• Follow Us on

Home အမေရိကန်ထံမှ ၁ ဘီလီယံတန်ဖိုးရှိ ရေတပ်စက်သေနတ်များ အိန္ဒိယ၀ယ်ယူ


Share this post



Ref; www.indiatoday


(Unicode)
အမေရိကန်ထံမှ ၁ ဘီလီယံတန်ဖိုးရှိ ရေတပ်စက်သေနတ်များ အိန္ဒိယဝယ်ယူ
…………………………………………………………

အမေရိကန်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကော်ပရေးရှင်းအေဂျင်စီ(DSCA)က အိန္ဒိယကို လေတပ်သုံး 13 MK-45 5inch/62 calibre နဲ့အထက် စက်သေနတ်တွေရောင်းချပေးဖို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ ရေတပ်သုံးစက်သေနတ်တွေကို အိန္ဒိယက ဝယ်ယူဖို့ ကမ်းလှမ်း ထားခဲ့တာဖြစ်ပါတယ်။ အခုလို ဝယ်ယူဖို့ သဘောတူညီချက်မှာ လက်နက်ခဲယမ်း၊ အပိုပစ္စည်းများ၊ စက်လက် နက်အသုံးပြုလေ့ကျင့်သင်ကြားရေးနဲ့ သင်ထောက်ကူပစ္စည်းကစလို့ နည်းပညာအချက်အလက်နဲ့ သယ်ယူပို့ ဆောင်ရေးကိစ္စရပ်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။ စစ်လက်နက်ဝယ်ယူမှုစုစုပေါင်းကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁.၀၂၁၀ ဘီလီယံဖြစ်တယ်လို့ အမေရိကန်ဘက်က ထုတ်ပြန်ထားပါတယ်။

Ref; www.indiatoday

#PeopleMedia #International


Share this post