• Follow Us on
Latest News

Home အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၃ သန္းခန္႔ စတင္ျဖန္႔ခ်ိ၊ က်န္းမာေရး၀န္ထမ္းမ်ားႏွင့္ လူအို႐ံုမ်ားကို ဦးစားေပးထိုးေပးမည္

အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၃ သန္းခန္႔ စတင္ျဖန္႔ခ်ိ၊ က်န္းမာေရး၀န္ထမ္းမ်ားႏွင့္ လူအို႐ံုမ်ားကို ဦးစားေပးထိုးေပးမည္

Share this post

 

ကာလာမူဇူး၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တနဂၤေႏြေန႔အေစာပိုင္းတြင္ အေမရိကန္ျပည္ေထာင္စုတခြင္သို႔ ပထမဆံုးကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး မ်ားကို ကုန္တင္ကားမ်ား၊ ေလယာဥ္မ်ားျဖင့္စတင္ျဖန္႔ခ်ိခဲ့သည္။

မစ္ခ်ီဂန္ျပည္နယ္႐ွိဖိုင္ဇာကုမၸဏီစက္႐ံုမွႏွာေခါင္းစည္းမ်ားတပ္ဆင္ထားသည့္အလုပ္သမားမ်ားက ဂ်ာမနီ ေဆးသုေတသနကုမၸဏီ ဘိုင္ယြန္းတက္ခ္ႏွင့္ပူးေပါင္းထုတ္လုပ္သည့္ကာကြယ္ေဆးမ်ားကို တနဂၤေႏြေန႔ မနက္ ၆ နာရီခြဲတြင္စတင္၍ ေရခဲေျခာက္မ်ားျဖင့္ထုပ္ပိုးခဲ့သည္။

ေဆး ၃ သန္းခန္႔ကို စတင္ထုတ္ေပးခဲ့ၿပီး အေမရိကန္ျပည္ေထာင္စုတခြင္ ကူးစက္မႈ၊ ေဆး႐ံုတက္ကုသရ မႈႏွင့္ ေသဆံုးမႈမ်ားျမင့္တက္ေနခ်ိန္တြင္ က်န္းမာေရး၀န္ထမ္းမ်ားႏွင့္ လူအို႐ံုတြင္ေနထိုင္သူမ်ားကို ဦးစား ေပးထိုးေပးသြားမည္ျဖစ္သည္။

အခ်ိန္ခြဲၿပီး ဖိုင္ဇာကာကြယ္ေဆးပထမအသုတ္ကိုပို႔ေဆာင္သြားမည္ျဖစ္ၿပီး တနလၤာေန႔တြင္ ျဖန္႔ခ်ိေရး စင္တာ ၁၄၅ ခုႏွင့္ အဂၤါေန႔တြင္ ၄၂၅ ခု၊ ဗုဒၶဟူးေန႔တြင္ က်န္႐ွိသည့္ ၆၆ ခုသို႔ပို႔ေဆာင္မည္ဟု အေမရိ ကန္အစိုးရ၏ျပည္ေထာင္စုအဆင့္အရာ႐ွိမ်ားကေျပာသည္။

ျပည္နယ္တခုခ်င္းစီ၏အသက္ျပည့္ၿပီးသူဦးေရအခ်က္အလက္မ်ားအရ ျဖန္႔ခ်ိျခင္းျဖစ္သည္။

တနလၤာေန႔မွစတင္၍ ေဆးထိုးေပးရန္ အေမရိကန္ေဆး႐ံုမ်ားျပင္ဆင္ေနၾကၿပီး အေမရိကန္ႏိုင္ငံသား အမ်ားစုကိုထိုးေပးရန္ လေပါင္းမ်ားစြာၾကာမည္ျဖစ္သည္။

မတ္လအကုန္တြင္ အေမရိကန္ႏိုင္ငံသား ၃၀ ရာခိုင္ႏႈန္း(လူ သန္း ၁၀၀ ေက်ာ္)ကို ကာကြယ္ေဆး ထိုးႏိုင္မည္ဟု ခန္႔မွန္းထားေၾကာင္း အေမရိကန္အစိုးရ၏ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ထိန္းခ်ဳပ္ေရး အစီအစဥ္အႀကံေပးပုဂၢိဳလ္ ေဒါက္တာ မြန္ဆက္ ဆလာအြီကေျပာသည္။

Ref : COVID-19 vaccine shipments begin in historic US effort

#PeopleMedia

(unicode)
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၃ သန်းခန့် စတင်ဖြန့်ချိ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူအိုရုံများကို ဦးစားပေးထိုးပေးမည်
………………………………………………………..

ကာလာမူဇူး၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တနင်္ဂနွေနေ့အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စုတခွင်သို့ ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး များကို ကုန်တင်ကားများ၊ လေယာဉ်များဖြင့်စတင်ဖြန့်ချိခဲ့သည်။

မစ်ချီဂန်ပြည်နယ်ရှိဖိုင်ဇာကုမ္ပဏီစက်ရုံမှနှာခေါင်းစည်းများတပ်ဆင်ထားသည့်အလုပ်သမားများက ဂျာမနီ ဆေးသုတေသနကုမ္ပဏီ ဘိုင်ယွန်းတက်ခ်နှင့်ပူးပေါင်းထုတ်လုပ်သည့်ကာကွယ်ဆေးများကို တနင်္ဂနွေနေ့ မနက် ၆ နာရီခွဲတွင်စတင်၍ ရေခဲခြောက်များဖြင့်ထုပ်ပိုးခဲ့သည်။

ဆေး ၃ သန်းခန့်ကို စတင်ထုတ်ပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုတခွင် ကူးစက်မှု၊ ဆေးရုံတက်ကုသရ မှုနှင့် သေဆုံးမှုများမြင့်တက်နေချိန်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် လူအိုရုံတွင်နေထိုင်သူများကို ဦးစား ပေးထိုးပေးသွားမည်ဖြစ်သည်။

အချိန်ခွဲပြီး ဖိုင်ဇာကာကွယ်ဆေးပထမအသုတ်ကိုပို့ဆောင်သွားမည်ဖြစ်ပြီး တနင်္လာနေ့တွင် ဖြန့်ချိရေး စင်တာ ၁၄၅ ခုနှင့် အင်္ဂါနေ့တွင် ၄၂၅ ခု၊ ဗုဒ္ဓဟူးနေ့တွင် ကျန်ရှိသည့် ၆၆ ခုသို့ပို့ဆောင်မည်ဟု အမေရိ ကန်အစိုးရ၏ပြည်ထောင်စုအဆင့်အရာရှိများကပြောသည်။

ပြည်နယ်တခုချင်းစီ၏အသက်ပြည့်ပြီးသူဦးရေအချက်အလက်များအရ ဖြန့်ချိခြင်းဖြစ်သည်။

တနင်္လာနေ့မှစတင်၍ ဆေးထိုးပေးရန် အမေရိကန်ဆေးရုံများပြင်ဆင်နေကြပြီး အမေရိကန်နိုင်ငံသား အများစုကိုထိုးပေးရန် လပေါင်းများစွာကြာမည်ဖြစ်သည်။

မတ်လအကုန်တွင် အမေရိကန်နိုင်ငံသား ၃၀ ရာခိုင်နှုန်း(လူ သန်း ၁၀၀ ကျော်)ကို ကာကွယ်ဆေး ထိုးနိုင်မည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မွန်ဆက် ဆလာအွီကပြောသည်။

Ref : COVID-19 vaccine shipments begin in historic US effort

#PeopleMedia


Share this post