• Follow Us on

Home အမေရိကန်ထုတ် Javelin ဂျာဗီလင်တင့်ဖျက်ဒုံးကျည်ဖြင့် ရုရှားနိုင်ငံကထောက်ပံ့ထားသည့် တပ်များကို ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းအတည်ပြုပြောကြား

အမေရိကန်ထုတ် Javelin ဂျာဗီလင်တင့်ဖျက်ဒုံးကျည်ဖြင့် ရုရှားနိုင်ငံကထောက်ပံ့ထားသည့် တပ်များကို ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းအတည်ပြုပြောကြား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၅ (People Media)

 

ရုရှားတပ်များကျူးကျော်ဝင်ရောက်လာမည့်ခြိမ်းခြောက်မှုများဖြစ်ပေါ်နေသည့်ကြားမှ ယူကရိန်းတပ်ဖွဲ့ဝင်များ သည် နိုင်ငံအရှေ့ပိုင်း ဒွန်းဘက်နယ်စပ်အနီးတွင် အမေရိကန်ထုတ် Javelin ဂျာဗီလင်တင့်ဖျက်ဒုံးကျည်ဖြင့် ရုရှားနိုင်ငံကထောက်ပံ့ထားသည့် တပ်များကို ပစ်ခတ်ခဲ့ကြောင်းသိရသည်။

 

စွမ်းရည်ကောင်းလှသည့် အဆိုပါဒုံးကျည်ကို ပထမဦးဆုံးအကြိမ်အဖြစ် ပစ်ခတ်ခဲ့သည်မှာမှန်ကန်ကြောင်း ရုရှား ထိပ်တန်းစစ်ဘက်ထောက်လှမ်းရေးအဖွဲ့က အတည်ပြုခဲ့သည်ဟု ယူကရိန်းဗိုလ်မှူးချုပ်ကျားရီလိုဘူဒါနော့်ဗ်က ပြောသည်။

 

Javelin ဂျာဗီလင်တင့်ဖျက်ဒုံးကျည်စနစ်ကို ရုရှားတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်ရာတွင်လည်း အသုံးပြုခဲ့ဖူးကြောင်း၊ ယင်းဒုံးကျည်မှာ ရုရှားတပ်များအနေဖြင့် တိုက်ပွဲမဝင်မီ အထူးအလေးထားစဉ်းစားရသည်အထိပြုလုပ်ပေးနိုင် သော ထင်ရှားသည့် စိတ်ပိုင်းဆိုင်ရာအဟန့်အတားတန်ဖိုးရှိကြောင်း ဘူဒါနော့်ဗ်ကပြောသည်။

 

Javelin ဂျာဗီလင်ဒုံးကျည်သည် အလွန်အစွမ်းထက်သော လူနှင့်သယ်ဆောင်ပစ်ခတ်နိုင်သည့် ပဲ့ထိန်းတင့်ဖျက် ဒုံးကျည်ဖြစ်ပြီး ပစ်မှတ်ကိုတိုက်ရိုက်ပစ်ခတ်ခြင်းသော်လည်းကောင်း မမျှော်လင့်သောလမ်းကြောင်းမှ စစ်ကစား ခြင်းဖြစ်လည်းကောင်း ပစ်ခတ်နိုင်သည်။

 

Javelin ဂျာဗီလင်ဒုံးကျည်သည် ထိပ်ပိုင်းတွင် သံချပ်ကာအကာအကွယ်အကန့်အသတ်ရှိနေသော တင့်ကား များနှင့် သံချပ်ကာကားများကိုပစ်ခတ်ရာတွင် အလွန်ထိရောက်သောလက်နက်ဖြစ်ပြီး အနိမ့်ပျံရဟတ်ယာဉ်များ ကိုလည်း ပစ်ခတ်နိုင်စွမ်းရှိသည်။

 

Javelin ဂျာဗီလင်ဒုံးကျည်သည် အကွာအဝေး သုံးမိုင်နီးပါးတွင်ရှိသော ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်းရှိကြောင်း လည်းသိရသည်။

 

Javelin ဂျာဗီလင်တင့်ဖျက်ဒုံးကျည်များကို မကြာသေးခင်နှစ်များအတွင်းက ယူကရိန်းနိုင်ငံက ရရှိခဲ့ခြင်းဖြစ်ပြီး အနာဂတ်ကာလတွင် ရုရှားနိုင်ငံနှင့်ဖြစ်ပွားမည့် တိုက်ပွဲများတွင် နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သည့် လက် နက်ဖြစ်ကြောင်း ပြောဆိုကြသည်။

 

ယူကရိန်းတပ်ဖွဲ့ဝင်များ မိမိကိုယ်မိမိကာကွယ်ရန် ရုရှားတင့်ကားများကို တိုက်ခိုက်ခြင်းအပါအဝင် နိုင်ငံအတွင်း မည်သည့်အဖွဲ့နှင့် ထိတေ့ွသည်ဖြစ်စေ Javelin ဂျာဗီလင်တင့်ဖျက်ဒုံးကျည်များကိုသုံးစွဲရန် လွန်ခဲ့သည့်နှစ်ကယူ ကရိန်းအစိုးရသည် ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ခွင့်ပြုလိုက်သည်။

 

ယူကရိန်းကြည်းတပ်သည် FGM-148s ဟုလည်းသိထားကြသော အဆိုပါဒုံးကျည်ပထမအသုတ်ကို ၂၀၁၈ ခု နှစ်အတွင်းက လက်ခံရရှိခဲ့သည်။

 

Ref: Ukraine Confirms Firing US-Made ‘Javelin’ Missiles At Russia-Backed Troops

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Ukraine Confirms Firing US-Made ‘Javelin’ Missiles At Russia-Backed Troops

 

#PeopleMedia


Share this post