• Follow Us on

Home အမေရိကန်နိုင်ငံက အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်၍ ဆီးရီးယားနိုင်ငံရှိ စစ်သွေးကြွစခန်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

အမေရိကန်နိုင်ငံက အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်၍ ဆီးရီးယားနိုင်ငံရှိ စစ်သွေးကြွစခန်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆(PeopleMedia)

အမေရိကန်နိုင်ငံက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဆီးရီးယားနိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့ရာ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် ပထမဆုံးသော စစ်ရေးဆောင်ရွက်မှု ဖြစ်လာခဲ့သည်။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုသည့် စစ်သွေးကြွအုပ်စုများ အသုံးပြုသော အီရတ်နယ်စပ်အနီးရှိ စစ်ဘက်စခန်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်သည်။

အရပ်သားတစ်ဦး သေဆုံးပြီး အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးနှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိစေခဲ့ သည့် အီရတ်နိုင်ငံ၌ ယခုလအစောပိုင်း ဒုံးကျည်တိုက်ခိုက်မှုတစ်ခုကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ပင်တဂွန်က ပြောသည်။

အီရတ်နိုင်ငံမြောက်ပိုင်း၌ ဖေဖော်ဝါရီလ ၁၅ ရက်က ဒုံးကျည်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ရှီယာစစ်သွေးကြွ များ အသုံးပြုသော ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန် ကြီး ဖလွိုက်အော်စတင်က ပြောသည်။

အမေရိကန်နိုင်ငံ၏ စစ်ရေးဆောင်ရွက်ချက်က ညွန့်ပေါင်းအဖွဲ့ဝင် မိတ်ဖက်နိုင်ငံများနှင့် ဆွေးနွေးမှုများ အပါအဝင် သံတမန်အစီအမံများနှင့်အတူ သင့်တော်သော စစ်ရေးနည်းလမ်းတုံ့ပြန်မှုဖြစ်ကြောင်း ပင်တဂွန် ပြော ရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဟစ်ဇဘိုလာ၊ အယ်လ်ရှူဟာဒါ အပါအဝင် စစ် သွေးကြွအုပ်စုများ အသုံးပြုသော အီရန်နိုင်ငံက ပံ့ပိုးပေးထားသော စစ်သွေးကြွများအသုံးပြုသည့် စစ်ဘက်စခန်း များကို ဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောသည်။

ဟစ်ဇဘိုလာအဖွဲ့က ပြီးခဲ့သောနှစ်များအတွင်း အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အကျိုးစီးပွား များကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံက ပြစ်တင်စွပ်စွဲခဲ့သည်။

သို့သော်လည်း အမေရိကန်နိုင်ငံ၏ တိုက်ခိုက်မှုက အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ် ကြောင်း Notre Dame ဥပဒေတက္ကသိုလ်မှ ပါမောက္ခ မာရီအိုကော်နယ်က ဝေဖန်ခဲ့သည်။

–ကိုးကား–

ယူရိုနယူးစ်

Ref; US launches airstrike in Syria in Biden administration’s first military action

(unicode)

Ref; US launches airstrike in Syria in Biden administration’s first military action


Share this post