• Follow Us on

Home အမေရိကန်နိုင်ငံမှ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် အစင်း ၅၀ နှင့် ဒရုန်းများ ယူအေအီးနိုင်ငံ ဝယ်ယူ

အမေရိကန်နိုင်ငံမှ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် အစင်း ၅၀ နှင့် ဒရုန်းများ ယူအေအီးနိုင်ငံ ဝယ်ယူ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အာရပ်စော်ဘွားများပြည်ထောင်စုက အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် အစင်း ၅၀ နှင့် လက်နက်တပ်ဆင်ထား သော မောင်းသူမဲ့လေယာဉ် ၁၈ စင်း ဝယ်ယူမည့် သဘောတူညီချက်တစ်ရပ်ကို အမေရိကန်နိုင်ငံနှင့် လက်မှတ် ရေးထိုးလိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယူအေအီးနှင့် အမေရိကန်နိုင်ငံတို့က သမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း စာချုပ်များကို ပြန်လည်စစ်ဆေးမည်ဟု သမ္မတသစ် ဂျိုးဘိုင်ဒင်က ဆိုသည်။

ယူအေအီးနိုင်ငံသို့ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များ ရောင်းချလိုကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်း အိမ်ဖြူတော်က ကွန်ဂရက်သို့ အကြောင်းကြားခဲ့သည်။

နောက်ဆက်တွဲသတင်းများအနေဖြင့် အမေရိကန်နိုင်ငံက ယူအေအီးနိုင်ငံသို့ ခေတ်မီဒရုန်း ၁၈ စင်း ရောင်း ချရန် စီစဉ်နေကြောင်း သိရသည်။ ပြည်ပသို့ စစ်လက်နက်များရောင်းချမှုကို ပိတ်ပင်သည့်အဆိုများကို အမေရိ ကန် အထက်လွှတ်တော်က မကြာသေးမီက ကန့်ကွက်ခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ အပါအဝင် အမေရိကန် လွှတ်တော်အမတ်များက ယူအေအီးနိုင်ငံသို့ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ်များ ရောင်းချမှုနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက ယူအေအီးနိုင်ငံသို့ ခေတ်မီစစ်လက်နက်များရောင်းချမှုကို ကန့်ကွက်မည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်တို့က ကြေညာခဲ့သည်။

Ref; UAE signs agreement to purchase F-35s from US

#PeopleMedia

(unicode)
………………………………………..








Ref; UAE signs agreement to purchase F-35s from US

#PeopleMedia


Share this post