• Follow Us on

Home အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံ

အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီး ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃ (People Media)

 

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမာ့ခ်မီလီသည် ရုရှားစစ်ဦးစီးအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗာလီရီဂျီရာဆီမော့ဗ်နှင့် စက်တင်ဘာ ၂၂ ရက်နေ့က ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်းကီမြို့တွင် တွေ့ဆုံခဲ့သည်။

 

အာဖဂန်နစ္စတန်ရှိ အယ်ကိုင်ဒါအဖွဲ့နှင့် အိုင်အက်စ်အဖွဲ့တို့ နောက်ထပ်ပြန်လည်စုစည်းပြီး အမေရိကန်နှင့် မဟာ မိတ်များကိုမခြိမ်းခြောက်နိုင်ရေး တိကျသေချာအောင်ဆောင်ရွက်ရန်အတွက် ၎င်းအဖွဲ့များကိုစောင့်ကြည့်ရေး ကူညီရန် လုံခြုံရေးတန်ဖိုးများကိုးတစ်ပေါင်းတည်းစုစည်းခြင်း၊ ထောက်လှမ်းရေးသတင်းများမျှဝေခြင်းနှင့် အခြား သဘာတူညီချက်များရယူခြင်းတို့ကို မြေပြင်တပ်များမပါဝင်ဘဲ ခိုင်မာအောင်ဆောင်ရွက်ရန် အမေရိကန်က လို လားလျက်ရှိသည်။

 

သို့သော် အာဖဂန်နစ္စတန်၏အိမ်နီးချင်းနိုင်ငံများတွင် အမေရိကန်တပ်များတပ်ဖြန့်ချထားခြင်းကို လက်မခံနိုင် ကြောင်း ရုရှားအစိုးရက အမေရိကန်အစိုးရကသတိပေးခဲ့ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရပ် ကော့ဗ်က ဇူလိုင်လအတွင်းကပြောကြားခဲ့သည်။ ရုရှားနိုင်ငံသည် အဆိုပါအရေးပါသည့်နယ်မြေတွင် မည်သည့် အရာများ ဆက်လုပ်ရမည်ဆိုသည့်သဘောထားအမြင်ကို ပြောင်းလဲရုံသာမက အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးကိုပါ ပြောင်းလဲသွားမည်ဖြစ်သည်ကို အမေရိကန်သို့ တိုက်ရိုက်ပြောကြားခဲ့ကြောင်း ၎င်းကပြော သည်။

 

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်တပ်များကို ဗဟိုအာရှနိုင်ငံများတွင် လက်မခံရန်အတွက် သတိပေးရန် အဆိုပါ နိုင်ငံများနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း ဆာဂျီရပ်ကော့ဗ်က ပြောသည်။

 

ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက ရုရှားဗိုလ်ချုပ်ကြီးနှင့်တွေ့ဆုံခဲ့သည့်ဆွေးနွေးပွဲမှ အကြောင်းအရာအသေးစိတ်ကို သ တင်းထောက်များအားပြောကြားခြင်းမရှိပေ။ “ယင်းဆွေးနွေးပွဲမှာ အန္တရာယ်ရှိသောအခြေအနေများလျှော့ချရေး နှင့် စစ်ဆင်ရေးသတင်းအချက်အလက်များ အပြန်အလှန်လဲလှယ်ရေးအတွက် ရည်ရွယ်ပြီး နှစ်နိုင်ငံကြား စစ် ဘက်ဆိုင်ရာခေါင်းဆောင်မှုဆက်သွယ်ရေးကို တိုးမြှင့်ရန်အတွက် ဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက် ခြင်းဖြစ်ကြောင်း” ဗိုလ်ချုပ်ကြီးမာ့ခ်မီလီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဒေ့ဗ်ဘတ္တလာကပြောသည်။

 

အမေရိကန်-ရုရှား နှစ်ဘက်စလုံးက ဆွေးနွေးမှုများနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမပြုရန် သဘောတူညီထားကြောင်း ဗိုလ်မှူးကြီးဒေ့ဗ်ဘတ္တလာကပြောသည်။

 

Ref: US Top Military Officer Meets with Russian Counterpart

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 

Ref: US Top Military Officer Meets with Russian Counterpart

 

#PeopleMedia


Share this post