် တိုင်းပြည်ထဲမှာ ကျွန်တော်ဟာ အနည်းစုထဲမှာပါပါတယ်။ ကျွန်တော်ပြောခဲ့သလို လျှို့ဝှက်သင့်တဲ့အရာကို လျှို့ဝှက်ထားရမှာဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကာလတစ်ခုအထိ အာဖဂန်နစ္စတန်မှာ ဆက် ထားသင့်တယ်ဆိုတာကို ယုံကြည်တဲ့သူတွေထဲမှာ ကျွန်တော်ပါပါတယ်။” ဟု ၎င်းကပြောသည်။

 

အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များထားရှိခြင်းကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများကိုကာကွယ်ထားသ လို အရှေ့အလယ်ပိုင်းဒေသအတွင်း မဟာဗျူဟာမြောက်စခန်းချထားခြင်းလည်းဖြစ်ကြောင်း အက်ရှ်တွန်ဘီကာ တာက ထောက်ပြပြောဆိုခဲ့သည်။ ဥပမာအားဖြင့် အာဖဂန်နစ္စတန်နိုင်ငံ ဂျလာလာဘတ်တွင် အမေရိကန်တပ်ဖွဲ့ ဝင်များမရှိပါက ပါကစ္စတန်နိုင်ငံ အက်ဘိုတာဘက်ရှိ ဘင်လာဒင်အား အမေရိကန်တပ်များက လုပ်ကြံသတ် ဖြတ်နိုင်ခဲ့မည်မဟုတ်ကြောင်း ကာတာကပြောသည်။

 

Ref: Former U.S. Secretary of Defense Criticizes American Withdrawal from Afghanistan at IOP

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

Ref: Former U.S. Secretary of Defense Criticizes American Withdrawal from Afghanistan at IOP

 

#PeopleMedia


Share this post