• Follow Us on
Latest News

Home အမေရိကန်နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း၊ တရုတ်အထူးကိုယ်စားလှယ်တို့နှင့် န-စ-ကဥက္ကဋ္ဌ တွေ့ဆုံ

အမေရိကန်နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း၊ တရုတ်အထူးကိုယ်စားလှယ်တို့နှင့် န-စ-ကဥက္ကဋ္ဌ တွေ့ဆုံ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၆ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်း မစ္စတာ ဘီလ်ရစ်ချတ်ဆန်အဖွဲ့အားလည်ကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန် ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းအားလည်ကောင်း ယမန်နေ့တွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ သီးခြားတွေ့ဆုံခဲ့သည်။

 

န-စ-ကဥက္ကဋ္ဌနှင့် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ် ဆန်နှင့် တွေ့ဆုံရာတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အခြေ အနေ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍများတွင် ကူညီဆောင် ရွက်ပေးမည့်အခြေအနေများကို ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

ထိုနောက် န-စ-ကဥက္ကဋ္ဌနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာ အထူးကိုယ်စား လှယ် မစ္စတာစွန်းဂေါ်ရှန်းနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ၊  မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဆက်ဆံရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်နေမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia #နစက #Political

 

(unicode)

အမရေိကနျနယူးမက်ကဆီကိုပွညျနယျအုပျခြုပျရေးမှူးဟောငျး၊ တရုတျအထူးကိုယျစားလှယျတို့နှင့ျ န-စ-ကဥက်ကဋ်ဌ တှေ့ဆုံ

………………………………………………………………

 


 


 


 


 


 



Share this post