• Follow Us on

Home အမေရိကန်တပ်များ နောက်ဆုံးသတ်မှတ်ရက် သြဂုတ် ၃၁ ရက်ထက်ကျော်လွန်ပါက နောက်ဆက်တွဲဆိုးကျိုး များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း တာလီဘန်အဖွဲ့ သတိပေး

အမေရိကန်တပ်များ နောက်ဆုံးသတ်မှတ်ရက် သြဂုတ် ၃၁ ရက်ထက်ကျော်လွန်ပါက နောက်ဆက်တွဲဆိုးကျိုး များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း တာလီဘန်အဖွဲ့ သတိပေး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့များ သြဂုတ်လ ၃၁ ရက်နေ့နောက်ဆုံး ထားဆုတ်ခွာမည့်အစီအစဉ်ကို အမေရိကန်နှင့် ဗြိတိန်တို့က ထပ်မံသက်တမ်းတိုးမြှင့်မည်ဆိုပါက နောက်ဆက် တွဲဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း တာလီဘန်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆူဟိုင်လ်ရှာဟန်း က သြဂုတ်လ ၂၃ ရက်နေ့ကပြောသည်။

 

“တကယ်လို့များ အမေရိကန်ကဖြစ်စေ ဗြိတိန်ကဖြစ်စေ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းပေးတဲ့အစီအစဉ်အတွက် အချိန်ထပ်တိုးယူမယ်ဆိုလို့ရှိရင် အဖြေကတော့ နိုးပါပဲလို့ပြောချင်တယ်။ အဲဒီလိုလုပ်ခဲ့ရင် နောက်ဆက်တွဲဆိုး ကျိုးတွေကို ကြုံတွေ့ရမှာဖြစ်ပြီး သူတို့နဲ့ ကျွန်တော်တို့ကြားမှာ မယုံကြည်မှုကိုဖန်တီးလိုက်တာပဲဖြစ်လိမ့်မယ်။ သူတို့ အာဖဂန်ကိုဆက်လက်သိမ်းပိုက်ဖို့ကြိုးစားရင် တုံ့ပြန်မှုနဲ့ကြုံရမှာပဲဖြစ်တယ်။” ဟု ၎င်းကပြောသည်။

 

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့ပါဝင်သော G7 ထိပ်သီးခုနစ် နိုင်ငံ၏ လက်ရှိဥက္ကဋ္ဌဖြစ်သော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က G7 အရေးပေါ်အစည်းအဝေးကျင်းပရန် အင်္ဂနေ့ကဖိတ်ကြားလိုက်ပြီးနောက် တာလီဘန်အဖွဲ့၏သတိပေးကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အ စည်းအဝေး၌ထည့်သွင်းဆွေးနွေးမည့်အစီအစဉ်များတွင် အာာဖဂန်နစ္စတန်မှ သြဂုတ်လ ၃၁ ရက်နေ့နောက်ဆုံး ထားဆုတ်ခွာမည့်အစီအစဉ်ကို ထပ်မံရက်တိုးသတ်မှတ်နိုင်ရေး အမေရိကန်အစိုးရအားတိုက်တွန်းရန် ကမ္ဘာ့ ခေါင်းဆောင်များကို တိုက်တွန်းရေးအစီအစဉ်ပါရှိကြောင်းသိရသည်။

 

တာလီဘန်တို့၏ရက်စက်ကြမ်းကြုပ်မှုကိုကြောက်ရွံသဖြင့် အာဖဂန်ပြည်သူများက နိုင်ငံမှ အသက်လုထွက်ပြေး ရန်ကြိုးစားနေသောကြောင့် ကဘူးလေဆိပ်အတွင်း ဆိုးရွားလှသည့်မြင်ကွင်းများကိုမြင်နေကြရသည်။ ယင်းဖြစ် စဉ်များနှင့်ပတ်သက်၍ အဆိုပါလူအုပ်ကြီးမှာ “စီးပွားရေးအရ ရွှေ့ပြောင်းသွားလာခြင်း” ဖြစ်ကြောင်း တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

 

“ကျွန်တော်ပြောရဲတယ်။ ဒီလူအုပ်ကြီးတွေပြေးတာဟာကြောက်လို့ပြေးတာမဟုတ်ပါဘူး။ သူတို့ အနောက်နိုင်ငံ တွေမှာ အခြေချနေထိုင်ချင်ကြတယ်။ ဒါဟာ စီးပွားရေးအခြေအနေရ ရွှေ့ပြောင်းသွားလာခြင်း တစ်မျိုးပါပဲ။ ဘာ ကြောင့်လဲဆိုတော့ အာဖဂန်နစ္စတန်က ဆင်းရဲတဲ့တိုင်းပြည်လေဗျာ။ အာဖဂန်ပြည်သူ ၇၀% ဟာ အလွန်ဆင်းရဲ ကျပ်တည်းစွာနေထိုင်ကြရတယ်။ ဒါ့ကြောင့်လည်း ပိုမိုကောင်းမွန်တဲ့ဘဝတွေတည်ဆောက်နိုင်ဖို့ လူတိုင်းက အ နောက်နိုင်ငံတွေမှာ အခြေချချင်ကြတယ်။ ဒါက ကြောက်ရွံ့လို့ပြေးတာ မဟုတ်ပါဘူး။” ဟု ဒေါက်တာဆူဟိုင်လ် ရှာဟန်းကပြောသည်။

 

ယခင်အစိုးရဟောင်း၏ဝန်ထမ်းများကို တစ်အိမ်တက်ဆင်းလိုက်လံရှာဖွေနေသည်ဆိုသည့်သတင်းများနှင့်ပတ် သက်၍ ဒေါက်တာဆူဟိုင်လ်ရှာဟန်းအားမေးမြန်းရာ “သတင်းတုတွေပါဗျာ။ တကယ့်ဖြစ်ရပ်မှန်ကိုအခြေမခံဘဲ ကျွန်တော်တို့ကိုဆန့်ကျင်နေတဲ့သူတွေတင်နေတဲ့သတင်းတုတွေအများကြီးရှိပါတယ်။” ဟု ၎င်းကပြောသည်။

 

အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ မေးမြန်းရာတွင် “အမျိုးသမီးတွေ ဝတ်ရုံခြုံထားသမျှကာလပတ်လုံး အ မျိုးသားတွေနဲ့တန်းတူအခွင့်အရေးရှိပါတယ်။ အခု ကျောင်းဆရာမတွေ အလုပ်ပြန်ဝင်နေကြပြီ။ ဘာမှ မဆုံးရှုံးပါ ဘူး။ အမျိုးသမီးဂျာနယ်လစ်တွေလည်း သူတို့အလုပ် သူတို့ပြန်လုပ်နေကြပြီ။ ဘာအခွင့်အရေးမှ ဆုံးရှုံးတာမရှိပါ ဘူး။” ဟု ၎င်းကပြောသည်။

 

Ref: Taliban warns of ‘consequences’ if August 31 deadline for US-led troop withdrawal is extended

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Taliban warns of ‘consequences’ if August 31 deadline for US-led troop withdrawal is extended

 

#PeopleMedia


Share this post