• Follow Us on

Home အေမရိကန္ဒုတိယသမၼတကို ေသာၾကာေန႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးမည္

အေမရိကန္ဒုတိယသမၼတကို ေသာၾကာေန႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးမည္

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ယခုေသာၾကာေန႔တြင္ ဒုတိယသမၼတ မိုက္ ပန္႔စ္ ကာကြယ္ေဆးထိုးမည္ဟု အိမ္ျဖဴေတာ္က ထုတ္ျပန္သည္။

လာမည့္တပတ္တြင္ ေ႐ြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္ကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးေပးမည္ဟုလည္း အာဏာလႊဲေျပာင္းေရးအရာ႐ွိမ်ားက ဗုဒၶဟူးေန႔တြင္ေျပာသည္။

လာမည့္ႏွစ္တြင္ လူအမ်ားအျပားကိုထိုးေပးမည့္ကာကြယ္ေဆးမ်ား ေဘးကင္းေၾကာင္းယံုၾကည္မႈျမင့္တက္ ေစရန္ လူအမ်ားၾကားတြင္ သူတို႔ ၂ ေယာက္ကိုေဆးထိုးေပးမည္ျဖစ္သည္။ ပန္႔စ္၏ဇနီးသည္ ကာရင္ႏွင့္ ခြဲစိတ္ဆရာ၀န္အႀကီးအကဲ ဂ်ီ႐ုန္း အာဒမ္တို႔ကိုလည္း ေသာၾကာေန႔တြင္ထိုးေပးမည္။

ၿပီးခဲ့သည့္လမ်ားအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခဲ့သည့္သမၼတ ေဒၚနယ္ ထရမ့္ကို ကာကြယ္ေဆးထိုးေပး ရန္စီစဥ္ထားျခင္းမ႐ွိေခ်။

ယခုတပတ္တြင္ရသည့္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားကို ဆရာ၀န္မ်ား၊ သူနာျပဳမ်ား၊ မျဖစ္မေနလို အပ္သည့္ က်န္းမာေရး၀န္ထမ္းမ်ား၊ လူႀကီးေစာင့္ေရွာက္ေရးေဂဟာတြင္ေနသူမ်ားႏွင့္၀န္ထမ္းမ်ားႏွင့္ အေမရိကန္အစိုးရအရာ႐ွိအခ်ိဳ႕ကို ထိုးေပးမည္ျဖစ္သည္။

ယခုတပတ္အကုန္တြင္ ဖိုင္ဇာႏွင့္ဘိုင္ယြန္းတက္ခ္တို႔ပူးေပါင္းထုတ္လုပ္သည့္ကာကြယ္ေဆး ၂.၉ သန္းရရန္ အေမရိကန္အရာ႐ွိမ်ားက ရည္မွန္းေနၾကသည္။

Ref : Biden to get COVID-19 vaccine next week, Pence to receive it Friday

#PeopleMedia

(unicode)
အမေရိကန်ဒုတိယသမ္မတကို သောကြာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးမည်
……………………………………….

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ယခုသောကြာနေ့တွင် ဒုတိယသမ္မတ မိုက် ပန့်စ် ကာကွယ်ဆေးထိုးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သည်။

လာမည့်တပတ်တွင် ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးမည်ဟုလည်း အာဏာလွှဲပြောင်းရေးအရာရှိများက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

လာမည့်နှစ်တွင် လူအများအပြားကိုထိုးပေးမည့်ကာကွယ်ဆေးများ ဘေးကင်းကြောင်းယုံကြည်မှုမြင့်တက် စေရန် လူအများကြားတွင် သူတို့ ၂ ယောက်ကိုဆေးထိုးပေးမည်ဖြစ်သည်။ ပန့်စ်၏ဇနီးသည် ကာရင်နှင့် ခွဲစိတ်ဆရာဝန်အကြီးအကဲ ဂျီရုန်း အာဒမ်တို့ကိုလည်း သောကြာနေ့တွင်ထိုးပေးမည်။

ပြီးခဲ့သည့်လများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့သည့်သမ္မတ ဒေါ်နယ် ထရမ့်ကို ကာကွယ်ဆေးထိုးပေး ရန်စီစဉ်ထားခြင်းမရှိချေ။

ယခုတပတ်တွင်ရသည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို ဆရာဝန်များ၊ သူနာပြုများ၊ မဖြစ်မနေလို အပ်သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူကြီးစောင့်ရှောက်ရေးဂေဟာတွင်နေသူများနှင့်ဝန်ထမ်းများနှင့် အမေရိကန်အစိုးရအရာရှိအချို့ကို ထိုးပေးမည်ဖြစ်သည်။

ယခုတပတ်အကုန်တွင် ဖိုင်ဇာနှင့်ဘိုင်ယွန်းတက်ခ်တို့ပူးပေါင်းထုတ်လုပ်သည့်ကာကွယ်ဆေး ၂.၉ သန်းရရန် အမေရိကန်အရာရှိများက ရည်မှန်းနေကြသည်။

Ref : Biden to get COVID-19 vaccine next week, Pence to receive it Friday

#PeopleMedia


Share this post