• Follow Us on

Home အမေရိကန်နိုင်ငံက မြန်မာ့တပ်မတော်၏ အာဏာလွှဲပြောင်းယူမှုကို အာဏာသိမ်းမှုအဖြစ် သတ်မှတ်

အမေရိကန်နိုင်ငံက မြန်မာ့တပ်မတော်၏ အာဏာလွှဲပြောင်းယူမှုကို အာဏာသိမ်းမှုအဖြစ် သတ်မှတ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မြန်မာ့တပ်မတော်၏ အာဏာလွှဲပြောင်းယူမှုကို အာဏာသိမ်းမှုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ရာ ပေးအပ် နေသည့် ပြည်ပအကူအညီများအပေါ် ကန့်သတ်ချက်များ ပြန်လည်ပြုလုပ်ရန် သုံးသပ်မည်ဟု အမေရိ ကန်အစိုးရက ပြောသည်။
“အချက်အလက်တွေ၊ အခြေအနေတွေကို အသေအချာ ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးတဲ့နောက်မှာ ဒေါ် အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရတယ်လို့ ကျွန် တော်တို့ သတ်မှတ်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
တပ်မတော်က အာဏာသိမ်းမှုကြောင့် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသို့ပေးအပ်နေသည့် ပြည်ပအကူ အညီများကို ကန့်သတ်ချက်များ ပြုလုပ်တော့မည်ဖြစ်သည်။
အမေရိကန်နိုင်ငံက ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ အကူအညီအဖြစ် ဒေါ်လာ ၁၃၅ သန်း နီးပါး ထောက်ပံ့ခဲ့ပြီး အနည်းငယ်သောပမာဏက အစိုးရထံသို့ ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက ဆိုသည်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအတွက် အကူအညီအစီအစဉ်များ ပြန်လည်သုံးသပ်မှု ပြုလုပ်မည်ဖြစ်ပြီး လူ သားချင်းစာနာထောက်ထားမှု အကူအညီများ အပါအဝင် ပြည်သူများကို တိုက်ရိုက်အကျိုးဖြစ်ထွန်းသည့် အစီ အစဉ်များ ဆက်လက်ပေးအပ်မည်ဟု ဆိုသည်။
မြန်မာ့တပ်မတော်က အာဏာသိမ်းကာ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရခေါင်းဆောင်များကို ထိန်းသိမ်း ပြီးနောက် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်နိုင်ဖွယ်ရှိဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြော သည်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို တန်ဖိုးထားသည့် အမေရိကန်နိုင်ငံ၏ရပ်တည်ချက် ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းနေသည့် သမ္မတ ဂျိုးဘိုင်ဒင်အတွက် မြန်မာနိုင်ငံ၏အခြေအနေက သံတမန်ရေးအရ စမ်းသပ်ချက် တစ်ခု ဖြစ်သည်။
ကိုးကား – ကျိုဒိုနယူးစ်
Ref; U.S. determines Myanmar military takeover a coup, to review aid
#PeopleMedia
(unicode)
……………………………………………..
Ref; U.S. determines Myanmar military takeover a coup, to review aid

Share this post