• Follow Us on

Home အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာအရေးနှင့်ပတ်သက်၍ ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ မြန်မာအရေးနှင့်ပတ်သက်၍ ဆွေးနွေး

Share this post

အောက်တိုဘာ ၁၅၊ ၂၀၂၁ (People Media)

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်နှင့် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာ ဝမ်ယူဆွဖ်တို့သည် အောက်တိုဘာ ၁၅ ရက်နေ့တွင် မြန်မာအရေးနှင့်ပတ်သက်၍ ဆွေးနွေခဲ့ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်သည်။

 

အဆိုပါကဲ့သို့ဆွေးနွေးရာတွင် လက်ရှိအာဆီယံဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အနေနဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ကြိုးစားအားထုတ်မှုကို အသိ အမှတ်ပြုကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု၊ ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းနဲ့ ပတ် သက်ပြီး စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားကြပြီး မြန်မာစစ်အာဏာရှင်အနေနဲ့ အကြမ်းဖက်မှုတွေရပ် တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ ပါတီစုံဒီမိုကရေစီနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်ဖော်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်းတွေကို အထူးအလေးပေးဆွေးနွေး ခဲ့ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

အာဆီယံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံမှုပါဝင်တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ မြန်မာနိုင်ငံခရီးစဉ်အကောင်အထည်ဖော်ရေး အတွက် မြန်မာစစ်အာဏာရှင်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့အတွက်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဂျေဘလင်ကန်နှင့် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ်တို့ကြား ဆွေး နွေးခဲ့ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

Photo – မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post