• Follow Us on

Home အမေရိကန်ထုတ် M141 ဘန်ကာဖျက်ပခုံးထမ်းလောင်ချာကို ယူကရိန်းတပ်ဖွဲ့ဝင်များ ကျွမ်းကျင်စွာပစ်ခတ်

အမေရိကန်ထုတ် M141 ဘန်ကာဖျက်ပခုံးထမ်းလောင်ချာကို ယူကရိန်းတပ်ဖွဲ့ဝင်များ ကျွမ်းကျင်စွာပစ်ခတ်

Share this post

နိုင်ငံတကာ၊ ဖေဖေါ်ဝါရီ ၁ (People Media)

 

အမေရိကန်ထုတ် M141 (SMAW-D) ဘန်ကာဖျက် ပခုံးထမ်းလောင်ချာကို ယူကရိန်းတပ်ဖွဲ့ဝင်များ ကျွမ်းကျင်  စွာ ပစ်ခတ်နိုင်ကြောင်း သိရသည်။

 

ပထမအသုတ်နည်းပြများမှာ အမေရိကန်ထုတ် M141 ဘန်ကာဖျက်ပခုံးထမ်းလောင်ချာကို ကျွမ်း ကျင်စွာပစ်  ခတ်တ်ခဲ့သည့် ယူကရိန်းတပ်ဖွဲ့ဝင်များကြားတွင် ဝင်ရောက်သင်ကြားပေးခဲ့သည်။

 

အမှတ် ၁၈၄ အမျိုးသားကြည်းတပ်အကယ်ဒမီလေ့ကျင့်ရေးသင်တန်းကျောင်း (184th Training Center of the National Ground Forces Academy) ဥပစာနယ်မြေအတွင်း ယူကရိန်းနည်းပြများက လတ်တလော လွှဲပြောင်းပေးထားသည့် M141 ပခုံးထမ်းလောင်ချာများကို အသုံးပြုခဲ့ကြသည်။

 

ယခုသီတင်းပတ်ကုန်တွင် ပထမဦးဆုံးကျွမ်းကျင်အုပ်စုမှာ သင်တန်းပြီးဆုံးပြီးနောက် အမျိုးသားကြည်းတပ် အကယ်ဒမီ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် လုံခြုံရေးတပ်ဖွ့ဲ နိုင်ငံတကာစင်တာတွင်ရှိသော စက်ပစ်ကွင်းတွင် လေ့ကျင့်ပစ်ခတ်ခဲ့ကြသည်။ လက်နက်ပစ်ခတ်မှုအတွက် သင်တန်းနှစ်ရက်သာတက်ရကြောင်းသိရသည်။

 

လာမည့်သီတင်းပတ်တွင် M141 ပခုံးထမ်းလောင်ချာပစ်ခတ်နည်းသင်တန်းတက်ရောက်ရန်အတွက် တပ်စခန်း  အသီးသီးမှ တပ်ဖွဲ့ဝင်သုံးဆယ်ခန့် အမှတ် ၁၈၄ အမျိုးသားကြည်းတပ်အကယ်ဒမီလေ့ကျင့်ရေးသင်တန်း ကျောင်းသို့ရောက်ရှိလာမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးမိုင်ကိုလာဟူဗန်းက ပြောသည်။

 

M141 (SMAW-D) ဘန်ကာဖျက်ပခုံးထမ်းလောင်ချာသည် မာကျောသောအဆောက်အအုံများကို ပစ်ခတ်ရန် ဒီ ဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် ကျည်တစ်တောင့်ချင်းထိုးပစ်ခတ်ရသည့် ပခုံးထမ်းလောင်ချာဖြစ်သည်။ ယင်း လက်နက်ထိပ်ဖူးမှာ ပေါက်ကွဲအားပြင်းထန်ပြီး ရည်ရွယ်ချက်နှစ်မျိုးအသုံးပြုနိုင်သည့်လက်နက်ဖြစ်သည်။ ပထမ တစ်မျိုးမှာ ကျောက်တုံးများ/ ကွန်ကရစ်များဖြင့်တည်ဆောက်ထားသည့် ဘန်ကာများကို ဖြိုခွင်းရန်ဖြစ်ပြီး ဒုတိ ယ ရည်ရွယ်ချက်မှာ အပေါ့စားသံချပ်ကာယာဉ်များကို ပစ်ခတ်ရန်ဖြစ်သည်။

 

လက်နက်ထိပ်ဖူးကို ပစ်မှတ်အပျော့နှင့် ပစ်မှတ်အမာ ခွဲခြားပြီး အသက်သွင်းနိုင်သည်။ သဲအိတ်များကဲ့သို့ ပစ် မှတ်အပျော့ကို ပစ်ခတ်လိုသည့်အခါ ကျည်ထိပ်ဖူးက ပစ်မှတ်အတွင်းသို့မရောက်မချင်း ပေါက်ကွဲမှုကို ကြန့် ကြာအောင်ပြုလုပ်ထားသည်။ ပစ်မှတ်အမာကို ပစ်ခတ်သောအခါ ပစ်မှတ်ကိုထိသည်နှင့်တစ်ပြိုင်နက် ပေါက် ကွဲသွားအောင်ပြုလုပ်ထားသည်။

 

အဆိုပါလက်နက်၏ကျည်ထိပ်ဖူးသည် ကွန်ကရစ် ၂၀၀ မီလီမီတာ၊ ကျောက်တုံး/ကျောက်ခဲ ၃၀၀ မီလီမီတာ၊ သဲအိတ် ၂.၁ မီတာတို့ကို ဖောက်ထွင်းနိုင်စွမ်းရှိသည်။

 

Ref: Ukrainian soldiers are mastering American M141 Bunker Defeat Munition grenade launchers

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Ukrainian soldiers are mastering American M141 Bunker Defeat Munition grenade launchers

 

#PeopleMedia


Share this post