• Follow Us on

Home အမေရိကန်ဒရုန်း အသေခံဗုံးခွဲကားကို တိုက်ခိုက်

အမေရိကန်ဒရုန်း အသေခံဗုံးခွဲကားကို တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀ (People Media)

 

ကဘူးလေဆိပ်သို့ ဦးတည်ထွက်ခွာလာသည့် အိုင်အက်စ်အသေခံဗုံးခွဲသမားများသယ်ဆောင်လာသော ယာဉ် တစ်စီးအား အမေရိကန်ဒရုန်းတစ်စီးက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက သြဂုတ်လ ၂၉ ရက်နေ့ကပြောသည်။

 

“ဒရုန်းပစ်ခတ်တိုက်ခိုက်မှုမှာ အရပ်သားတွေကိုထိခိုက်မှုမရှိပါဘူး။ ကျွန်တော်တို့လိုချင်တဲပစ်မှတ်ကို တိုက်ရိုက် ထိမှန်ခဲ့ပါတယ်” ဟု အမေရိကန်ရေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီးဘီလ်အာဘန်ကပြောသည်။

 

အမေရိကန်ဒရုန်းသည် လေဆိပ်အနီးဒေသခံများနေထိုင်သည့်အိမ်ရာတစ်ခုတွင် ပါကင်ထိုးထားသော ကားနှစ် စီးကိုတိုက်ခိုက်ခဲ့ရာ အရပ်သားလေးငါးဦးသေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း အမည်မဖော်လိုသည့်အာဖဂန်လူမျိုးတစ် ဦးကပြောသည်။ သို့သော် လေဆိပ်အနီးအိမ်ရာသို့ အစောပိုင်းက ဒုံးကျည်တစ်စင်းကျရောက်ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း အာဖဂန်အရာရှိများကပြောသည်။

 

အဆိုပါဒရုန်းတိုက်ခိုက်မှုမှာ အိုင်အက်စ်အဖွဲ့အား ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုဖြစ်သည်။ လူပေါင်း ၁၈၀ ကျော်သေဆုံးခဲ့သည့် အိုင်အက်စ်အဖွဲ့၏အသေခံဗုံးခွဲတိုက်ခိုက်မှုအပြီး ဗြိတိန်နိုင်ငံက ၎င်းတို့၏ဘေးကင်းလုံခြုံ ရာရွှေ့ပြောင်းရေးအစီအစဉ်ကိုအဆုံးသတ်လိုက်ချိန်တွင် တာလီဘန်များသည် လေဆိပ်ဝန်းကျင် တစ်ဝိုက်လုံခြုံ ရေးတိုးမြှင့်ချထားခဲ့သည်။

 

သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်တပ်ဖွဲ့များပြန်လည်ရုပ်သိမ်းရေးအစီအစဉ်ကို သြဂုတ်လ ၃၁ ရက်နေ့နောက် ဆုံးရက်အဖြစ်သတ်မှတ်ထားရာ သြဂုတ်လ ၂၉ ရက်နေ့တွင် အမေရိကန်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး များမှာ ဘေးကင်းလုံခြုံရာသို့သယ်ယူပို့ဆောင်ရေးအစီအစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

တာလီဘန်များအနေဖြင့် အမေရိကန်တို့နောက်ဆုံးထွက်ခွာမည့်သတ်မှတ်ရက်နောက်ပိုင်းတွင်လည်း သာမန် ခရီးသွားပြည်သူများကို တိုင်းပြည်မှထွက်ခွာခွင့်ပြုမည်ဖြစ်ပြီး လေဆိပ်ကို တာလီဘန်များကထိန်းချုပ်ထားမည် ဖြစ်သည်ဟု တာလီဘန်များက အာမခံပြောကြားခဲ့ကြောင်း ပြောဆိုရင်း အမေရိကန်ပြည်ထောင်စု၊ နေတိုးနှင့် ဥရောပသမဂ္ဂနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၀၀ ဝန်းကျင်ကလက်မှတ်ရေးထိုးထားသည့်ကြေညာချက်တစ် စောင်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

 

အာဖဂန်ပြည်သူများမှာ တာလီဘန်များယခင်ကအုပ်ချုပ်ခဲ့သည့် ပြင်းထန်သောဖိနှိပ်အုပ်ချုပ်မှုမျိုးဖြင့် ပြန်လည် အုပ်ချုပ်မည် ကို စိုးရိမ်ပူပန်လျက်ရှိရာ နိုင်ငံတွင်းကျေးလက်အဆိုတော်တစ်ဦးအား သေနတ်ဖြင့်ပစ် သတ်ခဲ့ သည့်ဖြစ်စဉ်ကြောင့် စိုးရိမ်မှုများပိုမိုမြင့်တက်လျက်ရှိသည်။ အဆိုတော်အား တာလီဘန်များက ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုတော်၏မိသားစုကပြောသည်။

 

Ref: The Latest: US drone strike hits vehicle carrying IS bombers

 

#PeopleMedia

 

(unicode)


…………………………………………..

 


 


 


 


 


 


 


 


 

Ref: The Latest: US drone strike hits vehicle carrying IS bombers

 

#PeopleMedia


Share this post