• Follow Us on
Latest News

Home အေမရိကန္နိုင္ငံတြင္ ကိုဗစ္-၁၉ ကူးစက္လူနာ ေလးသန္းေက်ာ္ ရွိလာၿပီ

အေမရိကန္နိုင္ငံတြင္ ကိုဗစ္-၁၉ ကူးစက္လူနာ ေလးသန္းေက်ာ္ ရွိလာၿပီ

Share this post

နိုင္ငံတကာ၊ ဇူလိုင္ ၂၄

အေမရိကန္ျပည္ေထာင္စုတြင္ ကိုဗစ္-၁၉ ကူးစက္ခံရသူေပါင္း ၄သန္း‌ေက်ာ္အထိ ေရာက္ရွိလာၿပီျဖစ္သည္။

ဇူလိုင္လ ၂၂ရက္ေန႕တြင္ အေမရိကန္ျပည္ေထာင္စု၌ ကိုဗစ္-၁၉ ကူးစက္မႈသစ္ ၇၂၀၀၀အထိရွိေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္၏ ကိန္းဂဏန္မ်ားအရ သိရွိရသည္။

ဇူလိုင္၂၃ရက္ေန႕အတြင္း အေမရိကန္နိုင္ငံ၌ ေရာဂါကူးစက္ခံရသူေပါင္း ၄၇၀၀၀ နီးပါးသို႔ ေရာက္ရွိခဲ့ သည္ဟု ဆိုသည္။

ဧၿပီလ၂၈ရက္ေန႕တြင္ ေရာဂါျဖစ္ပြားမႈအေရအတြက္မွာ တစ္သန္း ျပည့္ေျမာက္ခဲ့ သည္။

ဇြန္လ ၁၀ရက္ေန႕တြင္ ကူးစက္ခံရသူ ႏွစ္သန္းအထိ တိုးလာခဲ့ၿပီးေနာက္ ဇူလိုင္လ ၈ရက္ေန႕အေရာက္ တြင္ သုံးသန္းေက်ာ္အထိ ေရာက္ရွိခဲ့သည္။ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄ သန္းျပည့္ရန္ အခ်ိန္ ႏွစ္ပတ္မွ် သာ ၾကာျမင့္ခဲ့သည္။

ဗုဒၶဟူးေန႕အတြင္း လူ ၁၂၀၀ ဦး ထပ္မံေသဆုံးခဲ့ရာ လူ ၁၀၀၀ ေက်ာ္ ႏွစ္ရက္ဆက္တိုက္ ေသဆုံးမႈျဖစ္ လာခဲ့သည္။
တကၠဆက္ျပည္နယ္တြင္ ေသဆုံးသူ ၂၀၀ခန႔္ရွိၿပီး ကယ္လီဖိုးနီးယားျပည္နယ္တြင္ ေသဆုံးသူေပါင္း ၁၅၀ခန႔္ ရွိၿပီျဖစ္သည္။

တကၠဆက္ျပည္နယ္တြင္ လူေပါင္း ၁၀၀၀၀ေက်ာ္မွာ ေဆး႐ုံမ်ားတြင္ တက္ေရာက္ကုသလ်က္ရွိသည္။ ေဆး႐ုံမ်ား၏အေျခအေနက စစ္ေျမပင္ႏွင့္အေျခအေနတူေနေၾကာင္း ေဒသႏၲရမီဒီယာမ်ားက ေဖာ္ျပေန ၾကသည္။

စီးပြားေရးလုပ္ငန္းမ်ားျပန္လည္ဖြင့္လွစ္ရန္ကို ျပည္နယ္အေတာ္မ်ားမ်ားတြင္ ဆိုင္းငံ့ထားလ်က္ရွိသည္။ ျပည္သူ အခ်ိဳ႕က ခပ္ခြာခြာေနရန္စည္းမ်ဥ္းႏွင့္ မ်က္ႏွာဖုံးမ်ားစြပ္ရန္ ျငင္းဆန္လ်က္ရွိသည္။

ကိုးကား – အန္အိတ္ခ်္ေက

Ref; US coronavirus cases top 4 million

[Unicode]
အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်လူနာ လေးသန်းကျော် ရှိလာပြီ
…………………………………………………………………..

နိုင်ငံတကာ၊ ဇူလိုင် ၂၄

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၄သန်း‌ကျော်အထိ ရောက်ရှိလာပြီဖြစ်သည်။

ဇူလိုင်လ ၂၂ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ကူးစက်မှုသစ် ၇၂၀၀၀အထိရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်များအရ သိရှိရသည်။

ဇူလိုင်၂၃ရက်နေ့အတွင်း အမေရိကန်နိုင်ငံ၌ ရောဂါကူးစက်ခံရသူပေါင်း ၄၇၀၀၀ နီးပါးသို့ ရောက်ရှိခဲ့ သည်ဟု ဆိုသည်။

ဧပြီလ၂၈ရက်နေ့တွင် ရောဂါဖြစ်ပွားမှုအရေအတွက်မှာ တစ်သန်း ပြည့်မြောက်ခဲ့ သည်။

ဇွန်လ ၁၀ရက်နေ့တွင် ကူးစက်ခံရသူ နှစ်သန်းအထိ တိုးလာခဲ့ပြီးနောက် ဇူလိုင်လ ၈ရက်နေ့အရောက် တွင် သုံးသန်းကျော်အထိ ရောက်ရှိခဲ့သည်။ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ သန်းပြည့်ရန် အချိန် နှစ်ပတ်မျှ သာ ကြာမြင့်ခဲ့သည်။

ဗုဒ္ဓဟူးနေ့အတွင်း လူ ၁၂၀၀ ဦး ထပ်မံသေဆုံးခဲ့ရာ လူ ၁၀၀၀ ကျော် နှစ်ရက်ဆက်တိုက် သေဆုံးမှုဖြစ် လာခဲ့သည်။
တက္ကဆက်ပြည်နယ်တွင် သေဆုံးသူ ၂၀၀ခန့်ရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင် သေဆုံးသူပေါင်း ၁၅၀ခန့် ရှိပြီဖြစ်သည်။

တက္ကဆက်ပြည်နယ်တွင် လူပေါင်း ၁၀၀၀၀ကျော်မှာ ဆေးရုံများတွင် တက်ရောက်ကုသလျက်ရှိသည်။ ဆေးရုံများ၏အခြေအနေက စစ်မြေပင်နှင့်အခြေအနေတူနေကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြနေ ကြသည်။

စီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်ရန်ကို ပြည်နယ်အတော်များများတွင် ဆိုင်းငံ့ထားလျက်ရှိသည်။ ပြည်သူ အချို့က ခပ်ခွာခွာနေရန်စည်းမျဉ်းနှင့် မျက်နှာဖုံးများစွပ်ရန် ငြင်းဆန်လျက်ရှိသည်။

ကိုးကား – အန်အိတ်ချ်ကေ

Ref; US coronavirus cases top 4 million


Share this post