• Follow Us on

Home အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံးသူ ၁ သိန္းေက်ာ္ရွိလာ

အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံးသူ ၁ သိန္းေက်ာ္ရွိလာ

Share this post

၀ါရွင္တန္၊ ေမ ၁၈

အေမရိကန္ႏိုင္ငံတြင္ ၄ လ မျပည့္ခင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁ သိန္းေက်ာ္ေနၿပီျဖစ္သည္။

ကမၻာတ၀န္းကူးစက္ခံရမႈ၏ ၃၀ ရာခိုင္ႏႈန္းျဖစ္သည့္ ကူးစက္ခံရသူ ၁.၆၇ သန္းေက်ာ္ရွိၿပီး ေသဆုံးမႈႏႈန္း လည္းအမ်ားဆုံးျဖစ္သည္။

ဇန္နဝါရီ ၂၁ ရက္က ဝါရွင္တန္ျပည္နယ္တြင္ အေမရိကန္၏ ပထမဆုံးကူးစက္ခံရမႈရွိခဲ့သည္။

ကမၻာတ၀န္းတြင္ ကူးစက္ခံရသူ ၅.၆ သန္းေက်ာ္ရွိေနၿပီး ေသဆုံးသူ ၃၅၄၉၈၃ ေယာက္ရွိေနသည္။

ေမရီလန္းမွဂြၽန္ေဟာ့ကင္းတကၠသိုလ္၏စာရင္းအရ အေမရိကန္တြင္ေသဆုံးသူ ၁၀၀၂၇၆ ေယာက္ရွိေနသည္။

Ref : Coronavirus deaths in US top 100,000

#PeolpleMedia

(Unicode)
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁ သိန်းကျော်ရှိလာ
………………………………………………………

ဝါရှင်တန်၊ မေ ၁၈

အမေရိကန်နိုင်ငံတွင် ၄ လ မပြည့်ခင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းကျော်နေပြီဖြစ်သည်။

ကမ္ဘာတဝန်းကူးစက်ခံရမှု၏ ၃၀ ရာခိုင်နှုန်းဖြစ်သည့် ကူးစက်ခံရသူ ၁.၆၇ သန်းကျော်ရှိပြီး သေဆုံးမှုနှုန်း လည်းအများဆုံးဖြစ်သည်။

ဇန်နဝါရီ ၂၁ ရက်က ဝါရှင်တန်ပြည်နယ်တွင် အမေရိကန်၏ ပထမဆုံးကူးစက်ခံရမှုရှိခဲ့သည်။

ကမ္ဘာတဝန်းတွင် ကူးစက်ခံရသူ ၅.၆ သန်းကျော်ရှိနေပြီး သေဆုံးသူ ၃၅၄၉၈၃ ယောက်ရှိနေသည်။

မေရီလန်းမှဂျွန်ဟော့ကင်းတက္ကသိုလ်၏စာရင်းအရ အမေရိကန်တွင်သေဆုံးသူ ၁၀၀၂၇၆ ယောက်ရှိနေသည်။

Ref : Coronavirus deaths in US top 100,000

#PeolpleMedia


Share this post