• Follow Us on

Home အမေရိကန်ထံမှ ပက်ထရီယော့ဒုံးကျည်များထပ်မံဝယ်ယူရန် ထိုင်ဝမ်စီစဉ်နေ

အမေရိကန်ထံမှ ပက်ထရီယော့ဒုံးကျည်များထပ်မံဝယ်ယူရန် ထိုင်ဝမ်စီစဉ်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅ (People Media)

 

တရုတ်နိုင်ငံ၏ ဖိအားများမြင့်တက်နေသည့်ကြားမှ နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးလက်နက်စွမ်းရည်များ ကို မြှင့်တင်နိုင်ရေး အမေရိကန်ထံမှ ပက်ထရီယော့ III ဒုံးကျည်များထပ်မံဝယ်ယူရန် ထိုင်ဝမ် အမျိုးသားကာ ကွယ်ရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။

 

ပက်ထရီယော့ဒုံးကျည်များ ထပ်မံဝယ်ယူမည့်အစီအစဉ်မှာ ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၆ ခုနှစ်လောက်တွင်ဖြစ် နိုင်ကြောင်း Taiwan News သတင်းဌာနက ဖော်ပြခဲ့သည်။

 

ထပ်မံဝယ်ယူမည့် ပက်ထရီယော့ဒုံးကျည်အရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ထိုင်ဝမ်နိုင်ငံက ၂၀၁၁ ခုနှစ်မှ ၂၀၁၅၆ ခုနှစ်အတွင်း ဝယ်ယူထားသော အမေရိကန်ထုတ် ပက်ထရီယော့ ဒုံး ကျည် ခုနစ်စင်းကို နိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွင် ထပ်မံဖြည့်တင်းသွားမည်ဖြစ်ကြောင်း ထိုင် ဝမ်ကြည်းတပ်ကပြောသည်။

 

တစ်ပြိုင်တည်းမှာပင် နိုင်ငံပိုင် ပက်ထရီယော့ဒုံးကျည်များ နောက်ဆက်တွဲ ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် မ ကြာသေးမီကာလက ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနသည် ထိုင်ဝမ်နိုင်ငံရှိ အမေရိကန်အင်စတီ ကျုနှင့် လက်မှတ်ရေးထိုးခဲ့သည်။

 

ထိုင်ဝမ်နိုင်ငံတွင် ဒုံးကျည်များတပ်ဖြန့်ချထားပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်တည်ငြိမ်ရေး တိကျသေချာ အောင်ဆောင်ရွက်နိုင်ရန် ရေသီယွန်ကုမ္ပဏီကပေးပို့သွားမည့် ဒုံးကျည်ရောင်းဝယ်ရေးစာချုပ်မှာ ဒေါ်လာ ၇.၂၆ သန်းတန်စာချုပ်ဖြစ်သည်။

 

ဒုံးကျည်များစမ်းသပ်ပစ်ခတ်ရာတွင် နယူးမက္ကဆီကိုရှိ အမေရိကန်ကြည်းတပ်၏ White Sands Missile Range (သဲသောင်ဖြူ ဒုံးပစ်ကွင်း) သို့ ဒုံးကျည်များပေးပို့စမ်းသပ်မည့်အစား အနာဂတ်ကာလတွင် လက်နက်စနစ်များ ကို ပြည်တွင်း၌ပင် စမ်းသပ်ရန်ဖြစ်နိုင်ခြေကိုလေ့လာရေးအတွက် ပက်ထရီယော့ဒုံးကျည်များစမ်းသပ်ပစ်ခတ်မှု ကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  လွန်ခဲ့သည့်လက ကြေညာခဲ့သည်။

 

ရေသီယွန်ကုမ္ပဏီနှင့် လော့ဟိမာတင်ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်သော ပက်ထရီယော့ဒုံးကျည်သည် နည်းဗျူ ဟာပဲ့ထိန်းဒုံးကျည်များ၊ ခရုစ်ဒုံးကျည်များနှင့် ခေတ်မီရန်သူ့တိုက်လေယာဉ်များကို တန်ပြန်ပစ်ချနိုင်စွမ်းရှိသည့် တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်လက်နက်တစ်ခုဖြစ်သည်။

 

အဆိုပါလက်နက်စနစ်တွင် ဒုံးကျည်လမ်းညွှန်စနစ်မှတစ်ဆင့် ခြေရာခံစနစ်တပ်ဆင်ထားပြီး ပင်လယ်ရေမျက်နှာ ပြင်ထက်အမြင့် ၂၄ ကီလိုမီတာ (၁၄.၉ မိုင်) အမြင့်အထိ ပျံသန်းနိုင်ပြီး တာဝေး ကီလိုမီတာ ၇၀ (၄၃ မိုင်) အ ထိ ပျံသန်းနိုင်သည်။

 

Ref: Taiwan Seeks Additional Patriot Missiles from US

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Taiwan Seeks Additional Patriot Missiles from US

 

#PeopleMedia


Share this post