• Follow Us on

Home အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမထိုးမေနရမဟုတ္ေၾကာင္း ေရြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္ေျပာ

အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမထိုးမေနရမဟုတ္ေၾကာင္း ေရြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္ေျပာ

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၅

အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးရလာပါက အေမရိကန္ႏိုင္ငံသားမ်ားကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးရန္ အတင္းအၾကပ္လုပ္သြားမည္မဟုတ္ဟု အေမရိကန္ေ႐ြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္ကေျပာသည္။

မိမိအိမ္တြင္မဟုတ္ပါက အခန္းတြင္း၌ပင္ ႏွာေခါင္းစည္းမ်ားတပ္ထားရန္ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရး ဗဟိုဌာန(CDC)က ပထမဆံုးအႀကိမ္အေနႏွင့္တိုက္တြန္းၿပီးေနာက္ပိုင္း ဘိုင္ဒန္က မွတ္ခ်က္ျပဳျခင္းျဖစ္သည္။

ဇန္နဝါရီ ၂၀ ရက္တြင္ သမၼတအျဖစ္က်မ္းက်ိန္သစၥာျပဳမည့္အခမ္းအနားကိုလည္း ကို႐ိုနာဗိုင္းရပ္စ္စိုးရိမ္မႈမ်ား ေၾကာင့္ လူမ်ားမ်ားမပါဘဲ အက်ဥ္းခ်ံဳးက်င္းပသြားမည္ဟု မစၥတာ ဘိုင္ဒန္ကေျပာသည္။

၉၅ ရာခိုင္ႏႈန္းအစြမ္းထက္သည္ဟုဆိုသည့္ ဖိုင္ဇာကုမၸဏီ၏ကာကြယ္ေဆးႏွင့္ ၉၄ ရာခိုင္ႏႈန္းအစြမ္း ထက္သည္ဟုဆိုေသာ မက္ဒါးနားကုမၸဏီ၏ေဆးမ်ားကို အေမရိကန္အစားအစာႏွင့္ ေဆးဝါးႀကီး ၾကပ္ကြပ္ကဲမႈဌာနထံ အေရးေပၚအသံုးျပဳခြင့္ေလွ်ာက္ထားသည္။

ေသာၾကာေန႔တြင္ အေမရိကန္ဒုတိယသမၼတ မိုက္ ပန္႔စ္က ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို လာမည့္တပတ္ေက်ာ္အတြင္း အတည္ျပဳေပးမည္ဟုေျပာသည္။

ေသာၾကာေန႔တြင္ အေမရိကန္၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၂၂၅၀၀၀ နီးပါးျမင့္တက္ခဲ့ၿပီး ေသဆံုးသူ ၂၅၀၀ ေက်ာ္႐ွိခဲ့သည္။

ထို႔ေၾကာင့္ အတည္ျပဳလူနာ ၁၄.၃ သန္းေက်ာ္လာၿပီး ေသဆံုးသူ ၂၇၈၀၀၀ ေက်ာ္႐ွိေနသည္။

Ref : Joe Biden: Covid vaccination in US will not be mandatory

#PeopleMedia

(unicode)
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမထိုးမနေရမဟုတ်ကြောင်း ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်ပြော
…………………………………………………………

ဝါရှင်တန်၊ ဒီဇင်ဘာ ၅

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရလာပါက အမေရိကန်နိုင်ငံသားများကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် အတင်းအကြပ်လုပ်သွားမည်မဟုတ်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်ကပြောသည်။

မိမိအိမ်တွင်မဟုတ်ပါက အခန်းတွင်း၌ပင် နှာခေါင်းစည်းများတပ်ထားရန် အမေရိကန်ရောဂါထိန်းချုပ်ရေး ဗဟိုဌာန(CDC)က ပထမဆုံးအကြိမ်အနေနှင့်တိုက်တွန်းပြီးနောက်ပိုင်း ဘိုင်ဒန်က မှတ်ချက်ပြုခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ်ကျမ်းကျိန်သစ္စာပြုမည့်အခမ်းအနားကိုလည်း ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုများ ကြောင့် လူများများမပါဘဲ အကျဉ်းချုံးကျင်းပသွားမည်ဟု မစ္စတာ ဘိုင်ဒန်ကပြောသည်။

၉၅ ရာခိုင်နှုန်းအစွမ်းထက်သည်ဟုဆိုသည့် ဖိုင်ဇာကုမ္ပဏီ၏ကာကွယ်ဆေးနှင့် ၉၄ ရာခိုင်နှုန်းအစွမ်း ထက်သည်ဟုဆိုသော မက်ဒါးနားကုမ္ပဏီ၏ဆေးများကို အမေရိကန်အစားအစာနှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲမှုဌာနထံ အရေးပေါ်အသုံးပြုခွင့်လျှောက်ထားသည်။

သောကြာနေ့တွင် အမေရိကန်ဒုတိယသမ္မတ မိုက် ပန့်စ်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမည့်တပတ်ကျော်အတွင်း အတည်ပြုပေးမည်ဟုပြောသည်။

သောကြာနေ့တွင် အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၂၅၀၀၀ နီးပါးမြင့်တက်ခဲ့ပြီး သေဆုံးသူ ၂၅၀၀ ကျော်ရှိခဲ့သည်။

ထို့ကြောင့် အတည်ပြုလူနာ ၁၄.၃ သန်းကျော်လာပြီး သေဆုံးသူ ၂၇၈၀၀၀ ကျော်ရှိနေသည်။

Ref : Joe Biden: Covid vaccination in US will not be mandatory

#PeopleMedia


Share this post