• Follow Us on

Home အေမရိကန္တြင္ ႏွာေခါင္းစည္းမ်ား ၄ ပတ္မွ ၈ ပတ္ၾကာ ၀တ္ဆင္ပါက COVID-19 ကူးစက္မႈမ်ားကို ထိန္း ခ်ဳပ္ႏိုင္မည္ဟု ေရာဂါထိန္းခ်ဳပ္ေရးဌာနေျပာ

အေမရိကန္တြင္ ႏွာေခါင္းစည္းမ်ား ၄ ပတ္မွ ၈ ပတ္ၾကာ ၀တ္ဆင္ပါက COVID-19 ကူးစက္မႈမ်ားကို ထိန္း ခ်ဳပ္ႏိုင္မည္ဟု ေရာဂါထိန္းခ်ဳပ္ေရးဌာနေျပာ

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၁၅

အေမရိကန္ႏိုင္ငံသားအားလံုး ႏွာေခါင္းစည္းတပ္ပါက ၄ ပတ္မွ ၈ ပတ္အတြင္း COVID-19 ကူးစက္ခံရမႈ ျမင့္တက္ေနျခင္းကို ထိန္းခ်ဳပ္ႏိုင္မည္ဟု အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဌာန(CDC) ၫႊန္ ၾကားေရးမွဴး ေရာဘတ္ရက္ဖီးက အဂၤါေန႔တြင္ေျပာသည္။

American Medical Association ဂ်ာနယ္ႏွင့္အြန္လိုင္းမွတစ္ဆင့္ေတြ႕ဆံုေမးျမန္းရာတြင္ ရက္ဖီးကေျဖၾကား ျခင္းျဖစ္သည္။

“အခုခ်က္ခ်င္း လူတိုင္းႏွာေခါင္းစည္းတပ္မယ္ဆိုရင္ ၄ ပတ္ကေန ၈ ပတ္အတြင္း ေရာဂါကိုထိန္းခ်ဳပ္ႏိုင္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” ဟု ရက္ဖီးကေျပာသည္။

ႏွာေခါင္းစည္း၀တ္ဆင္ျခင္းသည္ ျပည္သူ႔က်န္းမာေရးကိစၥျဖစ္ေသာ္လည္း ႏိုင္ငံေရးဆန္လာသည္ကိုျမင္ရသျဖင့္ စိတ္မေကာင္းေၾကာင္းလည္း ၫႊန္ၾကားေရးမွဴးကေျပာသည္။

အဂၤါေန႔က CDC ထုတ္ျပန္ခ်က္အရ ဧၿပီလတြင္ အစိုးရက ႏွာေခါင္းစည္းတပ္ဆင္ရန္ ေထာက္ခံခဲ့ၿပီးေနာက္ အေမရိကန္ႏိုင္ငံသားအမ်ားစု အ၀တ္ႏွာေခါင္းစည္းတပ္ဆင္ထားေၾကာင္းပါ၀င္သည္။

အေမရိကန္ျပည္ေထာင္စုသည္ ကမာၻတြင္ကို႐ိုနာဗိုင္းရပ္စ္အမ်ားဆံုးကူးစက္ခံရသည့္ႏိုင္ငံျဖစ္ၿပီး ကူးစက္ခံထား ရသူ ၃.၃ သန္းေက်ာ္ႏွင့္ ေသဆံုးသူ ၁.၃ သိန္းေက်ာ္႐ွိေနသည္။

Ref : COVID-19 cases could be under control if masks worn for 4-8 weeks: US CDC head

#PeopleMedia

(unicode)
အမေရိကန်တွင် နှာခေါင်းစည်းများ ၄ ပတ်မှ ၈ ပတ်ကြာ ဝတ်ဆင်ပါက COVID-19 ကူးစက်မှုများကို ထိန်း ချုပ်နိုင်မည်ဟု ရောဂါထိန်းချုပ်ရေးဌာနပြော
………………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၅

အမေရိကန်နိုင်ငံသားအားလုံး နှာခေါင်းစည်းတပ်ပါက ၄ ပတ်မှ ၈ ပတ်အတွင်း COVID-19 ကူးစက်ခံရမှု မြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်မည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(CDC) ညွှန် ကြားရေးမှူး ရောဘတ်ရက်ဖီးက အင်္ဂါနေ့တွင်ပြောသည်။

American Medical Association ဂျာနယ်နှင့်အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံမေးမြန်းရာတွင် ရက်ဖီးကဖြေကြား ခြင်းဖြစ်သည်။

“အခုချက်ချင်း လူတိုင်းနှာခေါင်းစည်းတပ်မယ်ဆိုရင် ၄ ပတ်ကနေ ၈ ပတ်အတွင်း ရောဂါကိုထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရက်ဖီးကပြောသည်။

နှာခေါင်းစည်းဝတ်ဆင်ခြင်းသည် ပြည်သူ့ကျန်းမာရေးကိစ္စဖြစ်သော်လည်း နိုင်ငံရေးဆန်လာသည်ကိုမြင်ရသဖြင့် စိတ်မကောင်းကြောင်းလည်း ညွှန်ကြားရေးမှူးကပြောသည်။

အင်္ဂါနေ့က CDC ထုတ်ပြန်ချက်အရ ဧပြီလတွင် အစိုးရက နှာခေါင်းစည်းတပ်ဆင်ရန် ထောက်ခံခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားအများစု အဝတ်နှာခေါင်းစည်းတပ်ဆင်ထားကြောင်းပါဝင်သည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင်ကိုရိုနာဗိုင်းရပ်စ်အများဆုံးကူးစက်ခံရသည့်နိုင်ငံဖြစ်ပြီး ကူးစက်ခံထား ရသူ ၃.၃ သန်းကျော်နှင့် သေဆုံးသူ ၁.၃ သိန်းကျော်ရှိနေသည်။

Ref : COVID-19 cases could be under control if masks worn for 4-8 weeks: US CDC head

#PeopleMedia


Share this post